ဇမ်ဗီဇီမြစ်
From Wikipedia, the free encyclopedia
Remove ads
အိန္ဒိယသမုဒ္ဒရာထဲသို့ စီဆင်းသော အာဖရိကတိုက်ရှိမြစ် များထဲတွင် ဇမ်ဗီဇီမြစ်သည် အကြီးဆုံးမြစ် ဖြစ်သည်။ မိုင် ၁၆ဝဝ ခန့်ရှည်လျားသည်။ မြစ်ဝမှစ၍ မိုင် ၃ဝဝ ခန့်အထိ ပေါ်တူဂီတို့က ပိုင်သည်။ မြစ်ဖျားခံရာဒေသမှာ ဘယ်လ်ဂျီယမ်ကွန်ဂိုနှင့် အန်ဂိုလာနယ်စပ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် ထက် ပေပေါင်း ၃၆ဝဝ ခန့်မြင့်သောဒေသတွင် မြစ်ဖျားခံ၍၊ ကွေ့ကောက်လျက်စီးဆင်းလာပြီးလျှင် ဇင်ဘာဘွေ တောင်ပိုင်း နှင့် မြောက်ပိုင်းကိုပိုင်းခြားကာ မိုဇမ်ဗစ်နယ်ကိုဖြတ်၍ စီးဆင်း လေသည်။ ဇမ်ဗီဇီမြစ်ဝကျွန်းပေါ် ဒေသမှာ စတုရန်းမိုင် ၂၅ဝဝ ခန့်ကျယ်ဝန်းသည်။ မြစ်သည် အထက်ပိုင်းတွင် ညီညာသော ကုန်းမြေပြင်ကို ဖြတ်သန်းလာ၍၊ ဝိတိုရိယရေတံခွန် တွင် မြေ နိမ့်သို့ စီးဆင်းလေသည်။

ထိုရေတံခွန် မှာ အလွန်မတ်စောက်၍ နိုင်အာဂရာ ရေတံခွန်ထက်ပင် ရေစီး သန်သည်။ ဇမ်ဗီဇီမြစ်မှာ နှစ်စဉ်ရေလွှမ်းမိုးခြင်းကြောင့် မြစ်ကမ်းနှစ်ဘက်တို့သည်
ရွံ့ညွန်များဖုံးလွှမ်းမိုးခြင်းကြောင့် မြေဩဇာကောင်းမွန်သည်။ ထိုမြစ်ကြောင်းဖြင့် မိုင် ၄ဝဝ ခန့် တေတီ မြို့အလွန်အထိမီးသင်္ဘောဖြင့် သွားလာနိုင်သည်။ ဆေနာမြို့ အနီးတွင်
မြစ်ကိုဖြတ်၍ ဆောက်လုပ်ထားသော မီးရထား တံတားမှာ အင်ဂျင်နီယာပညာအောင်မြင်မှု တစ်ရပ်ပင် ဖြစ်ပေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads