စေတနာကရဏီယသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သီလနှင့်ပြည့်စုံသော ရဟန်း၏ အဝိပ္ပဋိသာရမှ ဝိမုတ္တိဉာဏ ဒဿနတိုင်အောင် ရရှိခံစားနိုင်သော အကျိုးတရား (၁၀)ပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

(စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံသော ရဟန်းသည် “ငါ့အား အဝိပ္ပဋိသာရနှလုံးသာရွှင်မှု ဖြစ်ပါစေ”ဟု အားထုတ်၍ ပြုလုပ်စရာမလို၊ (စတုပါရိသုဒ္ဓိ) သီလရှိသောရဟန်းအား အဝိပ္ပဋိသာရဖြစ်ခြင်းသည် ဖြစ်ပေါ်လာမြဲဖြစ်သည့် ဓမ္မတာသဘာဝပေတည်း။ ထို့အတူ အဝိပ္ပဋိသာရ ဖြစ်ပေါ်လာပြီးသောရဟန်းအား ဝမ်းမြောက်မှု “ပါမောဇ္ဇ”၊ နှစ်သက်(ကျေနပ်)မှု ပီတိ၊ နာမကာယ, ရူပကာယ၏ ငြိမ်းအေးမှု “ပဿဒ္ဓိ”၊ ကာယိကသုခဝေဒနာ, စေတသိကသုခဝေဒနာကို ခံစားရမှု၊ စိတ်တည်ကြည်ငြိမ်သက်မှု “သမာဓိ”၊ အမှန်အတိုင်း သိမြင်တတ်သော တရုဏဝိပဿနာဉာဏ်၊ တေဘူမကဝဋ်ဒုက္ခတို့၌ ငြီးငွေ့စိတ်ပျက်မှု “နိဗ္ဗိန္ဒဉာဏ်”၊ တက်မက်ခြင်းကင်းမှု “ဝိရာဂဉာဏ်”၊ ကိလေသာတို့မှ လွတ်မြောက်မှုကို သိမြင်တတ်သော “ဝိမုတ္တိဉာဏဒဿန”ကို မျက်မှောက်ပြုခြင်းဟူသော နောက်နောက်၌ ဖြစ်သော အကျိုးအဆက်ဆက်သည် စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံခြင်းဟူသော ရှေးရှေးသော အကြောင်းအဆက်ဆက်ကြောင့် ဖြစ်ပေါ်လာမြဲ ဓမ္မတာသဘာဝ ပေတည်း။

-နိဗ္ဗိဒါ, ဝိရာဂသည် ဝိမုတ္တိဉာဏဒဿန-ဟူသော အကျိုးအာနိသင်ရှိ၏။

-ယထာဘူတ ဉာဏဒဿနသည် နိဗ္ဗိဒါဝိရာဂ-ဟူသော အကျိုးအာနိသင် ရှိ၏။

-သမာဓိသည် ယထာဘူတဉာဏဒဿနဟူသော အကျိုးအာနိသင်ရှိ၏။

-သုခသည် သမာဓိဟူသော အကျိုးအာနိသင်ရှိ၏။

-ပဿဒ္ဓိသည် သုခဟူသော အကျိုးအာနိသင်ရှိ၏။

-ပီတိသည် ပဿဒ္ဓိဟူသော အကျိုးအာနိသင်ရှိ၏။

-ပါမောဇ္ဇသည် ပီတိဟူသော အကျိုးအာနိသင်ရှိ၏။

-အဝိပ္ပဋိသာရသည် ပါမောဇ္ဇဟူသော အကျိုးအာနိသင်ရှိ၏။

-ကုသလသီလသည် အဝိပ္ပဋိသာရဟူသော အကျိုးအာနိသင်ရှိ၏။

ဤသို့လျှင် အပြစ်မရှိသော သီလအစရှိသော အကြောင်းတရားတို့သည် အဝိပ္ပဋိသာရ-အစရှိသော အကျိုးတရားတို့ကို ဖြစ်စေတတ်ကုန်သည်။ အပြစ် မရှိသော သီလအစရှိသော အကြောင်းတရားတို့သည် တေဘူမကဝဋ်တည်း ဟူသော ဤမှာဖက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဖက်ကမ်းသို့ သွားရောက် ကူးမြောက်ခြင်းငှာ အဝိပ္ပဋိသာရအစရှိသော အကျိုးတရားတို့ကို ပြည့်စေကုန်၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] နိဗ္ဗိဒါနှင့် ဝိရာဂကို တစ်ပါးစီခွဲ၍ အထက်သုတ်ဒေသနာတော်အတိုင်း ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads