ဆန္နသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] အရှင်ဆန္နထေရ်၏ တရားဟောဆုံးမ ကံမြစ်ရန် လျှောက်ထားချက်အရ ကာသိနိုင်ငံ ဗာရာဏသီမြို့တော်၏အနီး ဣသိပတနမိဂဒါ ဝုန်တော၌ အရှင်ဆန္နမထေရ်အား မထေရ်ကြီးများက အနိစ္စသဘာဝ အနတ္တသဘာဝရှိသော ခန္ဓာငါးပါးတရားတော်ကို ဟောတော်မူကြပုံ ဝံသနိုင်ငံ ကောသမ္ဗီမြို့တော်သွား၍ လျှောက်ထားသဖြင့် အရှင်အာနန္ဒာမထေရ်က ကစ္စာနသုတ္တ (သံ၊၁၊၂၅၇။) ဒေသနာတော်ကို ဟောတော်မူပုံ အရှင်ဆန္နထေရ် တရားသိမြင်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ အရှင်ဆန္နထေရ်အကြောင်းနှင့် ဋီကာ၌လည်း သိမှတ် ဖွယ်ရာ ဖွင့်ဆိုထားပါသည်။


[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံး နေသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာစုန္ဒထေရ်က ဂိလာနဖြစ် (မရဏန္တိကဒုက္ခဝေဒနာ ပြင်းထန်စွာခံ)နေရသော အရှင်ဆန္နမထေရ်အား အာယတန(၆)ပါး၊ ဝိညာဏ်(၆)ပါး၊ ဝိညာတဗ္ဗဓမ္မတို့၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် စွဲယူပါသေးသလောဟု မေးလျှောက်ကြရာ အရှင်ဆန္နမထေရ်က မယူပါကြောင်းနှင့် မယူခြင်း၏အကြောင်းတို့ကို လျှောက်ထားသည့်သုတ်။

ဤသုတ်၌ အရှင်ဆန္နမထေရ်က ဝေဒနာပြင်းထန်စွာ ခံစား နေခြင်းနှင့် ဆက်စပ်နေသော ဥပမာနှစ်မျိုးတို့ဖြင့် ပြန်လည်လျှောက်ထားပုံ ဓါးဖြင့် လည်ပင်းကို လှီးဖြတ်တော့မည်ဟု လျှောက်ထားပုံ၊ အရှင်သာရိပုတ္တရာထေရ်က တားမြစ်ခဲ့ပုံ၊ အရှင်ဆန္နထေရ်၏ဂတိကို မေးလျှောက်သဖြင့် ဘုရားရှင်က အရှင်ဆန္နထေရ် ပရိနိဗ္ဗာန်ပြုသွားပုံကို မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွားဖက်တော်ဆန္နထေရ်နှင့် အမည်တူဆန္န ဖြစ်ကြောင်း နှင့် သိမှတ်ဖွယ်ရာများကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း ဖွင့်ဆိုထားပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန္နပရိဗိုဇ်က မေးလျှောက်သဖြင့် ရာဂ ဒေါသ မောဟ လွှမ်းမိုးမှုကို ခံနေရသူနှင့် ယင်းတရားတို့ကို ပယ်နိုင်သူ ပယ်ပြီးသူတို့ ရရှိခံစားနိုင်သည့် အကျိုး၊ ယင်းတရားတို့၏သဘာဝ၊ ယင်းတရားတို့ကို ပယ်ဖျောက်ဖျက်ဆီးနိုင်သည့် မဂ္ဂနှင့်ပဋိပဒါတို့ကို တစ်ပါးစီ တစ်ပါးစီ ဆန္နပရိဗိုဇ်အား အရှင်အာနန္ဒာ ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ပညာနိရောဓိကောဒ်၌ ပညာသုံးမျိုးနှင့်တကွ သိမှတ်ဖွယ် အကြောင်းအရာတို့ကို ဖွင့်ဆိုထားပါသည်။ ဋီကာ၌လည်း သိမှတ်ဖွယ်ရာများကို ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads