ညံတောဘုရားကြီး
From Wikipedia, the free encyclopedia
Remove ads
ညံတောဘုရားကြီး သည် ပြင်ဦးလွင်မြို့ အရှေ့မြောက် ညံတောရပ်ကွက်အစွန်တွင်ရှိသော စေတီတဆူ ဖြစ်သည်။ ဘုရားသမိုင်းကို အတိအကျမသိရှိရသော်လည်း ပြင်ဦးလွင်မြို့၌တွေ့သော ရှေးအကျဆုံး စေတီဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၅၃ ခု (အေဒီ ၁၈၉၁ ခု) တွင် ကျွဲကျောင်းသားများက စေတီတော်တစ်ဆူနှင့် ရေကန်တစ်ကန်ကို ချုံများဖုံးလျက် တွေ့ခဲ့ပြီး သီရိဓမ္မာသောကမင်း တည်သည်ဟု မှတ်ယူကြသည်။ ရေချမ်းအိုး(မြောက်)ရွာဆရာတော်အား အမှူးထား၍ ရေချမ်းအိုးရွာသားများက ချုံရှင်းကာ ဉာဏ်တော် သံတောင် ၃၅ တောင်ခန့် (၅၅ ပေ) စေတီအဖြစ် မူလစေတီကိုငုံ၍ မဟာရွှေမြင်တင်ဘွဲ့ဖြင့် တည်သည်။ ဘုရားပွဲကိုနှစ်စဉ် တပို့တွဲလဆန် ၈ ရက်မှ လပြည့်နေ့အထိ ကျင်းပသည်။ [၁]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads