ဆပရိုဖစ်တစ်ဇင်း

From Wikipedia, the free encyclopedia

Remove ads

အပင်တို့သည် များသောအားဖြင့် ကလိုရိုဖီခေါ် အစိမ်း ဓာတ်ရှိမှ မိမိတို့အလို အလျှောက်အာစာရကို ဖြစ်ထွန်းစေနိုင် သည်။ အရပ်သုံးစကားနှင့်ဆိုသော် မိမိတို့ဖာသာ မိမိတို့ အစာချက်ယူ နိုင်သည်ဟု ဆိုရမည်။ မှိုနှင့်ကျောက်ခက်ပင် တို့၌ ကလိုရိုဖီမရှိ၍ မိမိတို့ဖာသာ အစာမချက် လုပ်နိုင်ကြ ပေ။ ထိုအပင်မျိုးတို့သည် အသက်ရှင်လျက်ရှိသော အပင်နှင့် တိရစ္ဆာန်များမှ၎င်း၊ အသက်သေပြီး ဖြစ်သော အပင်နှင့် တိရစ္ဆာန်များမှ၎င်း၊ အစာရရှိကြသည်။ သက်ရှိအပင်နှင့် တိရစ္ဆာန်များမှ အစာရရှိသော အပင်မျိုးကို ပါရဆိုက်ဟုခေါ် သည်။ သေပြီးအပင်နှင့် တိရစ္ဆာန်များမှ အစာရရှိသောအပင် မျိုးကို ဆပရိုဖိုက်ဟုခေါ်သည်။ ဆပရိုဖိုက်တို့သည်အင်ဇိုင်းခေါ် ပစ္စည်းများကိုထုတ်၍၊ သေပြီးအပင်နှင့် တိရစ္ဆာန်တို့ကို ဆွေး မြေ့စေသည်။ ဤသို့ဖြင့် မိမိတို့အတွက် အစာလည်းရရှိ၍ လူတို့အားအန္တရာယ်ဖြစ်စေမည့် ပုပ်သိုးသော အရာများကိုလည်း ပပျောက်အောင် ဆောင်ကြဉ်းပေးသည်။ ပါရဆိုက်တို့သည်ကား ရောဂါအမျိုးမျိုး ကျရောက်စေနိုင်သဖြင့် ဆပရိုဖိုက်တို့ကဲ့သို လူတို့အား အကျိုးမဖြစ်စေနိုင်ချေ။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads