ဆုတောင်းပြည့်ဘုရားကြီး၊ ကျိုက်မရောမြို့
From Wikipedia, the free encyclopedia
Remove ads
ဆုတောင်းပြည့်မြတ်စွာဘုရားကြီးသည် မွန်ပြည်နယ် ကျိုက်မရောမြို့တွင်တည်ရှိပြီး ခြေထောက်တော် တွဲလျားချကာ လက်နှစ်ဘက်ဘေးချထောက်ထားသော တစ်မူထူးခြားသော ဆင်းတုတော်တစ်ဆူ ဖြစ်သည်။ ဆုတောင်းပြည့်ဘုရားကြီး၏ ဉာဏ်တော် အမြင့်မှာ ၂၄ ပေရှိပြီး မျက်လုံးတော်ကို မဟူရာကျောက်ဖြင့် ပြုလုပ်ထားပြီး၊ ဦးခေါင်းတော်ကို ရုရှားစိန်များဖြင့် စီခြယ်ထားပါတယ်။ ဥဏ္ဏလုံတော်မှာ ပတ္တမြားအစစ်ဖြစ်ပြီး စိန်အစစ်များဖြင့် ရံထားပါတယ်။ နဖူးသင်းကျစ်တော်ကိုမူ ရွဲလုံးများဖြင့် လှပသပ္ပာယ်စွာ ပြုလုပ်ထားပါတယ်။ ဘုရင်မကြီး ရှင်စောပုမှ သက္ကရာဇ် ၈၁၇ ခုနှစ် တွင် ပြုပြင်မွမ်းမံ ပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၂၆၀ ခုနှစ်တွင် ဆရာတော် ဦးကေတုမာလ မှ မူလသစ်သားဆင်းတုတော်ကို ငုံလျက် အင်္ဂတေဖြင့် မူလပုံစံမပျက် ပြုပြင်ခဲ့သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads