သေယမ်ရပ်မြို့
From Wikipedia, the free encyclopedia
Remove ads
သေယမ်ရပ်မြို့ သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သေယမ်ရပ်ပြည်နယ်၏ မြို့တော်ဖြစ်သည်။
သေယမ်ရပ်ရှိ ပြင်သစ်ရပ်ကွက်ဟောင်းနှင့် ဈေးဟောင်းတဝိုက်တို့တွင် ကိုလိုနီခေတ် ဗိသုကာလက်ရာ များနှင့် တရုတ်စတိုင်လ် ဗိသုကာလက်ရာများ ရှိသည်။ မြို့တော်အတွင်းတွင် ပြတိုက်များ၊ ရိုးရာ အက်ပ်ဆာရာ အက ဖျော်ဖြေမှုများ၊ ကမ္ဘောဒီးယား ယဉ်ကျေးမှု ကျေးရွာတစ်ခု၊လက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များ၊ပိုးမွေးမြူရေး စခန်း၊ ကျေးလက် စပါးစိုက်ခင်းများ၊ တံငါရွာ နှင့် တုန်လီဆပ်ရေကန် အနီးရှိ ကျေးငှက်ဥယျာဉ် တစ်ခုတို့ အပြင် မြူးကြွ၍ မြို့ပြဆန်သော သောက်စားပျော်ပါးရာ နေရာများ ရှိသည်။
ယနေ့ခေတ်တွင် သေယမ်ရပ်သည် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ ဖြစ်သဖြင့် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များ အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသာ စီးပွားရေး လုပ်ငန်း အမြောက်အမြား ရှိသည်။ ရေပန်းအစားဆုံး ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည် အန်ကောဝပ်နှင့် နီးစပ်ခြင်းကြောင့် ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads