ကိုရီးယားဧကရာဇ်နိုင်ငံတော် စည်းတံဆိပ်
From Wikipedia, the free encyclopedia
Remove ads
ဆီးပန်းတံဆိပ်(ကိုရီးယား: 이화문; 李花紋) သို့မဟုတ် တောင်ကိုရီးယား ဧကရာဇ်စည်းတံဆိပ်တော်သည် ကိုးရီးယား အင်ပါယာ၏ သင်္ကေတများထဲမှ တစ်ခု ဖြစ်သည်။
မူလက တော်ဝင်မိသားစု၏ သင်္ကေတဖြစ်ပြီး နောက်ပိုင်းတွင် သက်တမ်းတို အင်ပါယာ၏ စည်းတံဆိပ်အဖြစ် အသုံးပြုခဲ့သည်။ သင်္ကေတတွင် ဆီးပန်း(ကိုရီးယား: 이화)ပါရှိသည်။ မယ်ဟွာ ဟု အများသိကြသော ဆီးပန်းပွင့်ကလေးများသည် ကိုရီးယားတွင် နွေဦး၏ အစကို ရည်ညွှန်းသည်။ ရုပ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့ကာ အခက်အခဲများကို ရင်ဆိုင်ရာတွင် ရဲစွမ်းသတ္တိ ရှိသော ဆီးပန်းကို ကိုရီးယားနှင့် တရုတ်စာ တတ်မြောက်သူများက နှစ်ပေါင်းများစွာ သဘောကျခဲ့ကြသည်။ ဆီးပန်းသည် ရာသီနှစ်ခုကြားတွင် ပွင့်လန်းလာသည်နှင့်အမျှ နွေးထွေးမှု၊ အသွင်ကူးပြောင်းမှုနှင့် အသီးအပွင့်များ၏ ကတိတို့ကို ဆောင်ကြဉ်းပေးသည့် နွေဦး၏ သင်္ကေတအဖြစ်လည်း ရှုမြင်ကြသည်။ ရှေးခေတ်ကတည်းက ဆီးပန်းပွင့်သည် နက်နဲသော အဓိပ္ပါယ်များနှင့် ရာဇဝင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဆောင်းရာသီအကုန်တွင် ဆီးပွင့်များပွင့်ကြပြီး ယင်းကြောင့် ၎င်းကို နွေဦး၏ သံတော်ဆင့်ဟုလည်း ခေါ်ကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads