ဆောင်းဦး

From Wikipedia, the free encyclopedia

ဆောင်းဦး
Remove ads

ဆောင်းဦးရာသီ(အင်္ဂလိပ်ဘာသာတွင် Autumn ဟုသုံးနှုန်း၍ အမေရိကန်နှင့် ကနေဒီယန်အင်္ဂလိပ်စာတွင် fall ဟုသုံးသည်။[]) သည် သမပိုင်း ရာသီ လေးခုတွင် ပါဝင်ပြီး နွေရာသီမှ ဆောင်းရာသီအကြားတွင် တည်ရှိသည်။ မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာလမှ စတင်ပြီး တောင်ကမ္ဘာခြမ်းတွင် မတ်လမှ စတင်သည်။ ဆောင်းဦးဝင်လာသည်နှင့် နေ့အလင်းရောင်ရရှိမှုသည် သိသိသာသာ တိုတောင်းသွားပြီး အအေးဓာတ်သည်လည်း တဖြည်းဖြည်း ပို၍လာကာ ရွက်ပြတ်ပင်တို့မှ ကြွေကျလာသော ရွက်ကြွေတို့သည် ရာသီ၏ သွင်ပြင်ကို လှစ်ဟနေသကဲ့သို့ ရှိသည်။

Thumb
Thumb
Thumb
Thumb
Thumb
Thumb
နောက်ထပ် အချက်အလက်များ ဥတုလေးပါး ပြက္ခဒိန်, မုန်တိုင်းများ ...

ရှည်လျားပူပြင်းသော ရာသီမှလွန်လာကာ ဆောင်းဦးရာသီစဝင်လာနှင့် ဆောင်းဦးအလယ်ကဲ့သို့ အချို့သော ယဉ်ကျေးမှုတို့သည် ဆောင်းဦးကာလ နေ့ညညီချိန်တို့နှင့် ဆက်နွယ်နေသည်။[] မိုးလေဝသပညာရှင်များ (အထူးသဖြင့် တောင်ကမ္ဘာခြမ်းရှိ အပူပိုင်းနိုင်ငံအများစုတွင်)[] ဆောင်ဦးကာလကို မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ၊ တောင်ကမ္ဘာခြမ်းတွင် မတ်၊ ဧပြီနှင့် မေလများအဖြစ် ဂရီဂေါရီးယန်းပြက္ခဒိန်မှ လများကို အခြေခံ၍ သတ်မှတ်ထားသည်။[]

မြောက်အမေရိကတွင် ဆောင်းဦးကာလကို စက်တင်ဘာ နေ့ညညီချိန်(၂၁ - ၂၄ စက်တင်ဘာ)[]တွင် စတင်ပြီး ဒီဇင်ဘာလ၏ ယဉ်စွန်းချိန်(၂၁- ၂၂ ဒီဇင်ဘာ)[]တွင် ပြီးဆုံးသည်ဟု မှတ်ယူကြသည်။ မြောက်အမေရိက၏ အလုပ်သမားနေ့သည် စက်တင်ဘာလ၏ ပထမဆုံး တနင်္လာနေ့ဖြစ်ရာ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးကာလစတင်ပြီမို့ အဖြူရောင်အင်္ကျီများဝတ်ဆင်ခြင်းကဲ့သို့ နွေကာလတုန်းက စောင့်စည်းပြုမှုဖွယ် အမူကိစ္စအားလုံးမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။[] နေ့ခင်းနှင့် ညခင်းအပူချိန်တို့လည်း လျော့ကျလာကာ ရော်ရွက်တို့လည်း ကြွေကျလာကြပြီ ဖြစ်သည်။[] အရှေ့အာရှရိုးရာပြက္ခဒိန် (solar term)များတွင် ဆောင်းဦး သည် ဩဂုတ်လ ၈ ရက် သို့မဟုတ် ထိုရက်တဝိုက်တွင် စတင်ပြီး နိုဝင်ဘာ ၇ ရက်နှင့် ထိုရက်ပတ်လည်တွင် ကုန်ဆုံးသည်ဟု ဆိုကြသည်။ အိုင်ယာလန်နိုင်ငံတွင် အမျိုးသား မိုးလေဝသဌာန ( Met Éireann) အရ ဆောင်းဦးလများမှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သည်။[] ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများတွင် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့သည် တရားဝင် ဆောင်းဦးရာသီကာလ ဖြစ်သည်။[၁၀]

Remove ads

ခရီးသွားလုပ်ငန်း

ရွက်ပြတ်ပင်ရှိရာဒေသများလိုပင် ဆောင်းဦး၌ အရွက်များ အရောင်ပြောင်းလဲသွားခြင်းကို တွေ့ရသော်လည်း အထူးသဖြင့် မြောက်အမေရိကရှိ ဒေသအများအပြား၊ အရှေ့အာရှ(တရုတ်ကိုရီးယားနှင့် ဂျပန်တို့ပါဝင်)၊ ဥရောပ၊ ပန်တာဂိုးနီးယားဒေသရှိ သစ်တောများ၊ ဩစတေးလျအရှေ့ပိုင်းနှင့် နယူးဇီလန် တောင်ပိုင်းကျွန်းတို့တွင် ဆောင်ဦးသစ်ရွက်ရောင်များကို ကြည့်ရှုနိုင်သည်။

ကနေဒါအရှေ့ပိုင်းနှင့် နယူးအင်္ဂလန်တို့၏ ဆောင်းဦးအရွက်ရောင်များသည် ထင်ရှားလှပြီး[၁၁][၁၂] ခရီးသွားများကို အဓိက ဆွဲဆောင်မှုဖြစ်ခဲ့ရာ ဒေသအတွက် ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာအများအပြားကို ရှာဖွေပေးနိုင်ခဲ့သည်။[၁၃][၁၄]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads