ဆတ္တပါဏိသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
ဆတ္တပါဏိသိက္ခာပုဒ် (သုရုသုရုဝဂ်)
လက်၌ထီးရှိသူအား တရားဟောမှု
ဆဗ္ဗဂ္ဂီရဟန်းတို့သည် လက်၌ထီးရှိသူ (ထီးကိုင်ထားသူ, ထီးဆောင်းနေသူ)အား တရားဟောကြကုန်၏။ တရားဟောမှု ဟူသည် မြင့်မြတ်သော အလုပ်ဖြစ်ရကား... ဟောသူက အထက်တန်းကျမှသာ သင့်လျော်မည်၊ ယခုသော် ထီးဆောင်း၍ ဟန်ကြီး ပန်ကြီးလုပ်သူအား ဟောသဖြင့် ဟောသူက အောက်ကျသကဲ့သို့ ဖြစ်၏။ ထို့ကြောင့်) ရဟန်းတော်များ ကိုယ်တိုင်ကပင် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့၍ ဘုရားရှင်အား လျှောက်ထားကြသောကြောင့် “ထီးလက်စွဲသူအား တရားမဟောရ”ဟု ပဌမ ပညတ်တော်မှုပြီးလျှင်, ဂိလာနတို့အားလည်း ထီးကိုင်ထားလျှင် တရားမဟောဘဲ နေကြသောကြောင့် လူတို့ကဲ့ရဲ့ရကား—[၁]
“န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
မြန်မာပြန်
“ဂိလာနမဟုတ်သော (ကျန်းကျန်းမာမာရှိသော)ပုဂ္ဂိုလ်အား လက်၌ ထီးကိုင်ထားလျှင် တရားမဟောအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဂိလာနဖြစ်နေလျှင် (မိုးမိမှာစိုး၍ ထီးဆောင်း ထားစေကာမူ) တရားဟောကောင်း၏။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads