ဇော်လင်း (ရုပ်ရှင်သရုပ်ဆောင်)
From Wikipedia, the free encyclopedia
Remove ads
သရုပ်ဆောင် ဇော်လင်း၏ အမည်ရင်းမှာ ဦးစန်းမောင် ဖြစ်ပြီး မော်လမြိုင်မြို့ တောင်ဝိုင်းရပ်၌ ဦးစံအေး ဒေါ်ဌေးတင်တို့က ဖွားမြင်ခဲ့သည်။ မော်လမြိုင်ရုပ်ရှင်မှ ဒါရိုက်တာ တင်အောင်မြင့်ဦး၏ 'ဘယ်ဆုတောင်းမလဲ ချစ်သူ' ဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ ယင်းဇာတ်ကားကို ၃၁ မတ် ၁၉၇၂ တွင် ရှေ့ဆောင်၊ တပင်ရွှေထီးနှင့် ဘုရင့်နောင် ရုပ်ရှင်ရုံတို့၌ တပြိုင်နက် ပြသခဲ့ရာ ဇော်လင်း၏ အမည်ကို ပရိသတ်များ သိရှိသွားကြ၏။
ရုပ်ရှင်သရုပ်ဆောင် ဇော်လင်း၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ အချစ်ရူး၊ ဖက်ဖူးရောင်၊ ကျေးဂျူးကမ္ဘာ၊ သူ့ဘဝ ကိုယ့်အသည်း၊ စိတ်စေတသိက်၊ ပုပ္ပါးဖူးစာ၊ ချစ်စရာမို့ ချစ်ပါသည်၊ အဖေတစ်ခု သားတစ်ခု၊ ကမ္ဘာဆယ်သိန်း ချစ်ပါ့မယ် စသည့် ဇာတ်ကားများ ဖြစ်ကြသည်။ ၁၉၉၅ ခုနှစ်အတွက် ဇာတ်ကား ၃၈ ကား အနက်မှ ဆန်ခါတင် ရွေးချယ်ခဲ့ရာ ဇော်လင်းမှာ တိုက်ပွဲခေါ်သံ ဇာတ်ကား အတွက် ဆရာဦးအုပ်စိုး အဖြစ် ပါဝင် သရုပ်ဆောင်ရာ၌ ပီပြင်လှသဖြင့် အမျိုးသား ဇာတ်ပို့ဆု ပေးအပ်ချီးမြှင့် ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်အတွက် အကောင်းဆုံး သရုပ်ဆောင်များ၊ ပညာရှင်များအား အကယ်ဒမီဆု ပေးအပ်ပွဲကို ၈ ဖေဖော်ဝါရီ ၁၉၉၇ တွင် ကျင်းပခဲ့ရာ သရုပ်ဆောင် ဇော်လင်းမှာ ၅ နိုဝင်ဘာ ၁၉၉၆ ကပင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ သူ၏ အကယ်ဒမီ ထူးချွန်ဆုကို ဒါရိုက်တာ အေဝမ်းမောင်လှမျိုးက ကိုယ်စား တက်ရောက် ယူပေးခဲ့၏။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads