From Wikipedia, the free encyclopedia
ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း၏ မြေးတော်ဖြစ်သည့် သီရိသူမဟာစန္ဒာဒေဝီဘွဲ့ခံ ဆင်ဖြူရှင်မယ်သည် နောင်တွင် ဖလ်နန်းရှင်ဖြစ်လာမည့် (ဘကြီးတော်(စစ်ကိုင်းမင်း)နှင့် မြန်မာသက္ကရာဇ် ၁၁၆၄ခုနှစ် တပို့တွဲလပြည့်ကျော် ၃ရက်တွင် ထိမ်းမြားတော်မူသည်။ ပြည်မင်းသား သီရိဓမ္မရာဇာနှင့် မြေဒူးမင်းသမီးတို့၏ သမီးတော်ဖြစ်သည်။ စစ်ကိုင်းမင်းအိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် မြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၇ရက် အင်္ဂါနေ့တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် စကြာမင်းသား အား ဖွားမြင်တော်မူပြီးနောက် ခုနစ်ရက်အကြာ သီတင်းကျွတ်လကွယ်နေ့တွင် ကံတော်ကုန်လေသည်။
ဆင်ဖြူရှင်မယ် | |||||
---|---|---|---|---|---|
အိမ်ရှေ့မိဖုရား | |||||
နန်းသက် | 18 April 1808 – 3 November 1812 | ||||
ဆက်ခံသူ | နန်းမတော်မယ်နု | ||||
မွေးဖွား | [၁] အင်းဝ | ၈ ဇန်နဝါရီ၊ ၁၇၈၉ မြန်မာသက္ကရာဇ် ၁၁၅၀ပြည့်နှစ် ပြာသိုလဆန်း ၁၁ရက် ဗုဒ္ဓဟူးနေ့||||
ကွယ်လွန် | ၃ နိုဝင်ဘာ၊ ၁၈၁၂ ၂၂–၂၃) မင်းကွန်း | (အသက်||||
ကြင်ယာတော် | ဘကြီးတော် | ||||
သားသမီးများ | စကြာမင်းသား | ||||
| |||||
စံအိမ် | ကုန်းဘောင် | ||||
ခမည်းတော် | ပြည်မင်းသား | ||||
မယ်တော် | မြေဒူးမင်းသမီး | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်တော် စကြာမင်းသားလေးသည် ဘိုးမင်းခေါင်၏ ဘဝဟောင်းပုံရိပ် ဖြစ်သည်ဟုလည်း ဆိုသည်။[၂][၃] စကြာမင်းသားအားဘကြီးတော်မင်း က ကွပ်မျက်စေရန် ပုန်ကန်ရန် ကြံစည်သည်ဟုနန်းမတော်မယ်နုသည်ဂုံးချောခဲ့သည်။ ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့် မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စကြာမင်းသားလေးကိုထောင်သွင်းအကျဉ်းချစေခဲ့သည်။ဘကြီးတော်မင်း(စစ်ကိုင်းမင်း)သည် ပထမ အင်္ဂလိပ် - မြန်မာစစ် ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်(စိတ်မမှန်)ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကချယ်လှယ်ခဲ့ကြသည်။ နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ စလင်းမင်းသားကြီးမောင်အို တို့ကပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင်နောင်တော်မင်း တရားကြီးကိုလည်း နှလုံးတော်မပင်ပန်းစေရဘဲ မဟာသကျသီဟဘုရားအနီးရှိအိမ်ဖြူတော်နှင့်ထား၍ ခမည်းတော်ကဲ့သို့ စောင့်ရှောက်တော်မူသည်။ ၁၂ဝဝ ပြည့်နှစ်တံခူးလတွင် တူတော် စကြာမင်းသား မသင့်သောအကြံပြုကြောင်း ထီးနန်းကြံစည်ကြောင်းသံသယရှိသဖြင့်ထုံးစံနှင့်အညီရေတွင်ဖျောက်တော်မူသည်။ မရီးတော်မိဖုရားခေါင်ကြီး မယ်နုနှင့်စလင်းမင်းသားတို့သည် ပုန်ကန်မှုတွင် ရောယှက်ပါဝင်နေကြောင်းတွေ့ရှိသဖြင့် ထိုနှစ် ကဆုန်လဆန်း ၂ ရက်နေ့တွင် ထုံးစံနှင့်အညီ စီရင်တော်မူသည်။[၄]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.