ဆဖဿာယတနသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး မဟာဝုန်တော ကူဋာဂါရ သာလာကျောင်းတော်၌ ဆဖဿာယတန ဓမ္မကထာဖြင့် ရဟန်းတို့အား သိမြင်အောင်ပြသ, ဆောက်တည်, ထက်သန် ရွှင်လန်းစေတော်မူနေသည်ကို မာရ်နတ် သိမြင်သဖြင့် ရဟန်းတို့၏ ပညာစက္ခုပျက်စီးစေရန် အနီးအနားသို့ ရောက်လာပြီး ပြင်းထန်သော မိုးခြိမ်းသံဖြစ်အောင် ပြုလုပ်လေသည်။ ရဟန်းတပါးက အခြား ရဟန်းတစ်ပါးကို “မြေကြီးပြိုသည် ထင်၏”ဟုပြောဆိုသည့်အခါ ဘုရားရှင်က “သင်တို့ ပညာစက္ခုပျက်စီးစေရန် မာရ်နတ်နှောက်ယှက်သည့်အသံ” ဖြစ်ကြောင်း မိန့်ကြားတော်မူပြီး မာရ်နတ်အား “ရူပါ-သဒ္ဒါ” အစရှိသော နှစ်ဂါထာဖြင့် မိန့်ကြားတော်မူပုံ၊ မာရ်နတ်စိတ်ပျက် ပြန်သွားပုံကို မိန့်ကြားတော်မူသည့်သုတ်။
[၂] ဖဿာယတန(၆)ပါးတို့၏ သမုဒယ, အတ္ထင်္ဂမ, အဿာဒ, အာဒီနဝ, နိဿရဏကိုမှန်ကန်စွာ မသိသောရဟန်းသည် ဗြဟ္မစရိယကို မကျင့်သုံးရသေး။ ထိုရဟန်းသည် ဤဓမ္မဝိနယသာသနာတော်မှ အဝေးကြီး ဝေးကွာသူပေတည်းဟု ဘုရားရှင်က မိန့်ကြားတော်မူသည့်အခါ အညတရရဟန်းက မိမိသည် ဤ သာသနာတော်၌ ပျက်စီးသူဖြစ်ပါကြောင်း၊ ဖဿာယတနခြောက်ပါးတို့၏ သမုဒယ အစရှိသည်ကို မသိပါကြောင်း လျှောက်ထားပါသည်။
ဘုရားရှင်က ဖဿာယတနခြောက်ပါးတို့တွင် တစ်ပါးစီကို ထုတ်ပြ၍ ယင်းကို တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မရှုမြင်သောရဟန်းသည် ဖဿာယတန ခြောက်ပါးကို မှန်ကန်စွာ ဝိပဿနာပညာ, မဂ်ပညာဖြင့် ကောင်းမွန်စွာသိမြင်သူ ဖြစ်ကြောင်း၊ ဤသို့သိမြင်သည်ရှိသော် သင်သည်ဒုက္ခ၏ ကုန်ဆုံးရာနိဗ္ဗာန်ပေတည်းဟု ဖဿာယတန တစ်ပါးစီကို ထုဟ်ပြ၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌လည်း ဖွင့်ဆိုချက်များရှိပါသည်။
[၃] အထက်ပါ သုတ်တော်အတိုင်း မိန့်ကြားတော်မူပြီး ဖဿာယတန ခြောက်ပါးကို တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မရှုမြင်သူသည် ဖဿာယတနခြောက်ပါးကို နောက်ထပ်တဖန်မဖြစ်အောင် ပယ်ပြီးသူဖြစ်လတ္တံ့ဟု အညတရရဟန်းအား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၄] အထက်သုတ်တော်အတိုင်း ဘုရားရှင်၏ မိန့်ကြားတော်မူချက်ကို အညတရရဟန်း လျှောက်ထားသည့်အခါ ဖဿာယတနခြောက်ပါးကို အနတ္တ လက္ခဏသုတ်တော် ဒေသနာနည်းဖြင့် အရဟတ္တဖိုလ်ဆိုက်အောင် အညတရ ရဟန်းအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads