ညီညွတ်ရေးရုပ်တု
အိန္ဒိယနိုင်ငံ၊ နာမဒခရိုင်ရှိ ဆာဒါဘာလာဘာဘိုင်ပတေး ၏ အထိမ်းအမှတ်ရုပ်တု From Wikipedia, the free encyclopedia
Remove ads
ညီညွတ်ရေးရုပ်တု (Statue of Unity)သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်း ဆာဒါဘာလာဘာဘိုင်ပတေး ( Sardar Vallabhbhai Patel, ၁၈၇၅–၁၉၅၀ ) ၏ ရုပ်တု ဖြစ်သည်။ ရုပ်တုသည် အိန္ဒိယနိုင်ငံ၊ နာမဒခရိုင်တွင် တည်ရှိသည်။ အမြင့်သည် ၁၈၂ မီတာ (၅၉၇ ပေ) ရှိပြီး ကမ္ဘာ့အမြင့်ဆုံးရုပ်တု ဖြစ်သည်။[၂][၃] ဘာလာဘာဘိုင်ပတေးသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါထင်ရှားသည့် ခေါင်းဆောင်များထဲမှတစ်ဦး ဖြစ်ခဲ့ပြီး အိန္ဒိယ၏ ပထမဆုံးသော လက်ထောက်ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သည်။ ရုပ်တုသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဗာဒိုဒါရာမြို့တော်၏ အရှေ့တောင်ဘက် ၁၀၀ ကီလိုမီတာအကွာရှိ ကီဗာဒီယာမြို့ တွင် တည်ရှိသည်။ မြစ်ကမ်းဘေးတွင် တည်ရှိပြီး နာမဒ ဆည် ( ဆာဒါ ဆာအိုဗာ ဆည် ဟုလည်းခေါ်သည်) ၏ မျက်နှာချင်းဆိုင်လျက် တည်ရှိ၏။
ရုပ်တုနှင့် ပတ်လည်ရှိနေရာသည် စတုရန်းကီလိုမီတာ ၂၀၀၀၀ (စတုရန်းပေ ၂၂၀၀၀၀) ကျော် ကျယ်ဝန်းသည်။ ရုပ်တုကို ၁၂ စတုရန်းကီလိုမီတာ (၄.၆ စတုရန်းမိုင်) ရှိသည့် ပြုလုပ်ထားသော ကန်ဖြင့် ဝန်းရံထားသည်။[၄][၅]အဆိုပါ ရုပ်တုသည် အိန္ဒိယ ရူပီး ၂၉ ဒသမ ၉ ဘီလျံ (အမေရိကန်ဒေါ်လာသန်း၄၃၀) ကုန်ကျခဲ့ပြီး ကမ္ဘာအမြင့်ဆုံး ရုပ်တုအဖြစ် ရပ်တည်နေသည်။ [၆]
Remove ads
စီစဉ်မှု
စီမံကိန်းကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ ဆာဒါဘာလာဘာဘိုင်ပတေး၏ ရုပ်တုကို ဂူဂျာရတ်ပြည်နယ်တွင် တည်ဆောက်ရန် ဖြစ်သည်။ ရုပ်တု၏ အမည်ကိုလည်း Statute of Unity Movement ဟု အမည် ပေးထားခဲ့သည်။ ရုပ်တုကို တည်ဆောက်ရနအတွက် အိန္ဒိယ လယ်သမားများက လယ်ယာသုံး ကိရိယာများကို လှူဒါန်းခဲ့သည်။ အစတွင်ပင် သံတန်ချိန် ၅၀၀၀ ကို စုဆောင်း ရရှိခဲ့သည်။ ထိုကဲ့သို့ စုဆောင်းရရှိသည်များကို ရုပ်တုပြုလုပ်ရာတွင် အစက ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် စီမံကိန်း၏ အခြားသော အစိတ်အပိုင်းများတွင် အသုံးပြုရန် ရည်ရွယ်ခဲ့ကြသည်။
ရုပ်တုကို တည်ဆောက်ရန်အတွက် Suraaj နှင့် ပြည်သူ သန်း ၂၀ တို့သည် လက်မှတ်ရေးထိုးကာ အသနားခံခဲ့သည်။ ထိုအသနားခံမှုသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ခဲ့သည်။ Run For Unity ဟု အမည်ပေးထာသည့် မာရသွန်များကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံတစ်ခုလုံးတွင် ကျင်းပခဲ့သည်။
Remove ads
စီမံကိန်း
အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်း ဘာလာဘာဘိုင်ပတေး၏ ရုပ်တုကို တည်ဆောက်ရန်အတွက် Sadhu Bet ကျွန်းတွင် တည်ဆောက်ခဲ့သည်။ နာမဒဆည်ကို မျက်နှာချင်းဆိုင် ၃.၂ ကီလိုမီတာ (၂ မိုင်) အကွာအဝေးတွင် ပြုလုပ်ခဲ့သည်။ ရုပ်တု၏ စုစုပေါင်း အမြင့်သည် ၂၄၀ မီတာ (၇၉၀ ပေ) ဖြစ်သည်။ အောက်ခြေခုံသည် ၅၈ မီတာ (၁၉၀ ပေ) ရှိသည်။ ရုပ်တုသည် ၁၈၂ မီတာ (၅၉၇ ပေ) ရှိသည်။ ရုပ်တုကို တည်ဆောက်ရာတွင် စတီးများ၊ ကွန်ကရိများနှင့် သတ္ထုစပ်အဖုံးအကာများဖြင့် ပြုလုပ်ခဲ့သည်။ ရုပ်တုတည်ဆောက်ရာတွင် ကွန်ကရိ ၇၅၀၀၀ ကုဗမီတာ (၂၆၀၀၀၀၀ ကုဗပေ) အသုံးပြုခဲ့သည်။ ထို့ပြင် စတီးများကိုလည်း ၅၇၀၀ တန် အသုံးပြုခဲ့သည်။ စတီးကိုင်းအတွက် ၁၈၅၀၀ တန် အသုံးပြုခဲ့သည်။ သတ္ထုစပ်အပြားများအတွက် ၂၂၅၀၀တန် အသုံးပြုခဲ့သည်။
ငွေရေးကြေးရေး
ရုပ်တုကို Public Private Partnership ပုံစံဖြင့် တည်ဆောက်ခဲ့သည် ပိုက်ဆံအများဆုကို ဂူဂျာရတ်အစိုးရက ပေးခဲ့သည်။ ဂူဂျရတ်အစိုရသည် ၂၀၁၂ မှ ၂၀၁၆ အထိ ဘတ်ဂျက် ₹ ၃ ဘီလီယံကို ခွဲဝေသုံးစွဲခဲံသည်။
တည်ဆောက်မှု
အိန္ဒိယနိုင်ငံ၏ တည်ဆောက်မှု ကုမ္ပဏီ Larsen & Toubro ည် အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၄ တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ သူတို့သည် တည်ဆောက်မှုများကို အောက်တိုဘာလ ၃၁ ရက်နေ့၊ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ ပထမဆုံး အနေဖြင့် ₹ ၁၃၄၇ သည် အဓိကရုပ်တုကြီး ပြုလုပ်ရာတွင် ကုန်ကျမည် ဖြစ်သည်။ ₹ ၂၃၅ သည် ခန်းမများ ပြုလုပ်ရာတွင် ကျန်ကျမည် ဖြစ်သည်။ ₹ ၈၃ သည် လူကူးတံတားတည်ဆောက်မှုအတွက် ကုန်ကျမည် ဖြစ်သည်။ ₹ ၆၅၇ သည် ရုပ်တု တည်ဆောက်ပြီးစီးပြိးနောက် ၁၅ နှစ်အတွင်း ပြုပြင်ထိန်းသိမ်းစရိတ်အတွက် ကုန်ကျငွေ ဖြစ်သည်။
ရုပ်တုကို တည်ဆောက်ရာတွင် ၃၃ လ ဖြင့် ပြီးစီးခဲ့သည်။ အောက်ခြေဖောင်ဒေးရှင်းကို ၂၀၁၃ ခုနစ်တွင် ချခဲ့ပြီး တည်ဆောက်မှုသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလလယ်တွင် ပြီးစီးခဲ့သည်။ အခမ်းအနားပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် မိုဒီတက်ရောက်ခဲ့သည်။ ဤရုပ်တုသည် အိန္ဒိယအင်ဂျင်နီယာများ၏ ကျွမ်းကျင်မှုကို ပြသမှုပင် ဖြစ်သည်ဟု ပြောခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads