ဇိနတ္ထပကာသနီကျမ်း
From Wikipedia, the free encyclopedia
Remove ads
ဇိနတ္ထပကာသနီကျမ်းသည် ပြည်ခရိုင် ရွှေတောင်မြို့ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးအရှင်မုနိန္ဒာဘိဓဇထေရ် (မြန်မာ ၁၁၇၉- ၁၂၅၆) ရေးသားပြုစုခဲ့သော ကျမ်းဖြစ်သည်။ ရေးသားပုံမှာ ပထမတွဲမှ ဒဿမတွဲအထိ အတွဲကြီးဆယ်တွဲ၊ အခန်းငယ်ပေါင်း ကိုးဆယ်ကျော်တို့ဖြင့် တန်ဆာဆင်ကာ မြန်မာစကားပြေဖြင့် ရေးသားထားသည်။ စာမျက်နှာ (၅၇၂)မျက်နှာ ရှိသည်။ ဇိနတ္ထပကာသနီ= ဇိန-အောင်နိုင်သူ + အတ္ထ-အကြောင်းအရာ + ပကာသနီ-ထင်ရှားအောင်ပြဆိုခြင်း ဟူ၍ ဖြစ်သည်။ ဇိနတ္ထပကာသနီကျမ်း = မြတ်စွာဘုရားအကြောင်း ထင်ရှားစွာပြဆိုသောကျမ်း ဖြစ်ပေသည်။ *ဗုဒ္ဓဝင်
Remove ads
အကျဉ်းချုပ်
ထိုကျမ်းတွင် ပါဝင်သော အကြောင်းအရာအကျဉ်းချုပ်မှာ
အောက်ပါအတိုင်းဖြစ်သည်။
- (၁) ဂေါတမ မြတ်စွာဘုရားအလောင်းတော် ဘုရားဆုကို ပန်ဆင်သည်မှစ၍၊ ဘုရားအဖြစ်သို့ ရောက်ပြီးလျှင် ပရိနိဗ္ဗာန် စံလွန်သည်အထိ ထင်ရှားသော အကြောင်းအရာများနှင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့ ကြည်ညိုဖွယ်ရာ မှတ်သားဖွယ်ရာ နည်းယူဖွယ်ရာ ကောင်းသည့်အကြောင်းအရာများ ပါရှိသည်။
- (၂) သာသနာတော်တွင် ထင်ရှားကျော်စောသော လက်ျာတော်ရံ အရှင်သာရိပုတ္တာထေရ်၊ လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန်ထေရ်၊ အရှင်ဥပါလိထေရ်၊ အရှင်အာနန္ဒာထေရ် စသော ရဟန္တာယောက်ျားမြတ်တို့ အကြောင်းအရာများလည်း ပါရှိသည်။
- (၃) မိထွေးတော် ဂေါတမီထေရီမ၊ ခေမာထေရီမနှင့် ဥပ္ပလဝဏ်ထေရီမ စသော ရဟန္တာမိန်းမမြတ်တို့ အကြောင်းအရာများလည်း ပါရှိသည်။
- (၄) ကောသလမင်း၊ ဗိမ္မိသာရမင်း၊ အဇာတသတ်မင်း စသော သာသနဒါယကာမင်းတို့နှင့် မလ္လိကာ မိဖုရား၊ ခေမာမိဖုရား စသော သာသနဒါယိကာမ မိဖုရားတို့ အကြောင်းအရာများလည်း ပါရှိသည်။
- (၅) အနာထပိဏ်သူဌေး၊ ဇောတိကသူဌေး၊ ဇဋိလသူဌေး၊ စိတ္တသူကြွယ် စသော သာသနာဒါယကာ သူဌေး သူကြွယ်တို့နှင့် ဝိသာခါ ဒါယိကာမ၊ သုပ္ပိယဒါယိကာမ စသော သာသနဒါယိကာမတို့အကြောင်းအရာများလည်း ပါရှိသည်။
- (၆) အယူလွဲနေသော ဗကဗြဟ္မာကြီးကို တရားပြ၍ ဆုံးမတော်မူသောအခန်း၊ ကြမ်းတမ်းခက်ထန်သောသုစိလောမဘီလူး၊ ခရလောမဘီလူး၊ အာဠာဝကဘီလူးတို့ကို ဆုံးမတော်မူသောအခန်း၊ အယူဝါဒဖြင့် မာနထောင်လွှားကာ ဝါဒပြိုင်မည်ဟု ကြုံးဝါးနေသော သစ္စကပရိဗိုဇ်၊ လူတို့ကို သတ်ဖြတ်ညှဉ်းဆဲနေသော အင်္ဂုလိမာလခိုးသူကြီးတို့ကို ဆုံးမတော်မူသော အခန်း
နှင့် ကြမ်းတမ်းခက်ထန်သော နန္ဒောပနန္ဒ နဂါးမင်း၊ နာဠာဂိရိ ဆင်မင်းတို့ကို ဆုံးမတော်မူသော အခန်များလည်း ပါရှိသည်။
- (၇) ပထမသင်္ဂါယနာတင်ပုံ၊ ဒုတိယသင်္ဂါယနာတင်ပုံ၊ တတိယသင်္ဂါယနာတင်ပုံ အကြောင်းစုံများလည်း ပါရှိသည်။ အထက်ဖော်ပြပါ သာသနာတော်နှင့်စပ်သော အကြောင်းအရာစုံလင်စွာတို့ဖြင့် စီရင်အပ်သော ဇိနတ္ထပကာသနီကျမ်းကား သာသနာတော်အတွင်း၌ လူသိများ၍ ထင်ရှားသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒကို ခံယူသော သူတော်စင်အပေါင်းတို့ နှစ်ထောင်းအားရ၊ အမြဲလက်သုံးပြုကြသော ကျမ်းတစ်စောင်ဖြစ်သည်။ ဗုဒ္ဓအယူဝါဒဆိုင်ရာကိုပြဆိုသော ကျမ်းများအနက် ဤဇိနတ္ထပကာသနီကျမ်းသည်ထူးခြားသောကျမ်း ဖြစ်၏။ ယင်းထူးခြားချက်မှာ ရေးသားပုံထူးခြားချက်ပင်ဖြစ်၏။ အရေးအသားတွင် ဝါကျပင်ရှည်သော်လည်း၊ စကားအသုံးအနှုန်း အထုံးအဖွဲ့မှာ ပြေပြစ်၏။ အချို့သော နေရာများတွင် ကာရန် အချိန်အဆက်ရှိ၏။ ထိုကြောင့် ဇိနတ္ထပကာသနီကို ဖတ်ရှုနာယူ သူတို့အတွက် သာယာနာပျော်ဖွယ်ရှိ၏။ အဓိပ္ပာယ်လည်းသိလွယ်၏။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads