ဘိုမြ၊ စော

From Wikipedia, the free encyclopedia

ဘိုမြ၊ စော

စောဘိုမြ သည် ကရင်လူမျိုး အမျိုးသား တော်လှန်ရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ရာထူးအဆင့် အထိရရှိသည်။

Thumb
ကရင် အမျိုးသား တော်လှန်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြ

ဗိုလ်ချုပ်ကြီး စောဘိုမြသည် ဖာပွန်ခရိုင် ကျောက်ကြီးမြို့နယ် ထီးမူးခီး ကျေးရွာမှာ အဖ စောဂယ် နှင့် အမိ နော်ဒါးဆဲ တို့က ၁၉၂၇ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ မွေးဖွား ခဲ့သည်။ မွေးချင်း မောင်နှမ ၁၂ ယောက် ရှိသည့်အနက် ၁ဝ ယောက်မြောက်သား ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလမှာ ဆရာမ နော်လားဖိုးနှင့် လက်ထပ်ပြီး စောနေကော်၊ စောနယ်ဒါးမြ၊ နော်အဲလစ်၊ မိစိုး၊ မော်တူးလူး၊ စောနေစိုးမြ၊ နော်ဂျဲ စတဲ့ သားသမီး ၇ ဦး ထွန်းကားခဲ့သည်။

ကရင့် တော်လှန်ရေး စတင်ချိန် ၁၉၄၉ ခုနှစ် ကတည်းက ပါဝင် လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ လက်နက်ကိုင် တော်လှန်ရေးကို ၅၇ နှစ် နီးပါး ဆင်နွှဲခဲ့သူ ဖြစ်သည်။ ဟန်ပန် ကင်းရှင်းပြီး ကိုယ့်ယုံကြည်ချက်ကို ရိုးရိုးသားသား ဆုပ်ကိုင်ထားတဲ့ တိုင်းရင်း တော်လှန်ရေး ခေါင်းဆောင် တစ်ဦးအဖြစ် တိုင်းရင်းသားနဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေက လူတွေက လက်ခံထားသူ တစ်ဦး ဖြစ်သည်။

၁၉၇၆ ခုနှစ်မှ ၂ဝဝဝ ပြည်နှစ် အထိ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေစဉ် အတွင်း KNU စစ်ဦးစီးချုပ် တာဝန်ကိုလည်း ဆောင်ရွက် ခဲ့သည်။ ၂ဝဝဝ ခုနှစ်တွင် ကျင်းပသည့် ကေအဲန်ယူ (၁၂) ကြိမ်မြောက် ပါတီ ကွန်ဂရက် မှာတော့ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ဒုဥက္ကဋ္ဌနဲ့ ကာကွယ်ရေးရာ ဌာနကြီးမှူး အဖြစ် ပြန်လည် ရွေးကောက် တင်မြောက် ခံရသည်။

မိခင် KNU အဖွဲ့အစည်း တာဝန်များ အပြင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) မှာ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး၊ မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) နဲ့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB) စတဲ့ အဖွဲ့အစည်း တွေမှာလည်း ၁၉၉၁ မှ ၂ဝဝ၄ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ် (ကွယ်လွန်ချိန်) အထိ နာယကကြီး အဖြစ် တာဝန် ယူခဲ့သလို KNU ကာကွယ်ရေး ဌာနကြီးမှူး တာဝန်ကိုလည်း ထမ်းဆောင် သွားခဲ့သည်။

ကရင့် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၂ နာရီ အချိန်က မဲဆောက်မြို့ ဖာဝေါ့ ပုဂ္ဂလိက ဆေးရုံကြီးမှာ ဆီးချို၊ နှလုံး စတဲ့ ရောဂါများဖြင့် ကွယ်လွန် သွားခဲ့သည်။ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပြီ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီး ၇ ဦး စလုံး ကျန်ရစ် ခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်တဲ့ အဖွဲ့ဝင် ၂ဝ ဦး ပါတဲ့ KNU ကိုယ်စားလှယ် အဖွဲ့ဟာ ထိုစဉ်က ဝန်ကြီးချူပ် အဖြစ် တာဝန် ယူနေတဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးဖို့ ရန်ကုန်မြို့ကို ရောက်ရှိ လာသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ မှာတော့ ယာယီ အပစ်အခတ် ရပ်စဲ ထားကြရန် နှစ်ဖက် အကြား နားလည်မှု ရရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်၊ ဇူလိုင်လ အတွင်း ဗိုလ်ချုပ်ကြီး စောဘိုမြ နာမကျန်း ဖြစ်နေချိန်မှာ နအဖ အစိုးရက ထိုင်းနိုင်ငံရှိ မြန်မာ သံရုံး ကနေ တဆင့် ရန်ကုန်မှာ လာရောက် ဆေးကုသဖို့ ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စောဘိုမြက လက်မခံ ငြင်းပယ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တစ်ပင် ဆောင်းပါးကို ရေးသားခဲ့သည်။

ရည်ညွှန်း။

  1. ဗိုလ်ချုပ်ကြီး စောဘိုမြ ဖြတ်သန်းခဲ့သော တော်လှန်ရေး ဘဝခရီး၊ ဗွီအိုအေ - အမေရိကန် အသံ၊ မြန်မာပိုင်း အစီအစဉ် (Voice of America, Burmese Section)။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.