စီဘူးမြို့

From Wikipedia, the free encyclopedia

စီဘူးမြို့
Remove ads

စီဘူးမြို့သည် ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယမြို့တော်လည်း ဖြစ်သည်။ ဒုတိယမြောက် အထင်ရှားဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်ပြီး နိုင်ငံအတွင်း စပိန်တို့ အခြေချ နေထိုင်စဉ်ကတည်းက တည်ရှိခဲ့သော ရှေးအကျဆုံးသော မြို့ ဖြစ်သည်။

Thumb
စီဘူးမြို့ မြင်ကွင်း

စီဘူးမြို့တော်သည် စီဘူးပြည်နယ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး စပိန်တို့ ဖိလစ်ပိုင်တွင် ပထမဆုံး တည်ထောင်သော မြို့တော် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်း ရေကြောင်း ကုန်စည်ပို့ဆောင်ရာ အဓိက ဆိပ်ကမ်းမြို့ ဖြစ်ပြီး နိုင်ငံအတွင်းရှိ သင်္ဘော ကုန်ပို့ဆောင်ရေး ကုမ္ပဏီများ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိသည်။ ဖိလစ်ပိုင်တွင် ဒုတိယမြောက် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းရာ မြို့ဖြစ်ပြီး ဗီဆာရာ နှင့် မင်ဒါနိုဒေသ များအတွင်းတွင် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်း ဆိုင်ရာ အချက်အချာ ကျသော မြို့တစ်မြို့ ဖြစ်သည်။


စီဘူးမြို့သည် မက်ထရို စီဘူးဟု ခေါ်သော မက်ထရိုပိုလစ်တန် ဒေသ၏ အလယ်ဗဟိုတွင် ရှိပြီး ထိုမက်ထရိုပိုလစ်တန် ဒေသ အတွင်းတွင် ကာကာမြို့၊ ဒါနိုမြို့၊ လာပူးလာပူးမြို့၊ မန်ဒါအူးမြို့၊ နာဂါမြို့ နှင့် တာလီဆေးမြို့တို့ ပါဝင်သည်။ မက်ထရို စီဘူးတွင် လူဦးရေ ၂ သန်းခန့် ရှိသည်။ မက်တန် စီဘူး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လာပူး လာပူးမြို့တွင် တည်ရှိပြီး စီဘူးမြို့မှ မိနစ်နှစ်ဆယ်ခန့် ကားဖြင့် သွားရသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads