ဆေဂိုဗီယာမြို့
From Wikipedia, the free encyclopedia
Remove ads
ဆေဂိုဗီယာမြို့ သည် စပိန်နိုင်ငံရှိ မြို့တော်တစ်ခုဖြစ်ပြီး ကပ်စတိုင်းနှင့် လီယွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းတွင် တည်ရှိသည်။ ၎င်းသည် ဆေဂိုဗီယာခရိုင်၏ မြို့တော်နှင့် လူဦးရေ အများဆုံး စည်ပင်သာယာနယ်နိမိတ် ဖြစ်သည်။
ဆေဂိုဗီယာမြို့သည် အတွင်းပိုင်း ကုန်းမြေမြင့်တွင် တည်ရှိပြီး ဆစ်စတီးမား အလယ်တောင်တန်း၏ မြောက်ဘက်ကုန်းစောင်းတွင် တည်ရှိကာ အဲရက်စမာမြစ်ကြောင်း ၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။
မြို့တော်သည် သမိုင်းဝင် အဆောက်အဦးများကြောင့် ထင်ရှားပြီး အဓိက ထင်ရှားသည့် အဆောက်အဦး ၃ ခု ရှိသည်။ ၎င်းတို့မှာ မြို့လယ်ခေါင်ရှိ ရောမခေတ် ရေသဘ်တံတား၊ ကက်သီဒရယ် ဘုရားရှိခိုးကျောင်း (ဥရောပတွင် ဂေါသစ်ပုံစံဖြင့် နောက်ဆုံးတည်ဆောက်ခဲ့သော ဘုရားကျောင်းများတွင် တစ်ခုအပါအဝင် ဖြစ်သည်။) နှင့် ရဲတိုက်တို့ဖြစ်ပြီး ရဲတိုက်မှာ ဝေါ့ဒစ်စနေး ကုမ္ပဏီ၏ စင်ဒရဲလား ရဲတိုက်အတွက် နမူနာယူထားသော ပုံစံဖြစ်သည်။ ဆေဂိုဗီယာမြို့လယ်ခေါင်အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၈၅ တွင် စာရင်းထည့်သွင်းခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads