ဇရာ

From Wikipedia, the free encyclopedia

ဇရာ
Remove ads

ဇရာ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ အိုမင်းမှည့်ရွှမ်း ဟောင်းနွမ်းဆွေးမြည့်ခြင်း အမှုသည် ဇရာမည်၏။ ပဋိသန္ဓေတည်နေမှု၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဥပပတ္တိဘဝကိုးပါး၏ အသစ်သဘောမှ ရွေ့လျောမှု၊ ပျိုသော သဘောမှ ပြောင်းလဲမှု ရင့်ရော်မှု၊ ဆုတ်ယုတ်မှုများသည်ပင်လျှင် "ဇရာ" မည်သည်။[][]

[] ဟူသော စကားလုံးသည် ဆွေးမြေ့-အိုမင်း-ရင့်ယော်-ခြင်းကို ဆိုလိုသည်။

ဇရာ အမျိုးအစားများ

ဇရာသည် အောက်ပါ ၂-မျိုးရှိသည်။
  • ခဏိကဇရာ = ခဏ၌သာ ရအပ်သော အိုမင်းရင့်ယော်မှု။
  • ပါကဋဇရာ = ပေါ်လွင်ထင်ရှားသော အိုမင်းရင့်ယော်မှု။

ခဏိကဇရာ

ရုပ်, နာမ် သင်္ခတတရားတို့၏ ဥပါဒ်ပြီးနောက် ဘင်သို့ မရောက်မီ အိုမင်းရင့်ယော်သည်၏ အဖြစ်ဖြင့် တည်တံ့ရာ အခိုက်အတန့် ‘ဌီခဏ’၌သာ ရကောင်းသော အိုမင်းရင့်ယော်မှုသည် “ခဏိကဇရာ”မည်၏။ ယင်းကား ဥပါဒ် ဌီ ဘင် ဟုဆိုအပ်သော သင်္ခတ တရားတို့၏ အမှတ်အသား “လက္ခဏာ” ၃-ပါးတို့တွင် ပါဝင်သည့် “ဌီလက္ခဏာ”ပင် ဖြစ်သည်။

ပါကဋဇရာ

တဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်၏ သွားကျိုး, ဆံဖြူ, နားအူ, မျက်မွဲ, အရေတွန့် တွဲခြင်းစသော ပေါ်လွင်ထင်ရှားသည့် အိုမင်းရင့်ယော်မှုသည် “ပါကဋဇရာ”မည်၏။ []

အခြား အမျိုးအစားများ

တနည်း ပါကဋဇရာ = ပေါ်လွင်ထင်ရှားသော အိုမင်းရင့်ယော်မှု, ပဋိစ္ဆန္နဇရာ = မပေါ်လွင် မထင်ရှားသော အိုမင်းရင့်ယော်မှု ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် ရုပ်တရားတို့၏ သွားကျိုး, ဆံဖြူ, နားအူ, မျက်မွဲ, အရေတွန့်တွဲခြင်း စသော ပေါ်လွင်ထင်ရှားသည့် အိုမင်းရင့်ယော်မှုသည် “ပါကဋဇရာ”မည်၏၊ ရုပ်တရားတို့၏ အိုမင်းရင့်ယော်မှုကဲ့သို့ မပေါ်လွင် မထင်ရှားသော နာမ်တရားတို့၏ အိုမင်းရင့်ယော်မှုသည် “ပဋိစ္ဆန္နဇရာ”မည်၏။

တနည်း အဝီစိဇရာ = မသိအပ်သော အကြားရှိသော (အသိခက်သော) အိုမင်းရင့်ယော်မှု၊ သဝီစိဇရာ = သိအပ်သော အကြားရှိသော (သိလွယ်သော) အိုမင်းရင့်ယော်မှုဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် ပတ္တမြား, ရွှေ ငွေ, လ, နေ စသည်တို့၏ အိုမင်းရင့်ယော်မှုကဲ့သို့ အကြားအကြား အသိခက်သော အိုမင်းရင့်ယော်မှုသည် “အဝီစိဇရာ”မည်၏၊ ပတ္တမြားရွှေငွေ လ, နေ စသည်တို့မှတစ်ပါး အခြားသော ရုပ်ဝတ္ထုတို့၏ အိုမင်းရင့်ယော်မှုကဲ့သို့ အကြားအကြား၌ သိလွယ်သော အိုမင်းရင့်ယော်မှုသည် “သဝီစိဇရာ”မည်၏။ []


Remove ads

ဇရာအပြား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads