ဆားလင်းကြီးမြို့
From Wikipedia, the free encyclopedia
Remove ads
ဆားလင်းကြီးမြို့
အောက်ချင်းတွင်းခရိုင်အပိုင် မြို့နယ်တနယ်ဖြစ်သည်။ ဆားလင်းကြီးမြို့သည် မုံရွာမြို့၏ တောင်ဘက်၊ ချင်းတွင်းမြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်အကျယ် အဝန်းမှာ စတုရန်းမိုင် ၂၉၆ မိုင်မျှ ဖြစ်သည်။ မြို့နယ်အတွင်း ဝါဂွမ်း၊ နှမ်း၊ ပဲ၊ ပြောင်း၊ ကုလားပဲ စသည်တို့ကို များစွာ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဆားလင်းကြီးနယ်၌ ဆားတောင်မှ တူး၍ရသော ဆားများထွက်သည်။ အောက်ချင်းတွင်းခရိုင်တွင် လူနေထူထပ်သော မြို့တစ်မြို့ဖြစ်၍၊ မြိုင်မြို့နှင့် ရေစကြိုမြို့များ သို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ ဆားလင်းကြီးမြို့၏ လူဦးရေမှာ ၂၀၁၄ခုနှစ် သန်းကောင် စားရင်းအရ ၅၅၅၃ ယောက်ခန့်ရှိလေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads