ဆောင်းဒါး ရက်ကန်းကျောင်း

From Wikipedia, the free encyclopedia

Remove ads

ဆောင်းဒါး ရက်ကန်းကျောင်း(Saunder's Weaving Institute)

ဆောင်းဒါး ရက်ကန်းကျောင်းသည် မြန်မာပြည်တွင် ပထမဆုံး တည်ထောင်ဖွင့်လှစ်ခဲ့သော ရက္ကန်းကျောင်း ဖြစ်သည်။ အမရပူရမြို့(တောင်မြို့)ရှိ စစ်ကိုင်း-မန္တလေးလမ်းမ ပေါ်တွင် တည်ရှိသည်။

Thumb
ဆောင်းဒါးရက်ကန်းကျောင်း ( အမရပူရမြို့(တောင်မြို့)ရှိ စစ်ကိုင်း-မန္တလေးလမ်းမ)

သမိုင်းကြောင်း

မြန်မာနိုင်ငံသို့ လွန်းပျံ စက်ရက်ကန်းများ ရောက်ရှိလာပုံကို အနည်းငယ် ဖော်ပြလိုသည်မှာ ၁၈၉၀ ပြည့်နှစ်က အိုင်စီအက်စ် အရာရှိ မစ္စတာ ဘာကဲလ်သည် အင်္ဂလန်နိုင်ငံမှ လွန်းပျံရက်ကန်း ပညာအတတ် တတ်ကျွမ်းသူ မစ္စတာ ဘင်တန်ကို ခေါ်ယူပြီး မြန်မာပြည် အကျဉ်းထောင်များတွင် စတင် သင်ကြားစေသည်။ မစ္စတာဘင်တန်ကို ကြည့်မြင်တိုင် ကရင်နှစ်ချင်းသာသနာပြုအသင်းတွင် ရက်ကန်းနည်းပြဆရာအဖြစ် ခန့်ထားလိုက်သည်။ ထိုအသင်းများက လွန်းပျံရက်ကန်းပညာကို ကျေးလက်တောရွာများသို့ တဆင့် သင်ပေးသည်။ ရက်ကန်းဆရာ မစ္စတာဘင်တန် ကွယ်လွန်သောအခါ ရက်ကန်းပညာကို ဂရုတစိုက် မရှိတော့ပေ။

သက္ကရာဇ် ၁၂၇၂-ခုနှစ်လောက်တွင် မြန်မာပြည် တရားဌာနမင်းကြီး ဖြစ်သူ မစ္စတာဆောင်းဒါးသည် လွန်းပျံရက်ကန်းပညာကို ထပ်မံအသက်သွင်း ပြန်လေသည်။ အင်္ဂလန်ပြည်မှ လွန်းပျံတစ်ခု မှာယူ၍ ထိုလွန်းပျံနှင့် ရက်လုပ်နိုင်သော ရက်ကန်းစင်များကို စီမံပြုလုပ်သည်။ ၁၂၇၄-ခုနှစ်တွင် အမရပူရမြို့တွင် လွန်းပျံရက်ကန်းများ အောင်မြင်စွာ ပေါ်ထွန်းလာသည်။ သမဝါယမ ဝန်ထောက်မင်း ဦးမောင်မောင်ပြားနှင့် အဖွဲ့သားတို့၏ လှုံ့ဆော်မှုကြောင့် ၁၂၇၆-ခုနှစ်တွင် မင်းကြီးဆောင်းဒါး၏ အမည်ကို ယူပြီး `ဆောင်းဒါးရက်ကန်းကျောင်း´တည်ထောင်ခဲ့သည်။

၁၉၂၁-ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာရက်ကန်း ပညာသည် ဦးရေ ၁၄၁၅၁၉ မျှရှိ၍ ရက်လုပ်သော ချည်ခင်နှင့် ပိုးခင်များမှာ ပေါင်ချိန် သိန်း ၁၀ဝ မျှရှိသည်။ ရက်လုပ်ပြီးသော အထည်ကိုက်ပေါင်း ၄-ကုဋေ၊ အထည်တန်ဘိုး ၁-ကုဋေ မျှပင် ရှိလေသည်။ ရက်လုပ်သော ပိုးရိုင်းများ တစ်နှစ်အတွင်း ပေါင်ချိန် ၄-သိန်း ရက်လုပ်ပြီး ပိုးထည်သန့်သန့် ကိုက်ပေါင်း ၁၅ သိန်း၊ တန်ဘိုး၃၅-သိန်း မျှဖြစ်သည်။ မြန်မာ့ရက်ကန်းမှ ထွက်သည့် ချည်ခင်ပိုးထည် ပစ္စည်းတန်ဖိုးမှာ စုစုပေါင်း ၁၃၅-သိန်းမျှ ရဘူးကြောင်း ဆောင်းဒါးရက်ကန်းကျောင်းအုပ်ကြီး အန်ဘီမန်ဒီ၏ အစီရင်ခံစာအရ သိရသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads