ဇနဝသဘသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် နာတိကရွာ အုဋ်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာသိတိုင်း, ကောသတိုင်း, ဝဇ္ဇီတိုင်း, မလ္လတိုင်း, စေတိတိုင်း, ဝံသတိုင်း, ကုရုတိုင်း, ပဉ္စာလတိုင်း, မဇ္ဈတိုင်း, သူရသေနတိုင်း-ဟူသော ပတ်ဝန်းကျင် တိုင်းကြီး ဆယ်တိုင်းတို့၌ ကွယ်လွန်ကုန်ပြီးသောသူတို့၏ ဖြစ်ရာဘုံဘဝကို မိန့်ကြားတော်မူပါသည်။ နာတိကရွာသား အနာဂါမ်ပုဂ္ဂိုလ်(၅၀)ကျော်၊ သကဒါဂါမ် ပုဂ္ဂိုလ်(၉၀)ကျော်၊ သောတာပန်ပုဂ္ဂိုလ် (၅၀၀)ကျော်တို့၏ ဖြစ်ရာဘဝကို မိန့်ကြားတော်မူပါသည်။ ဘုရားရှင်၏ မိန့်ကြားတော်မူချက်ကို ကြားနာရခြင်းကြောင့် နာတိကရွာသား ရတနာသုံးပါးကို ပြုစုလုပ်ကျွေးနေကြသည့်ပုဂ္ဂိုလ်များ နှစ်သက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါသည်။

ထိုအကြောင်းကို အရှင်အာနန္ဒာသိရှိသဖြင့် အင်္ဂ, မဂဓတိုင်းသား ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ်သူပုဂ္ဂိုလ်များ၏ ဖြစ်ရာဘဝကို ဘုရားရှင် မိန့်တော် မမူသေး၊ ကွယ်လွန်ပြီးသော အင်္ဂ, မဂဓတိုင်းသားတို့၏ ဖြစ်ရာဘဝကို ဘုရားရှင် မိန့်ကြားတော်မူသည်ရှိသော် လူအများတို့ ရတနာသုံးပါးကိုကြည်ညို လာကြလိမ့်မည်။ ယခုထက် ပိုလွန်၍ သုဂတိဘဝသို့ ရောက်ကုန်ကြလိမ့်မည်။ ရတနာ သုံးပါးကို ကြွေးကြော်မြည်တမ်းရင်း နတ်ရွာစံသွားသော ဗိမ္ဗိသာရမင်းကြီး၏ ဖြစ်ရာဘဝကိုလည်း ဘုရားရှင်မိန့်တော်မမူသေး။ ထိုသို့ဘုရားရှင် မိန့်ကြားတော် မမူခြင်းကြောင့် အင်္ဂတိုင်းသား၊ မဂဓတိုင်းသားတို့ စိတ်ဆင်းရဲနေကြသည် “အဘယ် သို့လျှင် ဘုရားရှင် မိန့်ကြားတော်မူပါအံ့နည်း”ဟု ကြံစည်ပြီး ထိုအကြောင်းကို မိန့်ကြားတော်မူပါရန် ဘုရားရှင်အား အရှင်အာနန္ဒာ လျှောက်ထားခဲ့ပါသည်။ အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ အင်္ဂတိုင်း မဂဓတိုင်းသား ဥပါသကာ များ၏ဖြစ်ရာကို သိရှိတော်မူနိုင်ရန် ဆင်ခြင်သီတင်းသုံးတော်မူစဉ် သိမြင်တော်မူပုံ ဗိမ္ဗိသာရမင်းကြီးဘဝမှ ဇနဝသဘအဖြစ် ရောက်ရှိနေသော နတ်ဘီလူး မင်းကလည်း လျှောက်ထားပုံ၊ ဇနဝသဘနတ်ဘီလူးသည် ထိုဘဝ၌ (၁၄)ကြိမ် တိုင်တိုင် ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်လိုသော အာသာဆန္ဒပြင်းပြခဲ့ပုံ၊ တာဝတိံသာ နတ်ပြည်၌ ဝါဆိုလပြည့် နတ်သဘင်အစည်းအဝေး၊ ယင်းအစည်းအဝေး၌ နတ်မင်းကြီးလေးပါးနှင့် နတ်တို့နေရာယူကြပုံအစီအစဉ်၊ အခြားနတ်တို့ထက် ဣဒ္ဓိ, ယသအားဖြင့် သာလွန်ကြသော ဗုဒ္ဓဘာသာနတ်သား နတ်သမီးအသစ်တွေ တိုးပွားလာခြင်းကြောင့် သိကြားမင်းနှင့်တကွ နတ်အများတို့ ဝမ်းမြောက်ကြပုံ၊ နတ်သဘင်အစည်းအဝေးသို့ သနင်္ကမာရဗြဟ္မာမင်း ရောက်ရှိလာပုံ၊ ဗြဟ္မာမင်းရောက်ရှိလာမည်ကို ကြိုတင်သိနိုင်ပုံ၊ ပကတိအသွင်အပြင်ကို ပြောင်းလဲ၍လာရပုံ ဗြဟ္မာနှင့်နတ်တို့ဆက်ဆံရေး၊ ဗြဟ္မာမင်း၏ အသံအင်္ဂါရှစ်မျိုး၊ ပဉ္စသီခနတ်သား၏ ကိုယ်ခန္ဓာပုံမျိုး သုံးဆယ့်သုံးယောက်ဟန် ဖန်ဆင်းပြီး သနင်္ကမာရဗြဟ္မာက-

(၁) လောက၌ ဘုရားရှင် ပွင့်တော်မူလာပုံ ရည်ရွယ်ချက်များ၊ သရဏဂုံ သီလ၌ တည်ရှိသူများ နတ်ပြည်အဆင့်ဆင့် ရောက်ရှိလာကြပုံ၊ ဘုရားရှင်က ဣဒ္ဓိပါဒ်လေးပါး ပွားများကြရန် ဟောကြားတော်မူပုံ၊ ဘုရားရှင်နှင့် သမဏ, ဗြာဟ္မဏတို့ ပွားများကြပုံ၊ မိမိနှင့် မဟာဗြဟ္မာကြီးတို့ ဣဒ္ဓိပါဒ်လေးပါးကို ပွားများကြခြင်းကြောင့် တန်ခိုးကြီးမားကြပုံကို ယခုမျက်မြင် တွေ့မြင်နိုင်ပုံ၊

(၂) ပထမဈာန်, စတုတ္ထဈာန်, အရဟတ္တမဂ်ဟူသော သောမနဿဖြစ်ခွင့် “ဩကာသာဓိဂမ” သုံးမျိုးကို ဘုရားရှင် သိမြင်တော်မူပုံ၊

(၃) သတိပဋ္ဌာန်လေးပါးပွားများပုံ၊ ယင်းသတိပဋ္ဌာန်လေးပါး ပွားများခြင်းကြောင့် ပရမဓမ္မဉာဏဒဿနအထိ အဆင့်ဆင့်ဉာဏ်များ ဖြစ်နိုင်ပုံကို ဘုရားရှင် ဟောကြားတော်မူပုံ၊

(၄) သမ္မာသမာဓိ၏ အခြံအရံ သမ္မာသမာဓိ ဖြစ်ပေါ်ပြည့်စုံလာရန် ကျန် မဂ္ဂင်(၇)ပါးကို ဘုရားရှင် ဟောတော်မူပုံ၊ သမ္မာဒိဋ္ဌိဖြစ်နေသောပုဂ္ဂိုလ်အား သမ္မာ သင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, သမ္မာဉာဏ, သမ္မာဝိမုတ္တိတို့ အဆင့်ဆင့်ဖြစ်လာပုံ၊ မိမိရရှိသော ဓမ္မဂုဏ်ရည်များကို အမှန်အတိုင်းသိမြင်ပြောဆိုနိုင်ပုံ၊ နိဗ္ဗာန်တံခါးပွင့်သွားပုံ၊ ရတနာမြတ်သုံးပါး၌ အဝေစ္စပသာဒ, အရိယကန္တသီလနှင့် ပြည့်စုံကြသော မဂဓ တိုင်းသား ဥပါသကာများ ၂-သန်း ၄-သိန်း ရှိပုံ၊ သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်များ မရေမတွက်နိုင်ပုံကို သနင်္ကမာရဗြဟ္မာကြီးက တာဝတိံသာနတ်တို့အား ဟောကြားခဲ့ပုံ၊ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးစိတ်ထဲ၌ “အစ္ဆရိယ, အဗ္ဘုတ ဖြစ်ပါပေစွ၊ ဤကဲ့သို့ မြင့်မြတ်သော ဘုရားရှင် ပွင့်တော်မူပါပေ၏။ ဓမ္မက္ခာနသည် ဤမျှလောက် မြင့်မြတ်လှပါပေစွ၊ ဤမျှလောက် မြင့်မြတ်သော ဝိသေသာဓိဂမ ထင်ရှားပါပေစွ”ဟု အကြံအစည်ဖြစ်ပုံ၊ ထိုအကြံအစည်ကိုသိ၍ သနင်္ကုမာရ ဗြဟ္မာကြီးက အတိတ်ကာလ၌လည်း မြင့်မြတ်သောဘုရားရှင်၊ ဓမ္မက္ခာန၊ ဝိသေသာဓိဂမ တို့ဖြစ်ခဲ့ပြီ၊ အနာဂတ်ကာလ၌လည်း ဤသို့ဖြစ်လတ္တံ့”ဟု ပြောဆိုပုံကို ဝေဿဝဏ်နတ်မင်းကြီးအထံမှ ကြားနာခဲ့ပါကြောင်း ဘုရားရှင်အား လျှောက်ထားပုံ၊ ဘုရားရှင်က အရှင်အာနန္ဒာအား ဤအတိုင်းပင် မိန့်ကြားတော်မူပုံ၊ အရှင်အာနန္ဒာက ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာတို့အား မိန့်ကြားပုံ၊ ဗြဟ္မစရိယ သာသနာတော် တိုးတက်စည်ပင်ပြန့်ပွားပုံတို့ကို ပြဆိုထားပါသည်။

အဋ္ဌကထာ၌ အင်္ဂတိုင်း၊ မဂဓတိုင်း၊ ယောနဂတိုင်း၊ ကမ္ဗောဇတိုင်း၊ အဿကတိုင်း၊ အဝန္တိတိုင်းဟူသော တိုင်းကြီး ခြောက်တိုင်းရှိ ကွယ်လွန်ပြီး ဥပါသကာ ဥပါသိကာများ၏ ဖြစ်ရာဘဝကို ဘုရားရှင်မိန့်ကြားတော်မမူသေးပုံ၊ ဇနဝသဘအမည်ရပုံ သောတာပန် ဗိမ္ဗိသာရမင်းကြီး ဝေဿဝဏ်နတ်မင်းကြီး၏ အပေါင်းအဖော် (သဟဗျတ)ဖြစ်ခြင်းအကြောင်း၊ ဇနဝသဘနတ်ဘီလူး ဘုရားရှင်ထံ ရောက်လာခြင်းအကြောင်း(၂)မျိုး၊ နတ်သဘင်အစည်းအဝေး(၄)မျိုး၊ ဝဿူပနာယိကသင်္ဂဟ၊ ဒေဝါနုဘာဝဗြဟ္မာကြီးရောက်လာပုံ ပုဗ္ဗနိမိတ်၊ ဒုဋ္ဌဂါမဏိဝတ္ထု၊ ပဉ္စသီခနတ်သားပုံ ဖန်ဆင်းခြင်းအကြောင်း၊ အသံတော်ရှစ်ပါးအဖွင့်၊ ဘုရား၊ ပွင့်တော်မူခြင်းနှင့် နတ်သားနတ်သမီးတို့ တိုးပွားလာပုံ၊ ဣဒ္ဓိပါဒ်လေးပါးအဖွင့်၊ ဣဒ္ဓိပါဒ်လေးပါးနှင့် ရဟန္တာအရှင်မြတ်လေးပါး၊ အမတ်ကြီးသားလေးယောက်ဥပမာ၊ ယောနိသောမနသိကာရ တိဝိဓဩကာသာဓိဂမာဓိပ္ပါယအဖွင့်၊ စတုသတိပဋ္ဌာန၊ သတ္တသမာဓိပရိက္ခာရတို့နှင့် သိသင့်သောပုဒ်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ ပရိတောနှင့်သမန္တ၊ ပရိစာရကနှင့် ဥပါသကတို့တူပုံ၊ ဓမ္မသုဓမ္မကြောင့် သံဃသုပ္ပဋိပတ္တိဖြစ်ပုံ၊ ဓမ္မသုဓမ္မတာသည် ဗုဒ္ဓသုဗုဒ္ဓတာကြောင့်ဖြစ်ပုံ၊ ဇနဝသဘဖြစ်ပုံ၊ ဣဝ, သဒ္ဒါဘုသတ္ထ၊ အဂ္ဂ, သဒ္ဒါ အာဒိ, ပရိယာယ ဘုရားရှင်၏ ၂-သန်း၊ ၄-သိန်းသောပုဂ္ဂိုလ်တို့၏ ဉာဏဂတိကို သိမြင်တော်မူနိုင်ပုံ၊ ဝဿူပနာယိကသင်္ဂဟ၊ ပဝါရဏာသင်္ဂဟအဖွင့် ပဉ္စသီခအသံတော်ရှစ်ပါး၊ မုချနိဗ္ဗေမတိက၊ ဥပစာနိဗ္ဗေမတိက ဣဒ္ဓိပါဒ မထေရ်မြတ်လေးပါး၊ ဩကာသာဓိဂမသုံးပါး၊ စတုသတိပဋ္ဌာန၊ သတ္တသမာဓိပရိက္ခာရ၊ ပရိဝါရနှင့်ပရိက္ခာရ၊ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်တရားများ အဆင့်ဆင့် ကျေးဇူးပြုသွားပုံ၊ အာဇီဝဋ္ဌမကသီလပြည့်စုံပုံ အစရှိသော သိသင့်သောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ []


ဤသုတ်တွင် တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတီ၊ စတုမဟာရာဇ်၊ ဝေဿဝဏ်နှင့် ကုဝေရနတ်တို့၏ အကြောင်းများသာမက ဘုရားမြတ်စွာ၏ တရားတော်ကို ကြားနာရသဖြင့် နှစ်သန်းလေးသိန်းကုန်သော မဂဓတိုင်းသားတို့ သောတာပတ္တိဖိုလ်၌ တည်ကြကြောင်း ဖော်ပြထားသည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads