ငှက် ပြောင်းရွှေ့နေထိုင်ခြင်း

From Wikipedia, the free encyclopedia

ငှက် ပြောင်းရွှေ့နေထိုင်ခြင်း
Remove ads

ဆောင်းခိုငှက် ဆိုသည်မှာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် ငှက်များသည် တစ်နေရာမှ တစ်နေရာသို့ ခေတ္တပြောင်းရွှေ့ နေထိုင်သော ငှက်များကို ခေါ်ဆိုသည်။ ကမ္ဘာ့အအေးပိုင်းဒေသရှိ ငှက်များသည် ဆောင်းရာသီတွင် ၎င်းတို့ နေထိုင်ရာအရပ်များ၌ အလွန်အေးသောကြောင့် အအေးသက်သာသော အရပ်ဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်တတ်ကြသည်။

Thumb
ဆောင်းခိုငှက်များ

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက် ပုံမှန်လာ ရောက်ချိန်သည် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလ ပထမအပတ်ထိ လာရောက်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဆောင်းခိုငှက် ပုံမှန်လာရောက်လေ့ရှိသော ရေတိမ်ဒေသများမှာ အင်းတော်ကြီးကန်နှင့် အင်းလေးကန် ဘေးမဲ့တော တို့ ဖြစ်သည်။ အင်းလေးကန်တွင် လာရောက်သော ဆောင်းခိုငှက်များ သည် ဆိုက်ဘေးရီးယားဒေသမှ လာရောက်ကြသည်။ အင်းတော်ကြီးကန်သို့ တရုတ်ရုရှား တို့မှ ဆောင်းခိုငှက်များဝင်ရောက်ကြောင်း သိရှိရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads