ဆာယု အာဆမ်

From Wikipedia, the free encyclopedia

ဆာယု အာဆမ်
Remove ads

ဆာယု အာဆမ်သည် အင်ဒိုနီးရှား ဟင်းသီးဟင်းရွက်စွပ်ပြုပ်တစ်မျိုးဖြစ်သည်။ အရှေ့တောင်အာရှဟင်းလျာများထဲတွင် ကျော်ကြားသော ဤဟင်းလျာသည် မန်ကျည်းသီးရည်တွင် ဟင်းသီးဟင်းရွက်များ ထည့်ပြုတ်ထားသော ဆွန်ဒန်လူမျိုးဟင်းလျာတစ်မျိုးဖြစ်သည်။[]

အချက်တိုများ အဓိကသုံးဆောင်မှု, မူရင်းနိုင်ငံ ...

ချိုချဉ်သော အရသာနှင့်ပြည့်စုံသော ဤဟင်းသည် လန်းဆန်းမှုကို ဖြစ်ပေါ်စေပြီး ငါးဆားနယ်၊ အီကန် ဂိုရင်းအာယမ် ဂိုရင်းစသော အကြော်နှင့် အကင်းဟင်းလျာများ၊ ဟင်းသီးဟင်းရွက်များကို အစိမ်းလိုက် သို့မဟုတ် ချက်ပြုတ်ထားနိုင်သော ဟင်းသီးဟင်းရွက်ဆလပ်တစ်မျိုးဖြစ်သော လာလပ်တို့နှင့် အလွန်လိုက်ဖက်မှုရှိပြီး ထမင်း၊ ဆမ်ဘယ် တီရာဆီ ငရုတ်သီးအနှစ်တို့နှင့်လည်း များသောအားဖြင့် စားသုံးလေ့ရှိသည်။

ဤဟင်းလျာ၏ မူလအစကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ဂျာကာတာဒေသ၊ ဘန်တန်းနှင့် အနောက်ဂျာဗားပြည်နယ်တို့ရှိ ဆွန်ဒန်လူမျိုးတို့မှဖြစ်သည်။ ဆွန်ဒန်ဟင်းလျာများနှင့် ဘက်တာဝီလူမျိုးတို့၏ နေ့စဉ်အစားအစာထဲတွင် လူသိများသော ဟင်းလျာတစ်မျိုးဖြစ်သည်။

Remove ads

ပါဝင်သော အမယ်များ

ပုံမှန်ပါဝင်လေ့ရှိသော အမယ်များတွင် မြေပဲ၊ ပိန္နဲသီးနု၊ အရွက်နုများနှင့် မသင်ရသေးသော melinjobilimbi၊ ဂေါ်ရခါးသီးနှင့် ပဲတောင့်ရှည်များပါဝင်ပြီး ၎င်းတို့အားလုံးကို မန်းကျည်းသီးဖြင့် ချက်ထားသော အရည်တွင် ထည့်၍ချက်ပြုပ်ပြီး တခါတရံ၌ အရသာကြွယ်ဝစေရန် အမဲပြုတ်ရည်၌ ချက်သည်။ မကြာခဏဆိုသလို ပြောင်းဖူးများလည်း ပါဝင်လေ့ရှိသည်။

ချက်နည်းမူကွဲများ

များစွာသော ပုံစံကွဲများရှိရာတွင် ၎င်းတို့ထဲ၌ ဆာယု အာဆမ် ဂျာကာတာ (ဂျာကာတာမှ ဘက်တာဝီလူမျိုးတို့ ချက်ပြုပ်ပုံ)၊ ဆာယု အာဆမ် ကန်ကွင်း (ရေကန်စွန်းရွက်ပါဝင်သော ပုံစံ)၊ ဆာယု အာဆမ် အီကန် အာဆင်း(များသောအားဖြင့် snakehead murrelဖြင့်ပြုလုပ်သော ငါးဆားနှယ်များပါဝင်)နှင့် ဆာယု အာဆမ် ကာကျန်း မဲရာချ် (မန်ကျည်းသီးနှင့် အမဲပြုတ်ရည်တွင် ပဲနီလေးနှင့် ပဲစိမ်းတို့ပါဝင်) စသည်တို့ ပါဝင်ကြသည်။ ကာရိုလူမျိုးတို့၏ ဆာယုအာဆမ်ချက်ပြုပ်ရာတွင် torch ginger အဖူးတို့ပါဝင်ပြီး ပို၍အရေးကြီးသောအမယ်မှာ အချဉ်အရသာ အသီးစေ့တို့ပါဝင်သည်။ ဆာယု အာဆမ် ရမ်ဘန်သည် ချဉ်သောအရသာရှိသော အသီးအရွက်ဟင်းရည်ဖြစ်သည်။[][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads