ဆဲလျူလို့

From Wikipedia, the free encyclopedia

ဆဲလျူလို့
Remove ads

ဆဲလျူလို့ (Cellulose)သည် အပင်ဆဲများ၏ နံရံတွင်ပါရှိသော ဓာတ်ပစ္စည်းဖြစ်သည်။ ထိုပစ္စည်းသည် ကာဗိုဟိုက်ဒရိတ်ဖြစ်၍ ယင်း၌ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တို့ ပါဝင်သည်။ ဓာတုဗေဒ ဖော်မျူလာဖြင့် (C
6
H
10
O
5
)
n
ဟု ဖော်ပြသည်။ ဆဲလျူလို့သည် ကစီ၊ သကြားတို့နှင့် နီးစပ်၏။ အပင်အားလုံးတွင် ဆဲလျူလို့ ရာခိုင်နှုန်း ၃ဝ ကျော် ပါရှိသည်။ အပင်စိမ်းမှန်သမျှသည် ဆဲလျူလို့ကိုလုပ်ယူနိုင်၏။ အပင်သည် "ဖိုတို ဆင်သဆစ် (Photosynthesis)" နည်းဖြင့် သကြားကို လုပ်ယူပြီးလျှင် သကြားအချို့ အဝက်ကို ဆဲလျူလို့အဖြစ် ပြောင်းပစ်သည်။

အချက်တိုများ အမှတ်အသားများ--> --> --> --> ----- templatepar ----- -->, ဂုဏ်သတ္တိများ ...

ဆဲနံရံများ၌ရှိသော ဆဲလျူလို့သည်အပင်၏အမြစ်နှင့် ပင်စည်တို့ကို တောင့်တင်းခိုင်မာစေသည်။ ဆဲလျူလို့နှင့် ကစီသည် ဓာတ်သဘောအရ ဖွဲ့စည်းပုံချင်း ဆင်တူသည်။ သို့ရာတွင် ကစီသည် ဆဲလျူလို့ထက် ကြေလွယ်သည်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့တွင် ဆဲလျူလို့ပါရှိသည်။ အစာချေရာ၌ ဆဲလျူလို့သည် များစွာ အရေးပါအရာရောက်သည်။ အစာ၌ ဆဲလျူလို့ များများပါလျှင် အစာ မြန်မြန်ကြေ၍ ဝမ်းမချုပ်နိုင်ပေ။

ဆဲလျူလို့သည် ရေစိုသောအခါ ပွထသည်။ ရေထဲတွင် မပျော်ဝင်နိုင်ပေ။ ပစ္စည်းအနည်းငယ်လောက်နှင့်သာ ဓာတ်ဖက် ခြင်းရှိ၍ ဓာတ်ခန်းများတွင် ဆဲလျူလို့ကို အရည်စစ်စက္ကူ လုပ်ရန် အသုံးပြုသည်။ စက္ကူ၌ ဆဲလျူလို့အပြည့်နီးပါးမျှ ပါရှိ၏။ သစ်သား၌လည်း ဆဲလျူလို့ အပြည်နီးပါး ပါရှိသည်။ ဝါဂွမ်းထဲက ဆဲလျူလို့ကို နိုက်ထရစ်အက်ဆစ်၊ ဆာလဖျူရစ် အက်ဆစ်တို့နှင့် ရောစပ်ယူလျှင် နိုက်ထရိုဆဲလျူလို့ခေါ်သော ပစ္စည်းကို ရရှိသည်။ ထိုပစ္စည်းဖြင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကို ပြုလုပ်ယူနိုင်သည်။ ဆဲလျူလို့၊ နိုက်ထရစ်အက်ဆစ်၊ ဆာလဖျူရစ်အက်ဆစ်တို့ကိုပင် အချိုး တစ်မျိုးဖြင့်ရောစပ်၍ အရောင်တင်ဆေး၊ ချိပ်ဆေး၊ ဆဲလျူ လွိုက် စသည်တို့ကို ဖော်စပ်ယူနိုင်သေးသည်။ ထိုဆဲလျူလို့ နိုက်ထရိတ်ကို ပိုင်ရော့ဆလင်ဟု ခေါ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads