ဇွန်မိုးအောင် (ဘောလုံးသမား)
မြန်မာဘောလုံးသမား From Wikipedia, the free encyclopedia
Remove ads
ဇွန်မိုးအောင်(၈ ရက် ဇူလိုင်လ ၁၉၉၃ ခုနှစ်ဖွား)သည် မြန်မာနိုင်ငံသား ဘောလုံးကစားသမားတစ်ဦးဖြစ်ပြီး ဘယ်တောင်ပံနေရာမှ မြန်မာ ယူ-၂၃ အသင်းနှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတို့တွင် ကစားလျက်ရှိသည်။ သူသည် ရန်ကုန်မြို့ဇာတိဖြစ်သည်။
Remove ads
ဘောလုံးသမားဘဝအစ
ဇွန်မိုးအောင်အား ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်ကတည်းကပင် အထက်တန်းကျောင်း အားကစားပြိုင်ပွဲများအတွက် ရွေးချယ်ခြင်းခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် မြန်မာအမျိုးသားဘောလုံးအသင်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်ချင်ခဲ့သူဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဇွဲကပင်ယူနိုက်တက် ဘောလုံးအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွေ့သွားခဲ့သည်။ သူ၏ အံဩဖွယ်ကောင်းသော ဘောလုံးစွမ်းရည်ကို ဇွဲကပင်ယူနိုက်တက် အသင်း၌ ပြသနိုင်ခဲ့ပြီး ထိုအသင်းတွင် ၃ နှစ်မျှ ကစားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းသို့ ပြန်လည်ပြောင်းရွေ့ခဲ့ပြီး ရာဇာဝင်းသိန်း အနားယူခဲ့သောကြောင့် ပဏာမလူစာရင်းတွင် အမြဲလိုလိုပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်တွင် ကစားခဲ့ပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုကို ယူနိုင်ခဲ့သည်။
Remove ads
ကိုးကား
ပြင်ပလင့်များ
- ဇွန်မိုးအောင် profile at Soccerway
- ဇွန်မိုးအောင်
![]() ![]() | ဤ အတ္ထုပ္ပတ္တိ မြန်မာဘောလုံးအားကစားနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads