ဌာနလက်ကိုင်မရှိဝန်ကြီး

From Wikipedia, the free encyclopedia

Remove ads

ဌာနလက်ကိုင်မရှိဝန်ကြီး (အင်္ဂလိပ်: Minister without portfolio) ဆိုသည်မှာ အစိုးရဝန်ကြီးရာထူးကို ရရှိသော်လည်း ဦးဆောင်ရန်ဌာနမရှိသောဝန်ကြီးဖြစ်သည်။[] ထိုဝန်ကြီးများသည် ဝန်ကြီးဌာနမရှိသော်လည်း ဝန်ကြီးလစာကိုရရှိနိုင်ပြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များတွင် မဲပေးပိုင်ခွင့်ရှိသည်။ ဌာနလက်ကိုင်မရှိဝန်ကြီး၏ အခန်းကဏ္ဍသည် နိုင်ငံအလိုက် ကွဲပြားနိုင်သည်။

ဂျာမနီ

အစိုးရအဖွဲ့တွင် "အထူးကိစ္စဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး" ဟူ၍ရှိပြီး တစ်ခါတစ်ရံတွင် အဓိပတိရုံး၏အကြီးအကဲရာထူးတွင် အဆိုပါဝန်ကြီးကို ခန့်အပ်တတ်သည်။

စင်္ကာပူ

ယခင်က ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခံရသောသူကို ဌာနလက်ကိုင်မရှိဝန်ကြီးဟူ၍ ခေါ်ဆိုကြသည်။

ထိုင်ဝမ်

တရုတ်သမ္မတနိုင်ငံအမှုဆောင်ယွမ်ဖွဲ့စည်းမှုတွင် ဌာနလက်ကိုင်မရှိဝန်ကြီးများ ပါဝင်ကြသည်။

အစ္စရေး

ညွန့်ပေါင်းအစိုးရအတွင်း သဘောတူညီမှုရရှိနိုင်ရန်နှင့် ညွန့်ပေါင်းပါတီငယ်များလည်း ရာထူးရရှိနိုင်သောကြောင့် ဌာနလက်ကိုင်မရှိဝန်ကြီးများကို ခန့်အပ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်း အစိုးရအဖွဲ့များတွင် ယင်းကဲ့သို့ ခန့်အပ်မှုများရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads