ဆေးဒန်း

ဓာတုဒြပ်ပေါင်း From Wikipedia, the free encyclopedia

ဆေးဒန်း
Remove ads

ဆေးဒန်း(Arsenic trisulfide)သည် စိန်သတ္တုနှင့် ကန့်ရောစပ်သော စိန်သတ္တု ရိုင်းတစ်မျိုးဖြစ်သည်။ ဆေးဒန်းတွင် ဆေးဒန်းရွှေဝါ၊ ဆေးဒန်း နီဟူ၍ ဆေးဒန်းအမျိုးကွဲများရှိသည်။ ဓာတုဗေဒ အလိုအားဖြင့် ဆေးဒန်းသည် အာစနစ် ဆာလဖိုက်(ဒ) ဖြစ်၍၊ ယင်းကို အင်္ဂလိပ်လို 'အောပီမင့်'၊ တစ်နည်း၊ အာစနစ်အဝါဟူ၍ ခေါ် သည်။ ဆေးဒန်းကို သဘာဝအလျောက် မြေတွင်းမှ တူးယူရနိုင် သည့်အပြင် ဓာတ်တို့ကိုရောစပ်၍လည်း စီမံယူနိုင်သည်။ ဆေးဒန်းရွှေဝါကို အာစနစ် တြိုင်ဆာလဖိုက် (ဒ) ဟူ၍ ၎င်း၊ အာစနစ်ယပ် ဆာလဖိုက်(ဒ)ဟူ၍လည်းကောင်း၊ ဆာလဖို အာစနီ ယပ် အင်ဟိုင်ဒြိုက်ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ကြ၏။ ဆေးဒန်း ရွှေဝါ၌ အာစနစ်ရာခိုင်နှုန်း ၆၁ ပါရှိသည်။ သဘာဝအလျောက် အတုံးအခဲများဖြစ်သည်။ အခြားဆေးဒန်းတစ်မျိုးမှာ ဆေးဒန်း နီဖြစ်၍၊ ယင်းကို အာစနစ် ဒိုင်ဆာလဖိုက်(ဒ)ဟူ၍ ခေါ်သည်။ ဆေးဒန်းနီ၌ အာစနစ်ရာခိုင်နှုန်း ၇၁.၁ ပါရှိသည်။ သဘာဝ အလျောက် ပုံဆောင်ခဲ (ခရစ္စတယ်) ကလေးများဖြစ်၏။ ဆေးဒန်းနီသတ္တု ရိုင်းကို 'ရီအဲလဂါး (Realgar)'ဟူ၍လည်း ခေါ်သည်။

Thumb
ဆေးဒန်းရွှေဝါတွင်းထွက်။

ဆေးဒန်းကို ရှေးအခါကတည်းကပင် ဆိုးဆေးပြုလုပ်ရာ ၌၎င်း၊ ဆေးဝါးဖော်စပ်ရာ၌၎င်း အသုံးချခဲ့ကြသည်။ ယခုအခါ သားရေနယ်လုပ်ငန်း၊ အထည်ဆေးဆိုးလုပ်ငန်း၊ ပန်းရိုက် လုပ်ငန်း၊ ရာဘာချက်လုပ်ငန်းများ၌ အသုံးချကြသည်။ တရုတ် နိုင်ငံတွင် ဆေးဒန်းကို တက်ဖျား ကျဖျားကုသရာ၌ သုံးခဲ့ကြ၍၊ တူရကီ နိုင်ငံတွင် သားရေအမွေးချွတ်ရာ၌ သုံးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အဂ္ဂိရတ်ထိုးရာ၌၎င်း၊ ဆေးဝါးဖော်စပ် ရာ၌ ၎င်း ဆေးဒန်းကိုအသုံးချကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads