ဆင်ခြင်နည်း အသွင်ကွဲများ

From Wikipedia, the free encyclopedia

Remove ads

သိထားချက်(သိလျာချက်)များကို အတွေးအုတ်မြစ်ပြု၍ ကောက်ချက်တွေးလုံး တခုခုကို ၎င်းတို့ထံမှ စနစ်တကျ တွေးထုတ်ကြည့်ခြင်း ဖြစ်သော အကြောင်းသင့် ဆင်ခြင်မှု (logical reasoning) ၏ အတွေ့များသည့် အသွင်ကွဲများမှာ ဤသည်တို့ ဖြစ်သည်။

ဖြစ်တန်ကြောင်းရှာ ဆင်ခြင်နည်း (Abductive Reasoning)

ကောက်ချက်တခုခုကို ဆိုင်ရာသိထားချက်များမှ ဤ ဖြစ်တန်ကြောင်းရှာ ဆင်ခြင်နည်းဖြင့် ကောက်ချက်ကို ဆက်စပ်တွေးထုတ်ထားလျှင် - ထိုကောက်ချက်က ထိုသိထားချက် (အားလုံး သို့မဟုတ် အချို့) ကို နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်စေတတ်သည့် အကြောင်းအရင်း (cause) ဖြစ်သည်။
သာဓကအားဖြင့် "ရွာပြီးစမိုး အုံ့နေသည်"၊ "လမ်း ရေစိုနေသည်" ဟူသော အချက်အလက်များကို သိထားချက်များအဖြစ် လျာလိုက်၍ ("ဤသည်မှာ မိုးရွာထားခြင်းကြောင့် ဖြစ်မည်"ဟု စဉ်းစားလိုက်ခြင်းဖြင့်) "မိုးရွာထားသည်" ဟူသော ကောက်ချက်ကို ထုတ်လိုက်ခြင်းသည် ဖြစ်တန်ကြောင်းရှာ ဆင်ခြင်နည်း (Abductive Reasoning) ကို သုံးလိုက်ခြင်း ဖြစ်သည်။

Remove ads

စာရင်းချုပ် ဆင်ခြင်နည်း (Inductive or Ampliative Reasoning)

ကောက်ချက်တခုခုကို ဆိုင်ရာ သိထားချက်များမှ ဤ စာရင်းချုပ် ဆင်ခြင်နည်းဖြင့် ကောက်ချက်ကို ဆက်စပ်တွေးထုတ်ထားလျှင် - ထိုကောက်ချက်က ထို (အချင်းချင်း ဆင်တူ) သိထားချက်များကို စာရင်းချုပ် ယေဘုယျခြုံကာ တွေးပြောသည့်နှယ် ဖြစ်နေပေမည်။
သာဓကအားဖြင့် "မိုးရွာလျှင် လမ်း-က ရေစိုသည်"၊ "မိုးရွာလျှင် လမ်း-ခ ရေစိုသည်"၊ "မိုးရွာလျှင် လမ်း-ဂ ရေစိုသည်" အစရှိသော သိလျာချက်များကို (ရှိသမျှ အတွေ့အကြုံဖြင့်) စာရင်းချုပ်ကြည့်လျက် "မိုးရွာလျှင် လမ်းတိုင်း ရေစိုသည်" ဟူသော ကောက်ချက်မျိုး ဆက်စပ်တွေးထုတ်လိုက်ခြင်းသည် စာရင်းချုပ် ဆင်ခြင်နည်း (Inductive Reasoning) ကို သုံးလိုက်ခြင်း ဖြစ်သည်။

Remove ads

စာရင်းထုတ် ဆင်ခြင်နည်း (Deductive Reasoning)

ရှိပြီးသား စာရင်းများကို ထုတ်ကြည့်သကဲ့သို့၊ မိမိ၏ စာရင်းရှိ သိထားချက်များကို (သင်္ချာဆန်ဆန်) တွေးစစ်သုံး သင်္ကေတများအဖြစ် ကြည့်ပြီးနောက် သိထားချက်တစ်ခုရှိ ညွှန်းလုံး နှင့် အခြားတစ်ခုရှိ ညွှန်းလုံးတို့ အချင်းချင်း မည်သူက မည်သူ၏ အစုဝင်အစုပိုင်း သဖွယ် ရှိနေသေးလော စသည့် ဆက်စပ်ပုံများကို ဆက်လက်ထောက်ထားလျက် ကောက်ချက် တွေးထုတ်ခြင်းသည် စာရင်းထုတ် ဆင်ခြင်နည်းဖြင့် ဆက်စပ်တွေးထုတ်ထားခြင်း ဖြစ်သည်။
သာဓကအားဖြင့် "မိုးရွာလျှင် လမ်းတိုင်း ရေစိုသည်" ဟူသော အချက်နှင့် "ဤအရာက လမ်း ဖြစ်သည်" ဟူသော မိမိ၏ စာရင်းရှိပြီး သိလျာချက်ချင်း ယှဉ်ထပ်ဆက်စပ်၍ "မိုးရွာလျှင် ဤအရာလည်း (လမ်းတစ်ခုအဖြစ်) ရေစိုမည်သာ" ဟု ကောက်ချက် ထုတ်ကြည့်ခြင်းသည် စာရင်းထုတ် ဆင်ခြင်နည်း (Deductive Reasoning) ကို သုံးလိုက်ခြင်း ဖြစ်သည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads