စူဠနိဒ္ဒေသ
From Wikipedia, the free encyclopedia
Remove ads
စူဠနိဒ္ဒေသပါဠိတော်သည် "စူဠ" (ငယ်သော၊ အသေးစား) နှင့် "နိဒ္ဒေသ" (ညွှန်ပြချက်၊ ရှင်းလင်းချက်) ဟူသော ပါဠိစကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး "အငယ်စား ရှင်းလင်းညွှန်ပြချက်ကျမ်း" ဟု အဓိပ္ပာယ်ရပါသည်။ ဤကျမ်းသည် ပိဋကတ်သုံးပုံတွင် သုတ္တန်ပိဋက၌ ပါဝင်ပြီး၊ နိကာယ်ငါးရပ်တွင် ခုဒ္ဒကနိကာယ်၌ အကျုံးဝင်သော ကျမ်းတစ်စောင် ဖြစ်သည်။
- ကျမ်းပြုစုသူ: စူဠနိဒ္ဒေသပါဠိတော်ကို ဓမ္မသေနာပတိဟု တင်စားအပ်သော အရှင်သာရိပုတ္တရာမထေရ်မြတ် က ဟောကြားတော်မူသည်ဟု အစဉ်အဆက် လက်ခံထားကြပါသည်။
- ရည်ရွယ်ချက်: ဤကျမ်းသည် သုတ္တနိပါတ်ပါဠိတော်တွင် လာရှိသော ပါရာယနဝဂ် နှင့် ခဂ္ဂဝိသာဏသုတ် တို့၏ အနက်အဓိပ္ပာယ်ကို အကျယ်တဝင့် ခွဲခြားဝေဖန်၍ ရှင်းလင်းတင်ပြရန် ရည်ရွယ်ပြုစုထားခြင်း ဖြစ်သည်။
- ပိဋက: သုတ္တန်ပိဋက
- နိကာယ်: ခုဒ္ဒကနိကာယ်
- အင်္ဂါ ၉ တန်: အရှင်မဟာဗုဒ္ဓဃောသထေရ်နှင့် အရှင်ဓမ္မပါလထေရ်တို့က ဤကျမ်းကို "သုတ္တ" အင်္ဂါ၌ သွင်းယူကြသည်။ သို့သော် မဟာနိဒ္ဒေသအဋ္ဌကထာနှင့် စူဠနိဒ္ဒေသအဋ္ဌကထာတို့ကို ပြုစုသော အရှင်ဥပသေနထေရ်ကမူ "ဂါထာ" နှင့် "ဝေယျာကရဏ" အင်္ဂါနှစ်ပါး၌ သွင်းယူထားပါသည်။[၁]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads