ဆွန်ဂို အွန်အားရာ

From Wikipedia, the free encyclopedia

ဆွန်ဂို အွန်အားရာ
Remove ads

ဆွန်ဂို အွန်အားရာ သည် တန်ဇေးနီးယားနိုင်ငံ တောင်ပိုင်း ဆွာဟီလီ ကမ်းရိုးတန်းရှိ ကျောက်တုံးမြို့ တစ်မြို့၏ အပျက်အစီးများ ဖြစ်သည်။ ထိုကျောက်တုံးမြို့အတွင်း ၁၄ရာစုမှ ၁၆ ရာစု အတွင်း လူနေထိုင်ခဲ့သည်။ [] ဆွန်ဂိုအွန်အားရာ အား အနီးအနားရှိ ကေလ်ဝါ ကစ်ဆီဝါနီ နှင့် အတူ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၁ ခုနှစ် တွင် သတ်မှတ်ခဲ့သည်။ [] ရှေးဟောင်း သုတေသန ပညာရှင် တို့သည် ဗလီ ၆ ခု၊ သင်္ချိုင်း ၄ ခု ၊ ၂ဒါဇင်မျှသော အိမ်များ နှင့် ဝင်းခတ်ထားသော နေရာ ၃ ခု တို့ကို ကျွန်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ [] ဆွန်ဂို အွန်အားရာအား သန္တာကျောက်ကြမ်း များ နှင့် အင်္ဂတေများကို အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [] ထိုကျောက်တုံးမြို့သည် အိန္ဒိယ သမုဒ္ဒရာ အတွင်း တည်ဆောက်ခဲ့သော ကုန်သွယ်ရေးမြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်ခဲ့သည်။ []

အချက်တိုများ ကေလ်ဝါ ကစ်ဆီဝါနီရှိ အပျက်အစီးများ နှင့် ဆွန်ဂို အွန်အားရာရှိ အပျက်အစီးများ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads