ဆန်းဒိုင်းဗောဓိသတ္တရုပ်ပွားတော်ကြီး
ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့ရှိ ရုပ်ပွားဆင်းတုတော်ကြီး From Wikipedia, the free encyclopedia
Remove ads
ဆန်းဒိုင်းဗောဓိသတ္တရုပ်ပွားတော်ကြီး သည် ဂျပန်နိုင်ငံ၊ ဆန်းဒိုင်းမြို့တွင် တည်ရှိသည့် ဗောဓိသတ္တရုပ်ပွားတော်ကြီးတစ်ဆူ ဖြစ်သည်။ သူမ၏ လက်တွင် စိန်တစ်ခုကို ဆုပ်ကိုင်ထားသည်။ ဤရုပ်တုသည် ကမ္ဘာပေါ်ရှိ အရှည်ဆုံးရုပ်တုများထဲတွင် တစ်ခု ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံတွင် အရှည်ဆုံးနတ်ဘုရားမရုပ်တု ဖြစ်သည်။ [၁]
![]() |
၂၀၁၈ ခုနှစ်တွင် ဤရုပ်တုသည် ကမ္ဘာပေါ်တွင် ပဉ္စမြောက်အမြင့်ဆုံးရုပ်တုဖြစ်ကာ ၁၀၀ မီတာ (၃၃၀ ပေ) အမြင့်ရှိသည်။ တည်ဆောက်ပြီးစီးသည့်အချိန် ၁၉၉၁ ခုနှစ်တွင် ဤရုပ်တုသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု ဖြစ်ခဲ့သည်။[၂]
ဤရုပ်တုသည် ဗောဓိသတ္တဘုရားလောင်းအဖြစ် သိကြသည့် Byakue ဗောဓိသတ္တကို ထုလုပ်ထားခြင်း ဖြစ်သည်။ Byakue ဗောဓိသတ္တဘုရားလောင်း၏ အဓိပ္ပာယ်မှာ "အဖြူရောင်သင်္ကန်းဆင်မြန်းထားသည့် ဗောဓိသတ္တဘုရားလောင်း" ဟု အဓိပ္ပာယ်ရသည်။ သူမ၏ လက်တွင်လည်း cintamani စိန်ကိုလည်း ကိုင်ဆုပ်ထားသည်။
Remove ads
ပြင်ပလင့်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads