From Wikipedia, the free encyclopedia
မြင်းခြံခရိုင် တောင်ပိုင်း ပုဂံနယ်၏ ရုံးစိုက်မြို့ဖြစ်၍၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပုဂံနယ် တွင် ပုဂံမြို့နှင့် ကျောက်ပန်းတောင်းမြို့တို့ ပါဝင်ကြသည်။ မြို့၏ကျက်သရေမှာ ရွှေစည်းခုံစေတီတော်ဖြစ်လေသည်။
ညောင်ဦးမြို့၏ လူဦးရေ မှာ ၁၉၅၃-ခုနှစ် သန်းခေါင်
စာရင်းအရ ၉၄၁၆ ယောက်ဖြစ်သည်။ စည်ပင်သာယာရေး
အတွက်၊ ညောင်ဦးမြို့ကော်မီတီကို ၁၉ဝ၃ ခုနှစ်မှစ၍
တည်ထောင်ဖွဲ့စည်းခဲ့သည်။
ပုဂံမြို့အထက် ၄ မိုင်ကွာတွင်ရှိသော ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများကို လည်ပတ်ဖူးမြှော်ရန် လာကြသော ခရီးသည် များအတွက်၊ ညောင်ဦးမြို့သည် စတည်းချရာ သင်္ဘောဆိပ် မြို့ဖြစ်သည်။ ပုဂံထွက် ကျောက်ကာယွန်းထည်များထုတ်လုပ်ရာ ဌာနဖြစ်၍ လူသိများသည် မြို့နယ်အတွင်း မြေပဲဖြစ်ထွန်းသဖြင့် ဆီစက်ကြီး များရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.