ဆပ္ပါဏကောပမသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မြှားမြက်တောသို့ဝင်ရောက်သော ကိုယ်လုံးပြည့်အနာများ မှည့်ရင့်သောသူ၏ ဆူးစူးခြင်း မြှားမြက်ရွက်တို့ဖြင့် ခြစ်မိခြင်းကြောင့် အတိုင်းထက်အလွန် ဒုက္ခ, ဒေါမနဿဝေဒနာကို ခံစားရသကဲ့သို့ ရွာသို့သွားသော တောသို့သွားသော ဒုဿီလပုဂ္ဂိုလ်၏ “မိမိ၏အပြုအမူ၊ အကျင့်စာရိတ္တ၊ အသုစိဂါမကဏ္ဍက (ရွာသူ ရွာသားတို့၏ အော့နှလုံးနာ) ဖြစ်ခြင်း”တို့ဖြင့် သီတင်းသုံးဖော်တို့၏ စွပ်စွဲပြစ်တင် ခံရပုံကိုလည်းကောင်း၊ နေရာအရပ်ဌာနမတူ, ကျက်စားရာမတူကြသော မြွေ၊ မိကျောင်း၊ ငှက်ဆင်၊ ခွေး၊ မြေခွေး၊ မျောက်-ဟူသော သတ္တဝါ (၆)ကောင်တို့ကို ဖမ်းယူပြီး ကြိုးဖြင့် ခိုင်မြဲဖွဲ့တုပ် ချီနှောင်ထားရာ၌ အားကောင်းသော သတ္တဝါနောက်သို့ ကျန်သတ္တဝါများလိုက်ရသကဲ့သို့ ကာယဂတာသတိကို မပွားများ၊ ကြိမ်ဖန် များစွာ အလေ့အလာမပြုသောပုဂ္ဂိုလ် အဇ္ဈတ္တိကာယတန(၆)ပါးတို့တွင် တစ်ပါး ပါးသည် မနာပိယဗဟိဒ္ဓါယတနတို့၌ အာဝိဉ္ဆနဖြစ်ပြီး အမနာပိယဗဟိဒ္ဓါယတနတို့၌ ပဋိကူလဖြစ်ခြင်း၊ အသံဝရကထာကိုလည်းကောင်း (စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိကို မှန်ကန်စွာ မသိနိုင်ခြင်း) ယင်းသတ္တဝါ(၆)ကောင်တို့ကို ငုတ်တိုင်တို့၌ ဖွဲ့ချီထားလျှင် ပင်ပန်းကြသည့်အခါ ငုတ်တိုင်၏ အနီးအနား၌ ကပ်ရောက်တည်နေ, ရပ်နေ, အိပ်နေရာသကဲ့သို့၊ ကာယဂတာသတိကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် မနာပိယ ဗဟိဒ္ဓါယတနတို့၌ အာဝိဉ္ဆနမဖြစ်၊ အမနာပိယဗဟိဒ္ဓါယတနတို့၌ ပဋိကူလမဖြစ်တော့ပဲ စေတောဝိမုတ္တိ ပညာဝိမုတ္တိကို မှန်ကန်စွာ သိမြင်နိုင်သော သံဝရကထာကိုလည်းကောင်း၊ ကာယဂတာသတိကို ဘာဝိတ, ဗဟုလီကတ, ယာနီကတ,ဝတ္ထုကတ အနုဋ္ဌိတ ပရိစိတ သုသမာရဒ္ဓ ဖြစ်အောင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
ပါဠိတော်၊ အဋ္ဌကထာ, ဋီကာတို့၌ ယင်းသတ္တဝါခြောက်ကောင်၏ သဘာဝနှင့် အဇ္ဈတ္တိကာယတနတို့တူညီပုံ သိမှတ်ဖွယ်ရာ အကြောင်းအရာတို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads