ဇော်မင်း (သင်းအုပ်ဆရာ)
From Wikipedia, the free encyclopedia
Remove ads
သင်းအုပ်ဆရာ ဦးဇော်မင်း (မွေး ၁၉၆၁) သည် ထိုင်းနိုင်ငံ အမ်စီအေအသင်းတော်တွင် စီနီယာသင်းအုပ်ဆရာအဖြစ် အနှစ်၂၀ကျော် တာဝန်ထမ်းဆောင်နေသူ ခရစ်ယာန်ဓမ္မဆရာတစ်ဦး ဖြစ်သည်။ ဖခင်မှာ ရန်ကုန်၊ ညီအစ်ကိုများ အသင်းတော်မှ သင်းအုပ်ဆရာ ဦးတင်မောင်တွန်းဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ဆရာဖော်မင်း၊ ဆရာတူးဂျာ၊ ဆရာဒေါမနစ်၊ ဆရာချစ်ကိုကို စသဖြင့် ဘန်ကောက်ရောက်လာပြီး ဆရာဒေါက်တာဂျိမ်းစိန်ဇခိုင် မိသားစုအိမ်တွင် ဘုရားရှိခိုး၊ဆုတောင်းပွဲ ပုံမှန်လုပ်ဆောင်ခဲ့သည်။ ချင်းလူမျိုး ဆရာကြီးတစ်ပါး၏ အကြံပေးချက်အရ ၁၉၉၀ ခုနှစ် မတ်လ (၉) ရက်နေ့ (သောကြာနေ့) တွင် လူ ၂၇ ယောက်ဖြင့် မိဿဟာယတစ်ခု စတင်ခဲ့သည်။ ဆရာဂျိမ်းဒေါက်တာဂျိမ်းစိန်ဇခိုင် မိသားစုနှင့် အသင်းသား ၅ ယောက်ခန့်၏ မတည်မှုဖြင့် ရပ်တည်ခဲ့ပြီး၊ ထိုင်းအေဂျီအသင်းတော်တစ်ခုတွင် ဘုရားရှိခိုးရန် နေရာရရှိခဲ့သည်။ ထိုမှတဆင့် အမ်စီအေအသင်းတော် ထူထောင်ခဲ့ပြီး ၇ နှစ်ကြာသောအခါ အသင်းတော်တွင် သစ်သားဘောင် ၄ ခု၊ တာလပတ်ဖြင့် ရေထည့်ပြီး နှစ်ခြင်းမင်္ဂလာပေးနိုင်ခဲ့သည်။ ၁၉၉၇ တွင် အပတ်စဉ် လူ ၂၅၀ ခန့် လာရောက်ဝတ်ပြုရာမှ ၂၀၀၈ တွင် ၃၅၀အထိရှိလာသည်။ ၂၀၁၂ တွင် နေရာအသစ်သို့ပြောင်းရွေ့ခဲ့သည်။
၂၀၀၈ နာဂစ်မုန်တိုင်းတွင် ဆရာဦးဇော်မင်းသည် မြန်မာနိုင်ငံသို့ လွန်းပြန်အခေါက်ပေါင်းများစွာ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်ခဲ့ရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads