ဆာရိုင်းဘာလိုး
From Wikipedia, the free encyclopedia
Remove ads
ဆာရိုင်းဘာလိုးသည် တက်ခ်တိုင်ဘာဟီ၏ အနီးတွင် တည်ရှိပြီး ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ထွန်ဟွ ခရိုင် ပက်ရှဝါမြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၇၀ အကွာတွင် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
ဆာရိုင်းဘာလိုးသည် သမိုင်းဝင် နေရာတစ်ခု ဖြစ်ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ၁၉၈၀ ခုနှစ်မှ စတင် ပါဝင်ခဲ့သည်။ [၁] ဆာရိုင်းဘာလိုးရှိ အပျက်အစီးများသည် ကူရှန်ခေတ်အတွင်း တည်ဆောက်ခဲ့သော ခံတပ်မြို့ကလေး၏ အကြွင်းအကျန်များ ဖြစ်သည်။ [၁][၂]ထိုမြို့အား ရှေးဟောင်းသုတေသန ပညာရှင် ဂျွန်မာရှယ် ၏ လက်ထက်တွင် စတင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။[၃]
ထိုနေရာတွင် သေချာစွာ တူးဖော်ခြင်း မပြုရသေးသော ဂေါတမ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ရှိသည်။ ရှေးဟောင်းပစ္စည်းများဖြစ်သော ရုပ်တုများ၊ဒင်္ဂါးပြားများ၊ လူသုံးပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို အနှံ့အပြား တွေ့ရှိရသည်။ [၄] ဒေသခံများက ၎င်းတို့၏ အိမ်နှင့်မြေများ အတွင်း တရားမဝင် တူးဖော်မှုများ ပြုလုပ်ကြသဖြင့် သမိုင်းဝင် အဆောက်အဦးများ ပျက်စီးကြရသည်။ အချို့သော ဒေသခံ ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူများမှ ဒေသခံများအား လမ်းမှားအောင် တွန်းပို့ပြီး တရားမဝင်သော တူးဖော်မှုများ ပြုခိုင်းကြသည်။ ဆာရိုင်းဘာလိုးရှိ ရှေးဟောင်း သုတေသနဆိုင်ရာ အကြွင်းအကျန်များကို ထိန်းသိမ်းရန် အတွက် နိုင်ငံတဝှမ်း နှင့် နိုင်ငံတကာမှ ဂရုစိုက်ရန် လိုအပ်သည်ဟု ယူနက်စကို က ဆိုသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads