ဆုထက်

မြန်မာ ဂိမ်းStreamer ၊ မော်ဒယ် နှင့်သရုပ်ဆောင် From Wikipedia, the free encyclopedia

Remove ads

ဆုထက် သည် သရုပ်ဆောင် ၊မော်ဒယ် နှင့် ဂိမ်း streamerတစ်ဦးဖြစ်သည်။[][]

အချက်တိုများ ဆုထက်, မွေးဖွား ...

၂၀၁၉တွင် ထုတ်လွှင့်သော အဆောင် ရုပ်သံဇာတ်လမ်းတွဲဖြင့် သူမအား လူသိများသည်။[][]

Remove ads

အစောပိုင်းဘဝ နှင့် ပညာရေး

ဆုထက်ကို စက်တင်ဘာ ၅၊ ၁၉၉၄တွင် ရန်ကုန်၌ မွေးဖွားခဲ့သည်။ သူမတွင် အစ်ကိုတစ်ယောက်ရှိသည်။ အထက ၁ ဒဂုံမှ အထက်တန်းအောင်မြင်ခဲ့ပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)တွင် အင်္ဂလိပ်ဘာသာရပ်ကို သင်ကြားခဲ့ကာ ၂၀၁၅ခုနှစ်တွင် ဘီအေဘွဲ့ ရရှိခဲ့သည်။[]

သရုပ်ဆောင် အလုပ်အကိုင်

ဆုထက်သည် Miss Myanmar International 2017တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဇကာတင် ၁၀ယောက်တွင် ပါဝင်ခဲ့သည်။ မော်ဒယ်အဖြစ် ကြိုးစားအားထုတ်မှုများကို ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများမှ သတိပြုမိပြီး မကြာမီတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရရှိခဲ့သည်။ သူမ ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ ၂၀၁၇တွင် ထုတ်လွှင့်ခဲ့သော အိမ်ထောင် ဇာတ်ကားဖြစ်သည်။
၂၀၁၈တွင် သည်းထိတ်ရင်ဖို ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော အဆောင် တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။၎င်းရုပ်သံဇာတ်လမ်းတွဲကို ဇွန် ၁၊ ၂၀၁၉ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့ပြီး ပြည်တွင်းတွင် အောင်မြင်မှုရရှိကာ သူမအားလည်း လူသိများလာခဲ့သည်။ Fortune TV Groupမှ စစ်တမ်းများ ကောက်ခဲ့ပြီး ပရိသတ်များ၏ တောင်းဆိုချက်အရ အဆောင် ဇာတ်လမ်းတွဲ အတွဲ (၂)ကို ဆက်လက်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူမသည် အဆောင် ဇာတ်လမ်းတွဲ အတွဲ (၂)တွင် ဆက်လက်သရုပ်ဆောင်ခဲ့ကာ ထိုရုပ်သံဇာတ်လမ်းတွဲကို ဇန်နဝါရီ ၁၁၊ ၂၀၂၀တွင် ထုတ်လွှင့်ခဲ့သည်။[][]၂၀၁၉တွင် ဥတုမှားတဲ့ဆောင်း ရုပ်ရှင်ဇာတ်ကားကြီးတွင် ငြိမ်းသော်၊ နန်းဆုဦး၊ ခင်ဇာခြည်ကျော်တို့နှင့် တွဲဖက်၍ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[]2018 Star Awardsပွဲတွင်လည်း သူမကို Star Fairyအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။၂၀၂၀တွင် Yangon In Love ရုပ်ရှင်၌ အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။[]

Remove ads

Streaming လုပ်ငန်း

၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် Streamingစတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် CS: GO နှင့် အခြားအွန်လိုင်းဂိမ်းများကိုဆော့သော ပထမဆုံးအမျိုးသမီး Streamerများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုနှစ်ကုန်တွင် ရေပန်းအစားဆုံး ပြည်တွင်း ဂိမ်းstreamerများတွင် ပါဝင်လာခဲ့သည်။[]၂၀၁၉တွင် စင်္ကာပူနိုင်ငံအခြေစိုက် Impunity Esportsအဖွဲ့မှ သူမကို Brand Ambassadorအဖြစ်ခန့်အပ်ခဲ့သည်။[]

ရိုက်ခဲ့သော ဇာတ်ကားများ

ရုပ်ရှင်ဇာတ်ကားများ

  • အိမ်ထောင်(၂၀၁၇)
  • ဥတုမှားတဲ့ဆောင်း(၂၀၂၀)
  • Yangon In Love

ရုပ်သံဇာတ်လမ်းတွဲများ

နောက်ထပ် အချက်အလက်များ ရိုက်ကူးခဲ့သော ခုနှစ်, ဇာတ်လမ်းတွဲ အမည် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads