ဇီဝ

From Wikipedia, the free encyclopedia

ဇီဝ
Remove ads

တိတ္ထိတို့ ကြံဆ အပ်သော–ဇီဝ-အသက်၊ အတ္တကောင်၊ လိပ်ပြာကောင်၊ ဝိညာဉ်ကောင်။ မိစ္ဆာဝါဒီ တက္ကီပုဂ္ဂိုလ်တို့သည် ပျက်စီးခြင်းသဘောရှိသော ခန္ဓာကိုယ်မှ အလွတ်သီးခြားဖြစ်သော အရာကို “ဇီဝ”ဟု ယူဆကြသည်၊ []

သရီရ နှင့်ဇီဝ

“သရီရ”ခေါ် ခန္ဓာကိုယ်နှင့် “ဇီဝ”ခေါ် အတ္တကောင်တို့သည် မတူ ထူးခြား တစ်မျိုးတစားစီ ဖြစ်ကြသည်၊ ခန္ဓာကိုယ် ပြတ်စဲ ပျက်စီးသော်လည်း “ဇီဝ” ခေါ် အတ္တကောင်ကား မပြတ်စဲ မပျက်စီးဟု ယူဆကြသည်[]

ယင်း “ဇီဝ” ခေါ် အတ္တကောင်သည် သတ္တဝါတို့၏ ခန္ဓာကိုယ်တွင်း၌ တည်နေသည်ဟု ယူဆကြသည် [][]

အတ္တကောင်၏ ပုံသဏ္ဌာန်

“ဇီဝ” ခေါ် အတ္တကောင်သည် အခြင်းအရာ ပုံသဏ္ဌာန်အားဖြင့်မူ အရှည်ဟုလည်းကောင်း, အတိုဟု၎င်း အလုံးအဝိုင်းဟုလည်းကောင်း, ၄-ထောင့်ဟုလည်းကောင်း, ၆-မြှောင့် ရှိ၏ဟုလည်းကောင်း, ၈-မြှောင့် ရှိ၏ဟု၎င်း, ၁၆-မြှောင့်ရှိ၏ဟု၎င်း အမျိုးမျိုး ကြံဆကြသည်၊ အချို့သော တက္ကီ ပုဂ္ဂိုလ်များကမူ အတ္တကောင်သည် ခန္ဓာကိုယ်ပမာဏရှိ၏၊ ခန္ဓာကိုယ်ကြီးလျှင် အတ္တကောင်ကြီး၏၊ ခန္ဓာကိုယ်ငယ်လျှင် အတ္တကောင်ငယ်၏ဟု၎င်း, လက်မ, ပမာဏရှိ၏ဟု၎င်း မုယောစပါးပမာဏ ရှိ၏ဟုလည်းကောင်း, ပရမာဏုမြူ ပမာဏရှိ၏ဟု၎င်း အမျိုးမျိုးကြံဆကြသည်[][]

Remove ads

အတ္တကောင်၏ လုပ်ငန်း

“ဇီဝ” ခေါ် အတ္တကောင်သည် ခန္ဓာကိုယ် တွင်း၌ တည်နေကာ မြင်ခြင်း, ကြားခြင်း, နမ်းခြင်း, လျက်ခြင်း, တွေ့ထိခြင်း, သိခြင်း ကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်သည်ဟု ယူဆကြသည် []

ဇီဝသည် ထိုထိုဘုံဘဝ၌ ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးကို သိမြင်ခံစားတတ်သည်ဟုလည်း ယုံကြည်ကြသည် [][]

အမြဲတည်သော တရား

ဇီဝသည် ဖြစ်ပျက်မှုမရှိ အမြဲတည်သော “နိစ္စ”တရား မျိုးဖြစ်သည်၊ အနှစ်သဖွယ် အမာခံ “ဓုဝ” တရားမျိုးဖြစ်သည်။ အခါခပ်သိမ်း ထင်ရှား ရှိသော “သဿတ” တရားမျိုးဖြစ်သည်၊ ပုတ်သင်ညိုကဲ့သို့ ဖောက်ပြန် ပြောင်းလဲမှု မရှိ ပကတိသဘောအတိုင်း တည်ရှိသော “အဝိပရိဏာမဓမ္မ” သဘောမျိုးဖြစ်သည်၊ လ, နေ, သမုဒြာ, မြေကြီး, မြင်းမိုရ်တောင်ပမာ အမြဲ ထာဝရ တည်ရှိသော “သဿတိသမ”တရား မျိုးဖြစ်သည်ဟုလည်း ယုံကြည်ကြသည် [][]

ခန္ဓာကိုယ်မှ ထွက်သည်

အိပ်မက်မြင်မက်သောအခါ ဇီဝသည် ခန္ဓာကိုယ်မှထွက်၍ ထိုထို ဤဤ အရပ်ဒေသသို့ လှည့်လည်ကာ အာရုံအမျိုးမျိုးကို ခံစားပြီးလျှင် တဖန် ခန္ဓာကိုယ်သို့ ပြန်ဝင်သည်ဟု ယူဆကြသည် []

ဤဘဝ၌ ခန္ဓာကိုယ် ပြတ်စဲ ပျက်စီးသောအခါ “ဇီဝ” ခေါ် အတ္တကောင်သည် မပြတ်စဲ မပျက်စီးပဲ နှောင်အိမ်မှ ငှက်များ ထွက်သွားသည့်ပမာ ခန္ဓာကိုယ်မှထွက်၍ အလိုရှိရာ တမလွန်လောကသို့ ပြောင်းသွားသည်ဟု ယူဆကြသည် []

တစ်စုံတစ်ယောက်သော သူသည် မိမိရွာမှ ထွက်၍ အခြားသောရွာသို့ ဝင်ရောက်သွားလာ သကဲ့သို့၎င်း မိမိအိမ်မှ ထွက်၍ အခြားသော အိမ်သို့ ဝင်ရောက်သွား လာသကဲ့သို့၎င်း ဇီဝ’ ခေါ် အတ္တ-ကောင်သည် ခန္ဓာအိမ်ဟောင်းမှ ထွက်ခွါ၍ အခြားသောခန္ဓာအိမ်သစ်သို့ ပြောင်းရွှေ့ ဝင်ရောက် နေထိုင်သည်ဟုလည်း ယူဆကြသည်[၁၀]

ခန္ဓာကိုယ် ပျက်စီးသောအခါ “ဇီဝ” ခေါ် အတ္တကောင်သည် ကမ္ဗလာနီ အဝတ်ထည်၌ ထည့်ထားသော ကြောင်မျက်ရွဲကဲ့သို့လည်းကောင်း, သုဘကိဏှာဗြဟ္မာကြီး၏ခန္ဓာကိုယ်ကဲ့သို့လည်းကောင်း, အရောင်တလက် လက်ပြောင်လက်တောက်ပသည်ဟု ယူဆကြသည် [၁၁][]

Remove ads

ခန္ဓာငါးပါးကို အတ္တဟုယူ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads