ဆူးပုပ်ကြီး

ဆူးပုပ်ကလေးပင်လည်းရှိသေးသည်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ပေါက်ရောက်သည်၊မိုးဦးကျရာသီ From Wikipedia, the free encyclopedia

ဆူးပုပ်ကြီး
Remove ads

ဆူးပုတ်ကြီးပင် သို့မဟုတ် ဆူးရစ်ပင်ကို ရုက္ခဗေဒအလိုအားဖြင့် 'အကေးရှား ပင်နာတာ (Acacia pennata) ' ဟု ခေါ်သည်။ မျိုးရင်းမှာ 'လီဂူမီနိုး စီအီးLeguminosae Jussieu ' ဖြစ်သည်။ ဆူးရစ်ပင်သည် ဆူးများရှိသော ချုံပင်ကြီးမျိုးဖြစ်သည်။ နွယ်၍ တက်တတ်သည်။ အရွက်အနံ့မှာပြင်း၍ ထိုအနံ့ဖြင့် ဆူးရစ်မှန်း သိသာသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပွင့်သည်။ သီးတောင့်များသည် ၄ လက်မမှ ၈ လက်မအထိ ရှိသည်။ အရွက်သည် ဆေးဖက်ဝင်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ရသည်။ ဆူးရစ်ကို ဆူးပုပ်ကြီးဟူ၍လည်း ခေါ်သည်။

အချက်တိုများ Senegalia pennata, မျိုးရိုးခွဲခြားခြင်း ...
Remove ads

ပုံသဏ္ဌာန်

အပင်

နွယ်ပင်မျိုးဖြစ်၍ ပင်စည်အသားမာသည်။ အခေါက်ပါးသည်။ တစ်ပင်လုံး ဆူးများရှိ၏။ အရွက် - နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်၍ ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၃၀-၆၀ စုံ ထိပါရှိသည်။ ရွက်မြွှာများ အလွန်သေးငယ်ပြီး ရှည်မျောမျောပုံ ရှိ၏။ ခပ်စိပ်စိပ် မျက်နှာချင်းဆိုင် ထွက်သည်။(ရှားရွက်နှင့် သဏ္ဌာန်တူသည်။) ရွက်ညှာရင်း ဖောင်းပြီး ရွက်ညှာကျောဘက်တွင် ဆူးရှိ၏။

အပွင့်

ပန်းပွင့်သည် အဖြူရောင် သို့မဟုတ် ဖြူဝါရောင် ရှိသည်။ နယုန်လမှ ဝါခေါင်လအထိ ပွင့်သည်။

အသီး

အသီးတောင့် ခပ်ပြားပြား ဖြစ်ပြီး ဖြောင့်မတ်သည်။ အသီးအက်ကြောင်း ထင်ရှားသည်။ အစေ့ အဝါရောင် သို့မဟုတ် အညိုရောင်ရှိသည်။ အစေ့ ၈-၁၂ စေ့ထိ ပါသည်။ တန်ဆောင်မုန်း လမှ ပြာသိုလအတွင်း အသီး ရင့်မှည့်သည်။

Remove ads

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

အရွက်၊ အမြစ်။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျ ပေါက်ရောက်သော်လည်း ခြံဝင်းများ အတွင်း၌ စားပင်အလို့ငှာ အသင့်အတင့် စိုက်ပျိုးကြသည်။

အသုံးဝင်ပုံ အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ဆူးပုပ်ကြီးသည် ခါး၏၊ ဖန်၏၊ သွေးဖောက်ပြန်ခြင်း၊ လေသည်းခြေနှင့် ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ မီးယပ်ရောဂါ၌ မြွေဆိပ်နှင့်တူသော သွေးကို ကြေစေ၏။

အသုံးပြုပုံ

အရွက်ကို ပြုတ်၍‌‌‌ သော်လည်းကောင်း ကြက်ဥ ဘဲဥနှင့်‌ ‌ရောနှော ကြော်၍သော်လည်းကောင်း သုံးဆောင်နိုင်သည်။ မြန်မာပြည်တွင် ပဲဟင်းချိုတွင် ထည့်၍ ချက်သည်ကိုလည်းတွေ့ရသည်။ ၁ ။ ဆူးပုပ်ရွက်ကို စားခြင်းဖြင့် အသားမာပေါက်ခြင်းကို ပျောက်စေသည်။ ၂။ အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကို လည်းကောင်း၊ အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။ ၃။ အစာမကြေရောဂါ၊ သွားဖုံးမှ သွေးယိုစီးခြင်း ရောဂါများ အတွက်လည်း သုံး၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads