ဇီဝိတဒါန သံဃာ့ဆေးရုံကြီး
From Wikipedia, the free encyclopedia
Remove ads
ဇီဝိတဒါန သံဃာ့ဆေးရုံကြီး သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဆေးရုံတစ်ခု ဖြစ်သည်။ အကျိုးအမြတ်မယူဘဲ ဆေးဝါးကုသပေးသည့် ဆေးရုံတစ်ခု ဖြစ်သည်။ လှူဒါန်းသူများ၏ ဒါနဖြင့် ဆေးရုံကြီးကို လည်ပတ်လျက် ရှိသည်။[၁]
တည်ထောင်ခြင်း
သံဃာ့ဆေးရုံကြီးကို ၁၉၄၀ ခုနှစ်၊ မေလ ၈ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်သည် အင်္ဂလိပ်ကိုလိုနီတို့ အုပ်ချုပ်လျက်ရှိသည့် ကာလ ဖြစ်သည်။ ထိုအချိန်တွင်ပင် ရန်ကုန်မြို့၌ ရာမခရစ်ရှနာသာသနာပြုဆေးရုံ၊ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ခရစ်ယာန်သာသနာပြုဆေးရုံတို့သည် ဟိန္ဒူ၊ မွတ်ဆလင်နှင့် ခရစ်ယာန်အဖွဲ့အစည်းတို့၏ စီမံခန့်ခွဲမှုများဖြင့် လည်ပတ်လျက် ရှိနေပြီ ဖြစ်သည်။
အငြိမ်းစား ရဲမင်းကြီး ဦးဘအေးသည် ဗုဒ္ဓဘာသာဝင်တို့၏ အင်အားဖြင့် ဆေးဝါးစောင့်ရှောက်မှုပေးသည့် ဆေးခန်းတစ်ခုကို ဖွင့်လှစ်ရန် ဆန္ဒရှိခဲ့သည်။ နောက်ပိုင်းတွင် ထောက်ပံ့ကူညီပေးသည့် အဖွဲ့အစည်းများဖြင့် ဇီဝိတဒါနဆေးခန်းကို ဗဟန်းမြို့နယ်၊ Gyatawya လမ်းတွင် ဖွင့်လှစ်နိုင်ခဲ့သည်။
တည်ထောင်သူများ၏ အဓိကရည်ရွယ်ချက်သည် မည်သည့် လူမျိုး၊ ယုံကြည်မှု၊ ကျားမမရွေး ကျန်းမာရေးစောင့်ရှောက်မှု ကူညီပေးရန် ဖြစ်သည်။
ဆေးခန်းသည် လှူဒါန်းသူများ၊ အခြားပရဟိတဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း ဆရာဝန်များ၏ ကူညီပေးမှုပေါ်တွင် မှီခိုကာ လည်ပတ်လျက် ရှိသည်။
၁၉၄၈ ခုနှစ်တွင် ဆေးရုံကို နောက်တစ်ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာမည့် ဒေါက်တာဘဦးသည် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် သူ၏ လမ်းညွှန်မှုအောက်တွင် လှူဒါန်းသူများ၏ အကူအညီဖြင့် ယနေ့အချိန်တွင် ဆေးရုံတည်ရှိနေသည့် ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် (၃၈) နေရာကို ဝယ်ယူခဲ့သည်။ ယခင် ဆေးရုံအဟောင်းတည်ရှိနေသည့် နေရာကို ခုတင် (၁၀) ဆံ့ ဆေးရုံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပထမဆုံးသော ဇီဝိတဒါန သံဃာ့ဆေးရုံကြီးသည် ယနေ့အချိန်တည်ရှိနေသည့် နေရာတွင် ဖြစ်ပေါ်လာခဲ့ပေသည်။[၁] ၁၉၇၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဇီဝိတဒါနသံဃာ့ဆေးရုံဟု အမည်ပြောင်းလဲခဲ့သည်။[၂]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads