စီမံကိန်းရေးဆွဲရေးဦးစီးဌာန

From Wikipedia, the free encyclopedia

Remove ads

စီမံကိန်းရေးဆွဲရေးဦးစီးဌာနသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် ဌာနဖွဲ့စည်းပုံအရ ဒေသဆိုင်ရာဦးစီးဌာနရုံးများကို ပြည်နယ်နှင့် တိုင်းဦးစီးဌာနရုံးပေါင်း (၁၇)ရုံး၊ ခရိုင်ဦးစီးဌာနရုံးပေါင်း (၆၇)ရုံးနှင့် မြို့နယ်ဦးစီး ဌာနရုံး ပေါင်း(၃၂၆)ရုံး၊ စုစုပေါင်းဝန်ထမ်း အင်အား (၂၅၄၉) ဦးဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။[]

Remove ads

သမိုင်းကြောင်း

၁၉၈၉ ခုနှစ်၊ ဇွန်လအထိ ကာလအတွင်း စီမံကိန်းရေးဆွဲရေးဦးစီး ဌာနအောက်ရှိ ဒေသဆိုင်ရာရုံးများကို ပြည်နယ်နှင့်တိုင်းအဆင့် ရုံးပေါင်း (၁၄) ရုံးနှင့် မြို.နယ်အဆင့် ရုံးပေါင်း (၂၃၈)ရုံး တို့ ဖွဲ့စည်းဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်ပိုင်းတွင် ပြောင်းလဲကျင့်သုံးလာသည့် စီးပွားရေးမူဝါဒများအရ မြို့နယ်ရုံးများကို ပေါင်းစည်း၍ ခရိုင်ရုံးများအဖြစ် ပြန်လည် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဌာနလုပ်ငန်းများကို ဗဟိုအဆင့်၊ ပြည်နယ်နှင့် တိုင်းအဆင့် နှင့် ခရိုင်အဆင့်ဟူ၍ အဆင့်(၃)ဆင့် ခွဲခြားသတ်မှတ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည့် ဌာနဖွဲ့စည်းပုံအသစ်အရ မြို့နယ်အဆင့် ဦးစီးဌာနရုံးများကို ပြန်လည်ဖွဲ့စည်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ မြို့နယ်အဆင့် ဦးစီးဌာ ရုံးများကို ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်၏ စီးပွားရေးအခြေအနေမှန်များကို စိစစ်သုံးသပ်ခြင်းဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို အောက်ခြေအဆင့်မှစ၍ ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။[]

Remove ads

ရည်မှန်းချက်များ

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

  • ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းရေးဆွဲရာတွင် လိုအပ်သည့် ကိန်းဂဏန်း စာရင်းဇယားများ ပြည့်စုံ တိကျ မှန်ကန်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်၊
  • SNA 2008 စနစ်သို့ ပြောင်းလဲတွက်ချက်ရေးကို ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ် အဆင့်အထိ အဆင့်ဆင့် သင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ရန်၊
  • ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုကို တစ်နှစ်အတွင်း ၂% လျော့ကျ စေရေး အတွက် ဗဟိုနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ၏ လုပ်ဆောင်ချက် များကို ညှိနှိုင်းရန်၊
  • UNDP နှင့် ပူးပေါင်း၍ ဆောင်ရွက်ပြီးစီးသည့် IHLCA စစ်တမ်းရလဒ်များ၊ UNICEF နှင့် ပူးပေါင်း၍ ဆောင်ရွက်ပြီးစီးသည့် MICS စစ်တမ်း ရလဒ် များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအား သွားရောက်၍ ဆွေးနွေးပွဲများ ကျင်းပရန်၊
  • MICS 2013 (Multiple Indicator Cluster Survey) စစ်တမ်းကောက်ယူ ရေး ဆက်လက်ဆောင်ရွက်ရန်၊
  • လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။
Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads