ရခိုင်ဆီမီးခွက်အက

From Wikipedia, the free encyclopedia

Remove ads

ရခိုင်ဆီမီးခွက်အကသည် ဘာသာရေးနှင့်ဆက်နွယ်သော အကတစ်မျိုးဖြစ်သည်။ ၁၉၆၂တွင် စတင်ပေါ်ပေါက်ခဲ့သည်။[ကိုးကားချက်လိုသည်] ရခိုင်လူမျိုးတို့သည် ဘာသာရေး၊ ပွဲတော်အခမ်းအနားများ ကျင်းပသည့်အခါတိုင်း ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ပူဇော်လေ့ရှိကြသည်။ ဤအကသည် မြတ်စွာဘုရားအား ဆီမီးခွက်ဖြင့်တစ်မျိုး၊ ပန်းများဖြင့်တဖုံကိုင်မြှောက်၍ ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ဖွဲ့နွဲ့သီဆိုကာ ပူဇော်ကပြကြသော ကဟန်များဖြစ်သည်။ အကမှာလည်း တည်ငြိမ်မှု၊ လေးနက်မှု၊ သိမ်မွေ့မှုတို့နှင့် ပေါင်းစပ်၍ကပြရသော အကတစ်မျိုးဖြစ်သည်။ ဤအကကို ၁၉၆၂ ခုနှစ် တောင်ကြီးမြို့ ပြည်ထောင်စုနေ့တွင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ပထမဆုံးတင်ဆက် ကပြခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads