ဆာရာ ဒူတာတေး
ဖိလစ်ပိုင် နိုင်ငံ၏ ဒုတိယသမ္မတ From Wikipedia, the free encyclopedia
Remove ads
ဆာရာ ဒူတာတေး ကာပီယို (အင်္ဂလိပ်: Sara Zimmerman Duterte-Carpio) သည် ဖိလစ်ပိုင်နိုင်ငံသား ရှေ့နေနှင့် နိုင်ငံရေးသမားဖြစ်ကာ လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယသမ္မတဖြစ်သည်။ မြို့တော်ဝန်အဖြစ် ၂၀၁၀ပြည့်နှစ်မှ ၂၀၁၃ခုနှစ်အထိ လုပ်ကိုင်ခဲ့ဖူးကာ ၂၀၁၆တွင် ဒုတိယအကြိမ် လုပ်ကိုင်ခဲ့သည်။၂၀၀၇ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ ယင်းမြို့၏ ဒုတိယမြို့တော်ဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။[၁][၂]ဖခင်ဖြစ်သူ ရော်ဒရီဂို ဒူတာတေးမှာ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဖြစ်သည်။[၃]
Remove ads
ငယ်ဘဝနှင့် ပညာရေး
ဆာရာကို ၁၉၇၈ခုနှစ် မေလ ၃၁ရက်နေ့တွင် ဒါဗိုမြို့၌ ဖွားမြင်ခဲ့သည်။ ထိုစဉ်က ရှေ့နေ ရော်ဒရီဂို ဒူတာတေးနှင့် လေယာဉ်မယ် အယ်လီဇဘက် ဇင်မာမမ်တို့၏ ဒုတိယမြောက် သမီးဖြစ်သည်။ ဆမ်ပီဒရို ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၁၉၉၉ခုနှစ်တွင် ဘွဲ့ရခဲ့သည်။၂၀၀၅ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိခဲ့သည်။
မြို့တော်ဝန်အဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောစဉ်တွင် ဆာရာက သူ့အနေဖြင့် နိုင်ငံရေးသမားထက် ကလေးအထူးကုတစ်ယောက် ဖြစ်ချင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆာရာသည် ဖိလစ်ပိုင်တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် အရန်တပ်ဖွဲ့ဝင်ဖြစ်သည်။
Remove ads
နိုင်ငံရေးသမားဘဝ
မြို့တော်ဝန်
ဖခင်ဖြစ်သူ ရော်ဒရီဂို ဒူတာတေးသည် ဒါဗိုမြို့တော်ဝန်အဖြစ် ၂၀၀၇ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ အရွေးချယ်ခံရစဉ်တွင် သမီးဖြစ်သူ ဆာရာကလည်း ဒုတိယမြို့တော်ဝန်အဖြစ် အရွေးချယ်ခံခဲ့ရသည်။၂၀၁၀ပြည့်နှစ်တွင် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒါဗိုမြို့သမိုင်းတွင် အသက်အငယ်ဆုံးနှင့် ပထမဆုံးသော အမျိုးသမီးမြို့တော်ဝန် ဖြစ်လာခဲ့သည်။၂၀၁၀မှ ၂၀၁၃အထိ မြို့တော်ဝန်ဖြစ်စဉ်က ဖခင် ဒူတာတေးမှာ ဒုတိယမြို့တော်ဝန် ဖြစ်သည်။၂၀၁၃မှ ၂၀၁၆အထိ ဆာရာသည် ဒုတိယမြို့တော်ဝန် ဖြစ်နေချိန်တွင် မြို့တော်ဝန်မှာ ဖခင် ဒူတာတေးဖြစ်သည်။၂၀၁၆ခုနှစ်တွင် ဖခင်ဖြစ်သူမှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပြီး ဆာရာမှာ ဒါဗိုမြို့တော်ဝန်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ဖခင်မှာ ဖိလစ်ပိုင်သမ္မတဖြစ်သွားပြီး ဆာရာမှာ မြို့တော်ဝန် ဖြစ်လာခဲ့ပြန်သည်။
အနာဂတ် အလားအလာများ
ဖခင်ဖြစ်သူ ဒူတာတေး သမ္မတဖြစ်ပြီး ၂နှစ်အကြာတွင် သူ့အနေဖြင့် သမီးဖြစ်သူ ဆာရာကို ၎င်း၏ သမ္မတနေရာကို ဆက်ခံသူအဖြစ် မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။ ဖခင်မှပြောကြားပြီး ၂လအကြာတွင် ဆာရာသည် ဒူတာတေး၏ နိုင်ငံရေးမိတ်ဆွေများ၊ ထောက်ခံသူများနှင့်အတူ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။
၂၀၂၁ခုနှစ်တွင် သမ္မတလောင်းအဖြစ် အလားအလာရှိသူများစာရင်းတွင် ထိပ်ပိုင်းမှ ပါလာသော်လည်း ဆာရာက သူ့အနေဖြင့် သမ္မတထက် မြို့တော်ဝန်အဖြစ်သာ ဝင်အရွေးခံမည်ဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လတွင် ကောက်ခံသော စစ်တမ်းအရ သမ္မတအဖြစ် ရေပန်းစားမှု ၂၈ ရာခိုင်နှုန်းရှိခဲ့ပြီး စစ်တမ်း၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ စက်တင်ဘာလတွင် ကောက်ခံသော စစ်တမ်းအရ ၂၀ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads