ဆူးသွား

From Wikipedia, the free encyclopedia

ဆူးသွား
Remove ads

ဆူးသွား ဆိုသည်မှာ ကြိတ်စားရာတွင်သုံးသည့် တန်ဆာပလာတမျိုးဖြစ်ပြီး စက်မှုလုပ်ငန်းများတွင် တွင်ကျယ်စွာအသုံးပြုသည်။ ဆူးသွားဖြင့် မျက်နှာပြင်ဖော်ခြင်း၊ အခုံးအခွက်ဖော်ခြင်း စသည်တို့တွင် အသုံးချနိုင်သည်။

Thumb
မြောင်းဖော် ဆူးသွား (ယာ၊ အပေါ် )၊ ပုံမှန် ဆူးသွား (ယာ၊ အလယ်) နှင့် ထိပ်လုံး ဆူးသွား (ယာ၊ အောက်) တို့အား တွေ့ရပုံ

အမျိုးအစားများ

အမျိုးအစားများစွာရှိသော်လည်း ဘေးတိုက်စား ဆူးသွား (Side End Mill) နှင့် ထိုးစား ဆူးသွား (Face End Mill) ဟူ၍ အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ သို့သော်လည်း ဖြတ်နား (flute) အရေအတွက်၊ ကြောင်လိမ်ထောင့် (helix angle) အကြီးအသေး၊ သုံးသည့် သတ္တု၊ ဖုံးသည့် သတ္တု (coating material) တို့အပေါ် မူတည်၍ မျိုးကွဲ အများအပြား ထပ်ရှိပြန်သည်။

ယခင်က ပုံမှန်ဆူးသွားများကို တွင်ကျယ်စွာ အသုံးချခဲ့သော်လည်း ယခုမူ အသွားတပ် (inserted) ဆူးသွားမှာ စရိတ်သက်သာသည့် အစားထိုးစရာတခု ဖြစ်လာသည်။ အသွားတပ်ဆူးသွားမှာ စရိတ်အားဖြင့် ကြီးမြင့်သည်ဟု ထင်စရာရှိသော်လည်း ဖြုတ်တပ်ချိန် မြန်ဆန်ခြင်း၊ တုံးသွား ပဲ့သွားသည့် အသွားကိုသာ လဲလှယ်ရန် လိုခြင်းတို့ကြောင့် ရေရှည်တွင် တွက်ချေကိုက်သည်။

ဈေးနှုန်းအား ကိုယ်ထည် (shank) နှင့် စားနိုင်သည့် လုံးပတ် (cutting diameter) တို့အပေါ် အဓိကထားသတ်မှတ်ကြသည်။

Remove ads

ပုံပန်းသဏ္ဌာန်

အသုံးပြုလိုသည့် အနေအထားပေါ်မူတည်ကာ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်နိုင်သည်။ အသုံးများသည့် ပုံစံများမှာ လေးထောင့် ဆူးသွား (Square End Mill)၊ ထိပ်လုံး ဆူးသွား (Ball End Mill)၊ အကာစား ဆူးသွား (Shell End Mill)၊ မြောင်းဖော် ဆူးသွား (T-slot End Mill) တို့ ဖြစ်သည်။

အသုံးပြုသည့် သတ္တု

ဆူးသွားထုတ်လုပ်ရန် အမျိုးမျိုးသော သတ္တုကို အသုံးပြုနိုင်သော်လည်း ထုတ်လုပ်ချိန်မြန်ဆန်စေသည့် ကာဘိုက် (Carbide) မှာ အသုံးများသည်။ အထူးတလည်ပြုလုပ်ရသည့်ပုံစံများတွက် သံမဏိ (High-Speed Steel) ကို အသုံးပြုသော်လည်း တုံးလွယ်၊ ကျိုးလွယ်သောကြောင့် အရေအတွက်အများအပြားထုတ်လုပ်လိုပါက အသုံးမတည့်လှပေ။ အသွားတပ် ဆူးသွားများတွင်မူ ကြွေသားဖုံး (Ceramic) နှင့် စိန်သားဖုံး (Diamond) ဆူးသွားများ ရနိုင်မည် ဖြစ်သည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads