ဇနပဒကလျာဏီသုတ်

From Wikipedia, the free encyclopedia

Remove ads

[] သုမ္ဘဇနပုဒ် သေဒကနိဂုံးဝယ် ဘုရားရှင် သီတင်းသုံးနေတော်မူစဉ် အပြစ်ခြောက်ပါးကင်းပ ကောင်းခြင်းငါးဝနှင့် ပြည့်စုံလှပသော ဇနပဒကလျာဏီ ကပြသီဆိုနေသော ကပွဲသဘင်၌ လူများလာရောက်၍ ကြည့်ရှုနားဆင်နေကြရာ၌ သတ်မည့်သူသတ်သမားက ဆီဖိတ်ကျရာ၌ အသတ်ခံရမည့် အသက်ရှင်လို ချမ်းသာလိုသော နခမ်းရေးနှင့်အမျှ ဆီအပြည့်ထည့်ထားသော ဆီခွက်ကိုကိုင်၍ ပွဲလမ်းသဘင်အလယ်၌ သွားလာနေသော ယောက်ျားကဲ့သို့ ထို့အတူ ကာယဂတာသတိကို ဘာဝိတ, ဗဟုလီကတ, ယာနီကတ,ဝတ္ထုကတ, အနုဋ္ဌိတ, ပရိစိတဖြစ်အောင် ပွားများကြရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌လည်း အမျိုးသမီးတို့၏ အပြစ်ခြောက်ပါး၊ ကောင်းခြင်းငါးဖြာတို့ကို အပြည့်အစုံ ဖွင့်ပြထားပါသည်။ []

[]

Remove ads

ဇနပဒကလျာဏီသုတ်

အခါတစ်ပါး မြတ်စွာဘုရားသည် သုမ္ဘတိုင်း သေဒကနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့ကို ခေါ်တော်မူ၍ အမိန့် ရှိတော်မူ၏၊

ရဟန်းတို့ ဇနပဒကလျာဏိသုတ္တ ဥပမာသော်ကား ... ဇနပဒကလျာဏီ, ဇနပဒကလျာဏီဟုပြောကြားကာ လူအပေါင်း စုဝေး နေပေရာ၏၊ ဇနပဒကလျာဏီသည် အက, အဆို အလွန်ကောင်းမွန်လှပေ၏၊ ထိုဇနပဒကလျာဏီ ကပွဲသဘင်၌ လူအပေါင်းသည် အတိုင်းထက်အလွန် ကောင်းချီးပေးလျက် စုဝေးနေပေရာ၏၊ ထိုကပွဲသဘင်သို့ (ပင်ကိုရင်းသဘောအားဖြင့်) အသက်ရှည်လို့, သေခြင်းကို မလိုလား, ချမ်းသာကိုသာ လိုလားနှစ်သက်, ဆင်းရဲမှု မှန်သမျှ ရွံမုန်း စက်ဆုတ်လှသော ယောက်ျား တစ်ယောက် ရောက်၍ လာရာ၏၊ ထိုသူကို အမောင် “ဤအနားရစ်ပြည့်ဆီခွက်ကို ဇနပဒကလျာဏီနှင့် ပွဲကြည့် ပရိသတ် အကြား ဆောင်ယူသွားရမည်၊ ဆီခွက် ဖိတ်စင်ရာ အရပ်၌ သင့်ဦးခေါင်းကို ဖြတ်ဖို့ရန် သန်လျက်ချီမိုး ချိန်ရွယ်သော လူတစ်ယောက်လည်း နောက်က ထက်ကြပ်မကွာလိုက်ပါ လာလိမ့်မည်”ဟု သေဘေးဖြင့် ခြိမ်းချောက် ပြောဆို စေခိုင်းပေရာ၏၊ ရဟန်းတို့ သင်တို့ စိတ်တွင် အဘယ်သို့ အောက်မေ့ မှတ်ထင် ကြမည်နည်း၊ ထိုယောက်ျားသည် ဆီခွက်ကို နှလုံးမသွင်း အပြင်အပအာရုံ၌ မေ့မေ့လျော့လျော့ဖြင့် ဆောင်ယူသွားနိုင်ပါမည် လောဟု မေးတော်မူ၏၊ အရှင်ဘုရား ထိုသို့ကား မဖြစ်နိုင်ပါ ဘုရားဟု လျှောက်ထားကြကုန်၏၊ ရဟန်းတို့ အနက်အဓိပ္ပါယ်ကို သိစေလို၍ ဥပမာကို ကြံဆဆောင်ပြခြင်း ဖြစ်ပေသည်၊ ဤဥပမာ၌ အနားရစ်ပြည့် ဆီခွက်ဟူသည် ကာယဂတာသတိဟု သိစေလိုရင်းဖြစ် ပေသည်၊ ရဟန်းတို့ ဆောင်ပြအပ်သော ဆီခွက်ကိုင်ယောက်ျားအတူ ငါတို့သည် ကာယဂတာသတိကို ပွါးများသင့်သည်ဟု နှလုံးသွင်း ကျင့်သုံးနေထိုင်ကြရမည်ဟု ဟောတော်မူသောသုတ်။ [] []

ဤသုတ်၌ ဥပမာ, ဥပမေယျ အကျယ် စပ်ဟပ် နှီးနှော၍ သိဘယ်ကား အနားရစ်ပြည့် ဆီခွက်နှင့် ကာယဂတာသတိ, ဆီခွက်ကို ယူဆောင်သောယောက်ျားနှင့် ဝိပဿက ယောဂီပုဂ္ဂိုလ်, ပွဲကြည့်သူ လူ အပေါင်းနှင့် များစွာသော အာရုံ, သန်လျက် ကိုင်သော ယောက်ျားနှင့် စိတ်, ဆီဖိတ်စင်ခြင်းနှင့် ကိလေသာ ဖြစ်ပေါ်ခြင်း, ဦးခေါင်းပြတ်ကျ ခြင်းနှင့် အရိယမဂ်ဉာဏ် ဦးခေါင်းမဖြစ်ပေါ်ခြင်းကို နှိုင်းယှဉ်စပ်ဟပ်၍ သိအပ်၏။ [] (ဇာ၊ဋ္ဌ၊၁၊၄၁၈-၉၌ ဤသုတ်၌ ဆောင်ပြအပ်သော ဥပမာကို ရှေး၌ဖြစ်ဘူးသော ဝတ္ထုအကြောင်းအရာဟု ဖွင့်ပြ၍ ဥပမာ ဥပမေယျ နှီးနှောစပ်ဟပ်ပုံ အကျယ် တနည်း အကျယ်တနည်း လာသေး၏၊ ထို၌ ရှု။) []

Remove ads

ဇနပဒကလျာဏီအဓိပ္ပါယ်

ဇနပုဒ်၌ အဆင်းဂုဏ်, အတတ်ပညာ ဂုဏ်နှင့် ပြည့်စုံ ကောင်းမြတ်သူ။ အလှဘွဲ့ရ အမျိုးသ္မီး၊ တိုင်း–ခရိုင်—မယ်။ []

အပြစ် ၆-ပါး

ယင်း အမျိုး သ္မီးသည်-မမြင့်လွန်း, မပုလွန်း, မကြုံလွန်း မဝလွန်း, မမည်းလွန်း, မဖြူလွန်းဟူသော အပြစ် ၆-ပါးတို့မှ ကင်း၏၊ []

ကောင်းခြင်း ၅-ဖြာ

အရေ၏ ကောင်းခြင်း, အသား၏ ကောင်းခြင်း, အကြော၏ ကောင်းခြင်း, အရိုး၏ ကောင်းခြင်း, အရွယ်၏ကောင်းခြင်း ဟူသော ကောင်းခြင်း ၅-ဖြာ နှင့်လည်း ပြည့်စုံ၏၊ []

လူ့အဆင်းကို ကျော်လွန်၍ နတ်အဆင်းတမျှ လှပ ပြေပြစ်သည်၊ အရောင်တင်မှု သီးခြားမပြုလုပ်ရပဲ မိမိကိုယ် ရောင်ဖြင့်ပင် ၁၂-တောင်အရပ်ကို ဝင်းပစေသည်၊ ဇနပဒကလျာဏီဟု ကြားမြင်ကာမျှဖြင့် လူအပေါင်းက အုတ်အော်သောင်းနင်း ဖြစ်လာအောင်, ပွဲကြည့် ပရိသတ်က လက်ခုတ် တဖြောင်းဖြောင်း တီးလာအောင် တဘက်ပုဝါ ဝှေ့ရမ်းလာအောင် သီဆိုကပြ ဖျော်ဖြေမှု၌ လိမ်မာကျွမ်းကျင်၍ မိန်းမတို့၏ ပရိယာယ်မာယာနှင့် ပြည့်စုံ ကျယ်ဝသည်။[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads