ဇမ္ဗာလီသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဤသုတ်၌ (၁)အညတရ သန္တစေတောဝိမုတ္တိသမာပတ်ကို ရသော သက္ကာယနိရောဓကို နှလုံးသွင်းသော်လည်း သစ်စေးပေနေသောလက်ဖြင့် သစ်ကိုင်းအစရှိသည်ကို ကိုင်သောဥပမာဖြင့် သက္ကာယနိရောဓကို မျှော်လင့်တောင့်တချက် မရှိသောပုဂ္ဂိုလ်၊ (၂) အညတရသန္တစေတောဝိမုတ္တိသမာပတ်ကို ရသော သက္ကာယနိရောဓကို နှလုံးသွင်းသော သန့်ရှင်းသောလက်ဖြင့် သစ်ကိုင်းကို ကိုင်သော ဥပမာဖြင့် သက္ကာယနိရောဓကို မျှော်လင့်တောင့်တရရှိနိုင်သောပုဂ္ဂိုလ်၊ (၃)အညတရ သန္တစေတောဝိမုတ္တိသမာပတ်ကိုရသော အဝိဇ္ဇာပဘေဒကို နှလုံးသွင်းသော တံစည်းတွင်း (ရေဆိုးအိုင်) ဥပမာဖြင့် အဝိဇ္ဇာပဘေဒကို ရရှိရန် မျှော်လင့်တောင့်တချက်မရှိသောပုဂ္ဂိုလ်၊ (၄) အညတရ သန္တစေတောဝိမုတ္တိကို ရသော အဝိဇ္ဇာပဘေဒကို နှလုံးသွင်းသော တံစည်းတွင်း (ရေဆိုးအိုင်)ဥပမာဖြင့် အဝိဇ္ဇာပဘေဒကို မချွတ်ရနိုင်သောပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်လေးမျိုးကို ရဟန်းတို့အား ဘုရားရှင် အကျယ်အားဖြင့် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ သိသင့်သိထိုက်သောပုဒ်တို့ကို ဖွင့်ဆိုပြီး ထင်ရှား သိလွယ်သော ဥပမာန ဥပမေယျတို့ဖြင့်လည်း ပါဠိတော်၏ ဆိုလိုချက်ကို ထင်ရှား အောင် ဖွင့်ပြထားပါသည်။
ဋီကာ၌လည်း ပါရိပန္ထိကပုဒ်ကို အကျယ်ဖွင့်ပြီး သိသင့်သောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads