တက္ကသိုလ် ပညာပဒေသာစာစောင်
From Wikipedia, the free encyclopedia
Remove ads
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတွင် သက်ဆိုင်ရာ ဘာသာရပ်များ မြန်မာဘာသာဖြင့် သင်ကြားရေးကို အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာန၊ အထက်တန်းပညာဦးစီးဌာနက ထုတ်ဝေသော စာစောင်ဖြစ်သည်။
စာစောင်ကို ၁၉၆၆ မတ် မှ စ၍ တစ်နှစ်လေးကြိမ်ထုတ်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေစက စာစောင်တစ်ခုတွင် ဝိဇ္ဇာပညာရပ်ဆိုင်ရာဆောင်းပါးများ၊ သိပ္ပံပညာရပ်ဆိုင်ရာဆောင်းပါးများ၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများပါဝင်သည်။ ဆောင်းပါးများတွင် သုတေသန ဆောင်းပါးများ အလေးကဲသည်။
၁၉၇၂ ဇန်နဝါရီမှ စ၍ စာစောင်ကို သိပ္ပံစာစောင်နှင့် ဝိဇ္ဇာစာစောင်ဟု နှစ်မျိုးခွဲထုတ်ခဲ့သည်။ သိပ္ပံစာစောင်တွင် သိပ္ပံပညာရပ်ဆိုင်ရာ ဆောင်းပါးများနှင့် ယင်းနှင့် နှီးနွယ်သော အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများ ပါဝင်သည်။ ဝိဇ္ဇာစာစောင်တွင် ဝိဇ္ဖာ ပညာရပ်ဆိုင်ရာ ဆောင်းပါးနှင့် ယင်းနှင့်နှီးနွယ်သော အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ဆောင်းပါးများ ပါဝင်သည်။ ယင်းသို့ စာစောင်ကို ဝိဇ္ဇာနှင့် သိပ္ပံ နှစ်မျိုးခွဲထုတ်သည့် အချိန်မှစ၍ ကျောင်းသင်ဘာသာနှင့် တိုက်ရိုက်ဆက်သွယ်သော ဆောင်းပါကို ထည့်သွင်းခဲ့သည်။ စာစောင်ကို တစ်နှစ်လျှင် ဝိဇ္ဇာစာစောင် လေးကြိမ်၊ သိပ္ပံစာစောင် လေးကြိမ် ခွဲထုတ်ခဲ့သည်။[၁]
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads