ဆင်ဖြူရှင်တရဖျား

From Wikipedia, the free encyclopedia

ဆင်ဖြူရှင်တရဖျား
Remove ads

မင်းကြီးစွာစော်ကဲ နတ်ရွာစံပြီးလျှင် အိမ်ရှေ့မင်းဖြစ်သည့် သီဟသူ(မွန်မူတွင် မင်းနားကျယ်)က ဆင်ဖြုရှင်တရဖျား(တရဖျား-၄) (၁၄၀၀)ဘွဲ့ဖြင့် နန်းတက်သည်။ သို့သော် ခုနှစ်လအကြာတွင် တကောင်းစားငနောက်ဆံ လုပ်ကြံ၍လွန်သည်။ အမိကွဲညီနောင်များဖြစ်ကြသည့် မင်းဆွေနှင့် မင်းသိဒ္ဓတ်တို့က မှူးမတ်များနှင့် ပေါင်းကာ ငနောက်ဆံအား ပြန်လည်လုပ်ကြံသည်။ ထိုနောက်မင်းဆွေက ဦးရီးတော် ရမည်းသင်းစား မဟာပြောက်အား နန်းအပ်ရန်ကြံသည်ကို ညီဖြစ်သူ မင်းသိဒ္ဓတ်က ကန့်ကွက်သဖြင့် မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ ငနောက်ဆံကို မင်းခေါင်၏ညီ တရဖျား လွန်လျှင် မြန်မာတို့ ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း မှ မင်းတရားနတ် ဖြစ်သည်ဟု ဆိုကြသည်။

Thumb
မင်းတရားနတ် (ခေါ်) ဆင်ဖြူရှင်တရဖျားမင်း
Remove ads

မင်းတရားနတ်

မင်းတရားနတ်သည် မင်းကြီးစွာစော်ကဲ၏ သားတော်အကြီး၊ အင်းဝပထမမင်းခေါင်၏ နောင်တော်ဆင်ဖြူရှင်တရဖျားမင်း (၇၆၂-၇၆၃)ဖြစ်သည်။ မင်းဖြစ်၍ ငါးလမျှကြာသော အခါတောကစားရာတွင် ဇော်ဂျီနှင့်တွေ့၍ ဇော်ဂျီ၏တန်ခိုးဖြင့် နတ်သမီးနှင့်ပေါင်းဖော်ပြီးသည့် နောက်၌ စိတ် ဖေါက်ပြန်နေသောဟူ၏။ ထိုစဉ်အထိမ်းတော် ငနောက်ဆံ လုပ်ကြံ၍ နန်းစံခုနစ်လမျှနှင့်နတ်ရွာစံရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာဇွန်းရိုးခံပလ္လင်၊ တင်ပျဉ်ခွေ၊ မင်းတန်ဆာအစုံ၊ ယာလက်ယပ် ကိုင်၊ ဝဲလက်ဒူးအုပ်ထားသည်။ []

Remove ads

တည်ခဲ့သောစေတီ ဘုရားများ


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads