စုန္ဒီသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ ဒုတိယသုတ်။
ဘုရားရှင်သည် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အခြံအရံအမျိုးသမီး ငါးရာနှင့်အတူ ရထားငါးရာစီး၍ စုန္ဒီမင်းသမီး ရောက်ရှိလာပြီးလျှင် မောင်တော်စုန္ဒမင်းသားနှင့် ဆွေးနွေးခဲ့သော သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို မေးလျှောက်သဖြင့် အပါယ်လေးပါးသို့ မကျ မရောက် သုဂတိဘဝသို့ရောက်စေနိုင်သော သရဏဂုမ်သုံးပါးနှင့် ငါးပါးသီလ အမျိုးအစားများကို ရှင်းလင်းဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ အရိယကန္တသီလသည် မဂ္ဂဖလသီလ ဖြစ်ကြောင်း ဖွင့်ပြထားပါသည်။ [၂]
စုန္ဒီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် စုန္ဒီမင်းသမီးအား တရား ဟောကြားတော်မူခဲ့သည်။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads