တက္ကာရိယဇာတ်
From Wikipedia, the free encyclopedia
Remove ads
တေရသကနိပါတ် -၄၈၁-တက္ကာရိယဇာတ်
ပစ္စုပ္ပန်ဝတ္ထု
ချမ်းသာစွာနေရာ ဆိတ်ငြိမ်စွာ
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့သည် တစ်ခုသောဝါတွင်း၌ ဆိတ်ငြိမ်စွာနေလိုသည်ဖြစ်၍ မြတ်စွာဘုရားထံ ပန်ကြားပြီးလျှင် ကောသလတိုင်းသို့သွား၍ ကော့ကာလိကရဟန်း၏နေရာအရပ်သို့ ကပ်ပြီးလျှင်– “ငါ့ရှင် ကောကာလိက... သင့်ကိုမှီ၍ ငါတို့အားချမ်းသာစွာနေရခြင်းဖြစ်လိမ့်မည်၊ ငါတို့ကိုမှီ၍သင့်အားလည်း ချမ်းသာစွာနေရခြင်းဖြစ်လိမ့်မည်”ဟုပြောကုန်၏။
Remove ads
ချင်းချင်း ကျေးဇူးပြု နေထိုင်မှု
ထိုအခါ ကောကာလိကသည် “အရှင်ဘုရားတို့ အကျွန်ုပ်ကိုမှီ၍ အဘယ်သို့ချမ်းသာစွာနေရခြင်းဖြစ်လိမ့်မည်နည်း”ဟု မေး၏။ “ငါ့ရှင် ကောကာလိက... ဤအရပ်၌ ငါတို့နေသည့်အဖြစ်ကို တစ်စုံတစ်ယောက်သောသူအား မပြောကြားသည်ဖြစ်အံ့၊ ဤသည်ကား သင့်ကိုမှီ၍ ငါတို့အား ချမ်းသာစွာနေရခြင်းဖြစ်သည်”ဟု ပြော၏။ “အရှင်ဘုရားတို့... အရှင်ဘုရားတို့ကိုမှီ၍ အကျွန်ုပ်အား အဘယ်သို့ချမ်းသာစွာနေရခြင်းဖြစ်မည်နည်း”ဟု မေးပြန်၏။ “ငါ့ရှင် ကောကာလိက... ငါတို့သင့်အားဆုံးမလျက် ဝါတွင်းသုံးလပတ်လုံး တရားကိုသင်စေအံ့၊ ဤသည်ကား ငါတို့ကိုမှီ၍ သင့်အား ချမ်းသာစွာနေရခြင်းဖြစ်သည်”ဟု ပြော၏။ “အရှင်ဘုရားတို့... ချမ်းသာစွာနေကြကုန်လော့”ဟု လျောက်ပတ်သောကျောင်းကိုပေးလေ၏။ အဂ္ဂသာဝကတို့လည်း ဖလသမာပတ်ချမ်းသာဖြင့် နေကြကုန်၏။ အဂ္ဂသာဝကတို့ ထိုအရပ်၌နေသည့်အဖြစ်ကို တစ်စုံတစ်ယောက်သောသူမျှမသိလေ။
သာဝကနှစ်ပါး ပူဇော်ငြား
ဝါကျွတ်သောအခါ အဂ္ဂသာဝကနှစ်ပါးတို့သည် မြတ်စွာဘုရားထံအဖူးမြင်သွားကြရန် ကောကာလိကကို ပန်ကြားကုန်၏။ ကောကာလိကလည်း အဂ္ဂသာဝကနှစ်ပါးတို့ကိုပင့်ဆောင်ကာ အနီးဖြစ်သောရွာ၌ ဆွမ်းခံ၍ ဆွမ်းစားပြီးသော် ရွာမှထွက်ခဲ့ကုန်၏။ ကောကာလိကသည် မထေရ်တို့ကိုလွှတ်လိုက်၍ ရွာသို့တစ်ဖန်ပြန်ကာ “ဒါယကာတို့... သင်တို့ကား တိရစ္ဆာန်နှင့်တူကုန်၏၊ အဂ္ဂသာဝကနှစ်ပါးတို့ ဝါတွင်းသုံးလပတ်လုံး ဤကျောင်း၌နေသည်ကိုမသိကြကုန်၊ ယခုကြွတော်မူကုန်ပြီ”ဟု အပြစ်တင်ကာပြောဆိုလေ၏။ ဒါယကာတို့လည်း “အရှင်ဘုရားသည် အဘယ်ကြောင့်မပြောကြားသနည်း”ဟု... ပြောဆိုကုန်၍ များစွာသော ထောပတ်၊ ဆီ၊ ဆေး၊ အဝတ်သင်္ကန်းဘို့ကိုယူ၍ အဂ္ဂသာဝကနှစ်ပါးတို့ထံ လိုက်ကြလျက် “အရှင်ဘုရားတို့ သည်းခံတော်မူပါ၊ အရှင်ဘုရားတို့ သီတင်းသုံးသည့်အဖြစ်ကိုမသိပါကုန်၊ ယခုမှ အရှင်ကောကာလိက မိန့်တော်မူ၍သိရပါကုန်၏၊ သနားသောအားဖြင့် ဤထောပတ်၊ ဆီ၊ ဆေး၊ အဝတ်သင်္ကန်းတို့ကို အလှူခံတော်မူပါ”ဟု လျှောက်ထားကုန်၏။
Remove ads
လာဘ်ယူလိုမှု ရန်ငြိုးပြု
ကောကာလိကလည်း “မထေရ်တို့သည် အလိုနည်း၍ ရောင့်ရဲလွယ်ကုန်၏၊ လှူဘွယ်ဝတ္ထုတို့ကို ငါ့အား ပေးလိမ့်မည်”ဟု ကြံစည်ကာ ဒါယကာတို့နှင့်အတူ မထေရ်တို့ထံလိုက်၏။ မထေရ်တို့သည် အလှူမခံကုန်၊ ကောကာလိကအားလည်း မပေးကုန်။ မထေရ်တို့သည် ဤအရပ်သို့တစ်ဖန်ကြွလာရန် လျှောက်ထားကြသော်လည်း ဝန်မခံဘဲ မြတ်စွာဘုရားထံသွားကုန်၏။ ကောကာလိကသည် မိမိအား မပေးသည့်အတွက် မထေရ်တို့ကို ရန်ငြိုးဖွဲ့၏။
မထေရ်တို့သည် အတန်ကြာလျှင် ပရိသတ်နှင့်တကွ ဒေသစာရီလှည့်လည်ကြရာ ထိုကောကာလိကကျောင်းသို့ ရောက်ကြပြန်၏။ ဒါယကာတို့လည်း ဝါဆိုကျောင်းသို့ပင့်၍ များစွာသောဆေး၊ ပစ္စည်း၊ အဝတ်၊ သင်္ကန်းတို့ကိုလှူကုန်၏။ မထေရ်တို့နှင့်အတူပါသော ရဟန်းတို့သည် သင်္ကန်းဝေသည်ရှိသော် ကောကာလိကအား မပေးကုန်။
Remove ads
သာဝကတို့ပင် ဆဲရေးနှင်
ကောကာလိကသည် သင်္ကန်းမရလျှင် “သာရိပုတ္တရာမောဂ္ဂလာန်တို့သည် ယုတ်မာသောအလိုရှိကုန်၏၊ ပြည့်ခြင်းငှါမတတ်နိုင်ကုန်၊ သူတစ်ပါးတို့ကိုမကြည့်ကုန်”ဟု ဆဲရေးလေ၏။
မထေရ်တို့သိလျှင် “ကောကာလိကကား ငါတို့ကိုမှီ၍ အကုသိုလ်ပွားသည်”ဟု အခြံအရံနှင့်တကွ ကျောင်းမှထွက်ကြရာ နှစ်ရက်သုံးရက်မျှ သီတင်းသုံးရန် ဒါယကာတို့လျှောက်ကြသော်လည်း ပြန်ခြင်းငှါအလိုမရှိကုန်။ ထိုအခါ ရဟန်းငယ်တစ်ပါးသည် “ဒါယကာတို့... မထေရ်မြတ်တို့သည် အသို့နေကုန်အံ့နည်း၊ သင်တို့ဆရာ ကောကာလိကသည် မထေရ်တို့နေခြင်းကိုသည်းမခံနိုင်”ဟု ပြောလေ၏။
Remove ads
ဟောကာလိက နှင်ထုတ်ကြ
ထိုအခါ ဒါယကာတို့သည် ကောကာလိကထံသွား၍ “အရှင်ဘုရား... မထေရ်မြတ်တို့နေခြင်းကိုသည်းမခံနိုင်ဟု ကြားရသည်၊ ယခုသွား၍ကန်တော့ကာ မထေရ်တို့ကိုပြန်စေကုန်လော၊ ပြန်မလာလျှင် အရှင်ဘုရား ဤကျောင်းမှာမနေလင့်”ဟု နှင်ထုတ်ကုန်၏။ ကောကာလိကလည်း ဒါယကာတို့ကိုကြောက်သဖြင့် အမြန်လိုက်၍ ကန်တော့၏။ မထေရ်တို့သည် ပြန်မလာကုန်။ ထိုအခါ ဒါယကာတို့သည် “ဤရဟန်းယုတ် ကျောင်း၌ရှိလျှင် သီလရှိသော ရဟန်းကောင်းတို့လာကြတော့မည်မဟုတ်”ဟု တိုင်ပင်ညီညွတ်၍ ဧကာကာလိကကို နှင်ထုတ်ကုန်၏။ ကောကာလိကလည်း သပိတ်သင်္ကန်းကိုယူ၍ မြတ်စွာဘုရားထံသွားပြီးလျှင်– “အရှင်ဘုရား... သာရိပုတ္တရာမောဂ္ဂလာန်တို့သည် ယုတ်မာသောအလိုရှိကုန်၏၊ ယုတ်မာသောအလိုနိုင်ငံသို့လိုက်ကုန်၏”ဟု လျှောက်ထား၏။ “ကောကာလိက ဤသို့မဆိုလင့်၊ ကောကာလိက... ဤသို့မဆိုလင့်၊ သာရိပုတ္တရာမောဂ္ဂလာန်တို့၌ စိတ်ကိုကြည်ညိုစေလော့၊ သာရိပုတ္တရာမောဂ္ဂလာန်တို့သည် သီလကိုချစ်ကုန်၏”ဟု တားမြစ်တော်မူ၏။
Remove ads
အကူမှုစိတ်မိုက် ငရဲဆိုက်
ကောကာလိကသည် မြတ်စွာဘုရားတားမြစ်တော်မူသော်လည်း မနာယူချေ။ “အရှင်ဘုရားတို့သည် အဂ္ဂသာဝကတို့အားသာ ယုံကြည်တော်မူ၏၊ မျက်မှောက်တွေ့မြင်ခဲ့ရသော အကျွန်ုပ်ကို ယုံကြည်တော်မမူ”ဟု ဆိုပြီးလျှင် နေရာမှထ၍သွားလေ၏။ ထိုသို့သွားစဉ်လျှင် ကောကာလိက၏ကိုယ်၌ မုန်ညင်းစေ့မျှ အိုင်းအမာတို့ပေါက်ကုန်၏။ အစဉ်အတိုင်း ဥသျှစ်သီးလောက်... ဖူးဖူးရောင်ကာ သွေးပြည်တို့ဖြင့်ယိုစီးလျက် ဆင်းရဲဝေဒနာသို့ရောက်၍ ငြီးတွားကာ ဇေတဝန်ကျောင်းတော်တံခါးမုခ်၌ အိပ်၏။ ကောကာလိက၏ဥပဇ္ဈာယ်ဖြစ်ဘူးသော ကုရိသမည်သော သုဒ္ဓါဝါသအနာဂါမ်ဗြဟ္မာကြီးလာ၍ မထေရ်တို့ကိုကန်တော့ရန် တိုက်တွန်းသော်လည်းမရ၊ ကြိမ်းမောင်းကာ လွှတ်လိုက်၏။
ထို့နောက် ကောကာလိကရဟန်းလည်းသေ၍ ပဒုမငရဲ၌ ဖြစ်ရ၏။ ထိုအကြောင်းကို သဟမ္ပတိဗြဟ္မာကြီးလာ၍ မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားလည်း ရဟန်းတို့အား မိန့်ကြားတော်မူ၏။
ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကရဟန်းအကြောင်းစကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့... ကောကာလိကရဟန်းသည် ယခုအခါ၌သာ မိမိနှုတ်ကိုမှီ၍ ဆင်းရဲကိုခံရသည်မဟုတ်၊ ရှေးအခါ၌လည်း ခံရဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။
---
Remove ads
အတိတ်ဝတ္ထု
လင်ကြီးလင်ငယ် တူကြဘွယ်
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်းအား ပိင်္ဂလမည်သော မျက်လုံးကြောင်၍ အစွယ်ခေါခေါထွက်သော ပုရောဟိတ်ပုဏ္ဏားသည်ရှိလေ၏။ ထိုပုရောဟိတ်ပုဏ္ဏား၏ မယားပုဏ္ဏေးမသည် (သယောက်လင်-လင်ငယ်-လင်ချောင်။) သယောက်လင် ပုဏ္ဏားတစ်ယောက်နှင့် ကျူးလွန်သောအကျင့်ကိုကျင့်လေ့ရှိ၏။ ထိုပုဏ္ဏားလည်း မျက်လုံးကြောင်၍ အစွယ်ခေါခေါထွက်သဖြင့် လင်ကြီးဖြစ်သော ပုရောဟိတ်ပုဏ္ဏားနှင့်တူ၏။
လင်ငယ်သတ်ချင် ဥပါယ်ဆင်
ပုရောဟိတ်ပုဏ္ဏားသည် ပုဏ္ဏေးမကို အဖန်ဖန်တားမြစ်သော်လည်း မရသဖြင့် ကြံစည်၏။ ရန်သူကို လက်ဖြင့်သတ်ခြင်းငှါမတတ်ကောင်း၊ ဥပါယ်တမျဉ်ဖြင့်သတ်မည်ဟု ကြံစည်ပြီးလျှင် မင်းကြီးထံသို့ကပ်၍ “မြတ်သောမင်းကြီး ဤမြို့တော်သည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မြတ်သောမြို့တော်တည်း၊ မင်းကြီးလည်း မြတ်သောမင်းတည်း၊ သို့ပါလျက် မြို့တော်တောင်တံခါးသည် မခကောင်းသဖြင့်တည်ထား၏၊ မင်္ဂလာမရှိ”ဟု လျှောက်၏။ “ဆရာ... အဘယ်သို့ပြုရအံ့နည်း”ဟုမေး၏။ “မြတ်သောမင်းကြီး... တံခါးဟောင်းကိုပယ်ကာ မင်္ဂလာသစ်ကိုယူ၍ မြို့စောင့်နတ်တို့အား ဗလိနတ်စာပေးပြီးလျှင် မင်္ဂလာနက္ခတ်နှင့်ယှဉ်၍ ကောင်းအောင်တည်ထားသင့်သည်”ဟုလျှောက်၏။ “ဆရာ ကောင်းပြီ ဆရာလျှောက်သောအတိုင်း ပြုပါ”ဟု ခွင့်ပြုအမိန့်ပေးလေ၏။ ထိုအခါ ဘုရားလောင်းသည်တက္ကာရိယလုလင်ဖြစ်လျက် ထိုပိင်္ဂလပုရာဟိဘ်ထံ၌အဘတ်ပညာသင်ကြားလျက်နေ၏။]
Remove ads
ပရိယာယ်ဉာဏ်ဆင် မင်းလျှောက်တင်
ပုရောဟိတ်သည် တံခါးဟောင်းကိုပယ်၍ တံခါးသစ်ကိုတည်စေပြီးလျှင် မင်းကြီးထံကပ်၍ “မြတ်သောမင်းကြီး... တံခါးသစ်ပြီးပြီ၊ နက်ဖြန်နက္ခတ်ကောင်း၏၊ မလွန်စေဘဲ ဗလိနတ်စာပြု၍ တံခါးကိုတည်သင့်၏”ဟု လျှောက်၏။ “ဆရာ ဗလိနတ်စာပြုရန်... ဘယ်အရာကို အလိုရှိသနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး... တံခါးစောင့်သည်တန်ခိုးကြီး၏၊ တန်ခိုးကြီးသောနတ်တို့စောင့်၏၊ သို့အတွက် မျက်စိကြောင်၍ အစွယ်ခေါခေါထွက်သော မိဘနှစ်ပါးမှစင်ကြယ်သော ပုဏ္ဏားတစ်ယောက်ကိုအလိုရှိသည်၊ ၎င်းကိုသတ်၍ အသားအသွေးဖြင့် ဗလိနတ်စာပြုပြီးလျှင် ကိုယ်ကိုကား အောက်တွင်းတွင်ထည့်၍ တံခါးတိုင်စိုက်ရမည်၊ ထိုသို့တည်ထားသည်ရှိသော် အရှင်မင်းကြီးနှင့် မြို့တော်၏အစီးအပွားဖြစ်လိမ့်မည်”ဟု လျှောက်၏။ “ဆရာ ကောင်းပြီ၊ ဆရာအလိုရှိတိုင်း ပြုလော”ဟု အမိန့်ပေးလေ၏။
အကြံရှိသလောက် နှုတ်မစောင့်
ပုရောဟိတ်လည်း မင်းကြီးထံမှ အမိန့်ရလျှင် အလွန်နှစ်သက်ဝမ်းသာသောစိတ်ရှိသည်ဖြစ်၍ အိမ်သို့ရောက်လျှင် နှုတ်ကိုစောင့်ခြင်းငှါမတတ်နိုင်သည်ဖြစ်၍ အဆောတလျင် မယားအား “ဟယ်-အယုတ်မ... ဤနေ့မှစ၍ သင်သည် ဘယ်သူနှင့်မွေ့လျော်မည်နည်း၊ နက်ဖြန်နှင့်လင်ကိုသတ်၍ ဗလိနတ်စာပြုမည်”ဟု ပြော၏။ “အရှင်... အပြစ်မရှိသူကို အဘယ်ကြောင့်သတ်ရအံ့နည်း”ဟု မေး၏။ “ငါတို့မင်းကြီးသည် မျက်စိကြောင်၍ သွားခေါခေါထွက်သော ပုဏ္ဏား၏အသားအသွေးဖြင့် ဗလိနတ်စာပြု၍ မြို့တော်တံခါးကိုတည်ဆောက်လောဟု အမိန့်ပေးသည်၊ နင့်လင်ငယ်လည်း မျက်စိကြောင်၍ သွားခေါခေါထွက်သည်၊ သူ့ကိုသတ်၍ ငါဗလိနတ်စာပြုမည်”ဟု ပြောလေ၏။
လင်ငယ်ပြောပြ ထွက်ပြေးကြ
ပုဏ္ဏေးမလည်း လင်ငယ်ထံ လူလွှတ်၍ “မင်းကြီးသည် မျက်စိကြောင်၍ အစွယ်ခေါခေါထွက်သော ပုဏ္ဏားကိုသတ်၍ ဗလိနတ်စာပြုလိမ့်မည်၊ အသက်ရှင်လိုလျှင် သင်နှင့်တူသော တစ်ပါးသောပုဏ္ဏားတို့ကိုခေါ်၍ အခါရှိတုန်းပြေးပါ”ဟု စေလွှတ်လိုက်၏။ ပုဏ္ဏေးမလင်ငယ်မှစ၍ မျက်စိကြောင်၍ အစွယ်ခေါခေါထွက်သော ပုဏ္ဏားတို့သည် စကားအဆင့်ဆင့်ကြား၍ ကြောက်ရွံ့ရကား အရပ်တစ်ပါးသို့ အမြန်ပြေးကြကုန်၏။ ပုရောဟိတ်မှတစ်ပါး မျက်စိကြောင်၍ အစွယ်ခေါခေါထွက်သော ပုဏ္ဏားမည်သည်မရှိလေ။
ပုရောဟိတ်လည်း နံနက်စောစောကလျှင် မင်းကြီးထံသွား၍ “မည်သည့်အရပ်တွင် မျက်စိကြောင်၍ အစွယ်ခေါခေါထွက်သော ပုဏ္ဏားရှိသည် ဖမ်းရန်စေလွှတ်တော်မူပါလော့”ဟု လျှောက်ထားလေ၏။ မင်းကြီးလည်းအမတ်တို့ကိုစေလွှတ်တော်မူ၏။ အမတ်တို့လည်း မတွေ့၍ ထွက်ပြေးကြောင်း လျှောက်ထားကုန်၏။ တစ်ပါးသောအရပ်၌ စုံစမ်းစေပြန်၏။ မရှိကုန်။ တဖြည်းဖြည်းစုံစမ်းလတ်သော် ပုရောဟိတ်မှတစ်ပါး ထိုကဲ့သို့သောပုဏ္ဏားကိုမမြင်ကုန်ဟု လျှောက်ထားကုန်၏။
သူတပါးကြံစည် မိမိထံလည်
မင်းကြီးလည်း ပုရောဟိတ်ကိုမသတ်ကောင်းဟု မိန့်တော်မူ၏။ အမတ်တို့လည်း “မြတ်သောမင်းကြီး... ပုရောဟိတ်၏အကြောင်းကြောင့် တံခါးတော်ကိုမတည်ဆောက်ရသည်ဖြစ်အံ့၊ မြို့တော်သည် မလုံခြုံလတံ့၊ ပုရောဟိတ်ကလည်း ယနေ့နက္ခတ်ကောင်း၏၊ လွန်သော် တစ်နှစ်လည်မှ ရလတံ့၊ တစ်နှစ်လုံးတံခါးမရှိခဲ့သော် ရန်သူတို့အခွင့်ရကြလတံ့၊ ထို့ကြောင့် ပုရောဟိတ်ကိုသတ်၍ တစ်ပါးသော လိမ်မာသောပုဏ္ဏားကိုဗလိနတ်စာပြုစေအံ့”ဟုလျှောက်၏။
“အမတ်တို့... လိမ်မာသောတစ်ပါးသောပုဏ္ဏားရှိပါ၏လော”ဟုမေး၏။ “အရှင်မင်းကြီး... ပုရောဟိတ်၏တပည့် တက္ကာရိယလုလင်ရှိပါ၏၊ ထိုလုလင်အား ပုရောဟိတ်ရာထူးကိုပေး၍ မင်္ဂလာပြုစေပါလော”ဟု လျှောက်ထားကြကုန်၏။ မင်းကြီးသည် တက္ကာရိယလုလင်ကိုခေါ်၍ အမတ်တို့လျှောက်ထားသောအတိုင်း ပုရောဟိတ်ရာထူးကိုပေး၍ တံခါးတိုင်တည်ရန်နှင့် မင်္ဂလာပြုရန် အပ်နှင်းတော်မူ၏။
မိမိနှုတ်မစောင့် သေဘေးရောက်
တက္ကာရိယလုလင်လည်း အခြံအရံဖြင့် မြို့တံခါးသို့သွား၏။ ပုရောဟိတ်ဟောင်းကိုလည်း မင်းအာဏာဖြင့် နှောင်ဖွဲ့ကာ ယူဆောင်ခဲ့ကြကုန်၏။ တက္ကာရိယလုလင်လည်း တံခါးတိုင်တည်ရန် တွင်းကိုတူးစေ၍ တင်းတိမ်ကာရံစေပြီးလျှင် အစောင့်အရှောက်ထားကာ ဆရာနှင့်တကွ တင်းတိမ်အတွင်း၌နေ၏။ ပုရောဟိတ်သည်–
“အို-တက္ကာရိယလုလင်... တော၌ဘားသည် မြွေကိုခေါ်သကဲ့သို့ ငါသည်ပင်မိုက်၍ နှုတ်မစောင့်ဘဲ မယားယုတ်ကို ပြောဆိုမိ၏၊ ငါသည်ပင်လျှင် တွင်း၌ကျရ၏၊ ကြားရဘူးသည်ကား ပြောဆိုသင့်သောအရာကိုလွန်၍ ပြောဆိုသောသူသည် မကောင်းသည်သာတည်း”—
ဟုတပည့်အား မိမိ၏မိုက်ပြစ်ကို ပြောကြားလေ၏။
မကောင်းကြံသမျှ မိမိထံကျ
ထိုအခါ တက္ကာရိယလုလင်သည် ဆရာနှုတ်မစောင့်သောအဖြစ်ကို အပြစ်တင်လိုသဖြင့်–
“ဆရာ... အခါကိုလွန်၍ ပြောဆိုမိသောသူသည် နှောင်ဖွဲ့ခံရ၏၊ အသတ်ခံရ၏၊ စိုးရိမ်ပူဆွေးရ၏၊ ငိုကြွေးမြည်တမ်းရ၏၊ ဤအရာ၌မိမိကိုယ်ကိုသာကဲ့ရဲ့လော့၊ နှုတ်မစောင့်သည့်အတွက် ဆရာကိုပင် တွင်း၌မြှပ်သတ်ရလတံ့”—
ဟု အပြစ်တင်၍ ဆရာအား ကဲ့ရဲ့လေ၏။ ထို့နောက် တက္ကာရိယလုလင်သည် “ဆရာ... နှုတ်မစောင့်သောကြောင့် သင်တစ်ယောက်သာ ဆင်းရဲရသည်မဟုတ်သေး၊ ဆရာမှတစ်ပါးသောသူတို့လည်း ဆင်းရဲဘူးသည်သာတည်း”ဟု အောက်ပါအတိတ်အကြောင်းတို့ကိုပြောကြားလေ၏။
သူဌေးသားဝတ္ထု
သေကြူးလူယုတ် ဆွဲငင်ထုတ်
ဆရာ... ကြားရဘူးသည်ကား-ရှေးအခါ ဗာရာဏသီပြည်ဝယ် ကာဝီမည်သော ပြည့်တန်ဆာမတစ်ယောက်သည် ရှိလေ၏။ မောင်ကား တုဏ္ဍိလမည်၏။ ကာဋီကား တစ်နေ့အတွက် ဥစ္စာတစ်ထောင်ကိုယူ၏။ တုဏ္ဍိလကား မိန်းမကြူး၏၊ သေသောက်ကြူး၏၊ ကြွေအန်ကြူး၏။ ကာဦသည် တုက္ကိုလအား အမြဲဥစ္စာပေး၏။ တုဏ္ဍိလကား ရတိုင်းရတိုင်းသောဥစ္စာကို ဖျက်ဆီး၏၊ တားမြစ်ခြင်းငှါမတတ်နိုင်။
တစ်နေ့သ၌ တုဏ္ဍိလသည် ကြွေအန်လောင်းရာရှုံးသဖြင့် ပုဆိုးကိုပေါင်နှံ၍ အပိုင်းအပိုင်းပြတ်သောပုဆိုးကိုဝတ်လျက် နှမအိမ်သို့လာ၏။ ကာဦလည်း တစ်စုံတစ်ခုမမေးမူ၍ ကျွန်မတို့ကို လည်ပင်း၌ကိုင်ကာ နှင်ထုတ်စေ၏။ ကျွန်မတို့လည်း နှင်ထုတ်ကြကုန်၏။ တုဏ္ဍိလလည်း တံခါးရင်း၌ ငိုကြွေးလျက်နေ၏။
ကာမပျော်ရေး တစ်ထောင်ပေး
ထိုအခါ သူဌေးသားတစ်ယောက်သည် ဥစ္စာတစ်ထောင်ဖြင့် ကာဠီထံလာရာ တုဏ္ဍိလကိုမြင်၍ မေးရာ အကြောင်းကိုသိရလျှင် ကာဠီထံသွားကာ “နှမ... ပုဆိုးပြတ်ဝတ်နေသေခ မောင်တုဏ္ဍိလကို အဘယ်ကြောင့်ပုဆိုးမပေးသနည်း”ဟုမေး၏။ “အရှင်... အကျွန်ုပ်မပေးနိုင်၊ သင်ချစ်လျှင် သင်သာပေးပါလော့”ဟု ဆို၏။ ဆောင်ယူခဲ့သောဥစ္စာတစ်ထောင်မှ ငါးရာကား ပြည့်တန်ဆာမအတွက်၊ ငါးရာကား အဝတ်ပန်းနံ့သာတို့အတွက်ဖြစ်၏။ လာတိုင်းလာတိုင်းသောသူတို့သည် ညအဖို့၌ ပြည့်တန်ဆာမထံမှ အဝတ်ကိုဝတ်၍ နံနက်အခါ ထိုအဝတ်ကိုထားခဲ့၍ အိမ်မှပါလာသောအဝတ်ကိုဝတ်ရမြဲဖြစ်၏။
[ဤသည်ကား ပြည့်တန်ဆာမတို့အိမ်၌ အလေ့အကျင့်တည်း။]
နှုတ်မစောင့်မေးမှု အချည်းနှီးပြု
သူဌေးသားသည် ကာဠီထံမှ အဝတ်ကိုဝတ်ပြီးလျှင် မိမိပါရင်းအဝတ်ကိုတုဏ္ဍိလအားပေး၏။ တုဏ္ဍိလလည်း အဝတ်ကိုရလျှင် ဝတ်၍ ကြုံးဝါးဟစ်အော်ကာ သေတင်းကုပ်သို့သွားပြန်၏။ ကာဠီလည်း ကျွန်မတို့အား နံနက်အိမ်သို့ပြန်သောအခါ သူဌေးသားထံမှ ငါတို့အိမ်က အဝတ်ကိုချွတ်၍ယူထားကြကုန်ဟု မှာထား၏။ သူဌေးသားလည်း နံနက်လင်းသောအခါ အိမ်သို့ပြန်လျှင် ကျွန်မတို့သည် အတင်းချွတ်၍ လုယက်ထားကြသဖြင့် အချည်းနှီးကိုယ်ချည်းသာထွက်ခဲ့ရ၏။ လူအများမြင်လျှင် ပြက်ရယ်ပြုကြကုန်၏။ သူဌေးသားလည်း အလွန်ရှက်နိုးသည်ဖြစ်၍ “ငါသည်ပင်လျှင် ဤအမှုကိုပြုမိခဲ့၏၊ ငါသည်ပင်နှုတ်မစောင့်ဘဲ မေးမြန်းမိသည်အတွက် ဆင်းရဲရှာသည်”ဟု ပြောဆိုကာ ငိုကြွေးလေ၏။
နွားမြီးဆွဲငှက်ဝတ္ထု
နှုတ်မစောင့်လေ အသက်သေ
“ဆရာ... ဤတွင်မကသေး ကြားရဘူးသည်ကား ရှေးအခါ ဗာရာဏသီပြည်ဝယ် ဆိတ်ကျောင်းသားတို့ မေ့လျော့ကုန်စဉ် ကျက်စားရာအရပ်၌ ဆိတ်နှစ်ကောင်တို့သည် ခတ်ကြကုန်၏။ ထိုအခါ နွားမြီးဆွဲငှက်တစ်ကောင်သည် ဆိတ်တွေဦးခေါင်းကွဲ၍ သေရကုန်လတံ့ဟု အစိုးရိမ်ကြီးကာ “ငါတားမြစ်မည်”ဟုကြံစည်၍ ဆိတ်တို့ထံသွားကာ “ဦးရီးတို့... မခတ်ကြကုန်လင့်”ဟု တားမြစ်လေ၏။ ဆိတ်သည် နားမထောင်ဘဲ ခတ်မြဲခတ်ကြကုန်၏။ နွားမြီးဆွဲငှက်သည် ဆိတ်တို့၏ဦးခေါင်းပေါ် ကျောကုန်းပေါ်မှနေ၍ တောင်းပန်ပါသော်လည်း မရသဖြင့် “ငါ့ကိုသတ်၍ ခတ်ကြကုန်လော့”ဟု ဆို၍ ဆိတ်နှစ်ကောင် ဦးခေါင်းကြားသို့ဝင်၏။ ဆိတ်တို့အချင်းချင်း ခတ်ကြသောအခါ ထိုနွားမြီးဆွဲငှက်သည် ကျောက်ပြင်၌ ကြိတ်သကဲ့သို့ မုန့်မုန့်ညက်ညက်ကြေ၍ သေရလေ၏။ ဤနွားမြီးဆွဲငှက်သေရခြင်းလည်း မိမိပြုသောအမှုဖြင့် မိမိကိုယ်တိုင်သေရခြင်းဖြစ်သည်။
နွားကျောင်းသားလေးယောက်ဝတ္ထု
ကိုယ့်မှုကိုယ်ရှာ သေဆုံးရာ
“ဆရာ... ဤတွင်မကသေး ကြားရဘူးသည်ကား-ရှေးအခါ ဗာရာဏသီပြည်ဝယ် နွားကျောင်းသားတို့သည် အသီးရှိသော ထန်းပင်၌ တစ်ယောက်ကိုအတက်ခိုင်းကုန်၏။ ထန်းတက်သောသူလည်း ထန်းသီးတို့ကိုချပြီးသောအခါ ထန်းပင်မှမဆင်းသေးမီ တောင်ပို့ပေါက်မှထွက်လာသော မြွေဟောက်တစ်ကောင်သည် ထိုထန်းပင်သို့တက်လေ၏။ ထန်းပင်အောက်၌နေသောသူတို့သည် တုတ်လှံတန်တို့ဖြင့် ပုတ်ခတ်တားမြစ်သော်လည်း မတတ်နိုင်ကုန်။ ထိုအခါမြွေ ထန်းပင်ပေါ် တက်သွားသည်ဟု အလန့်တကြားဟစ်အော်၍ ပြောကြကုန်၏။ ထန်းပင်ပေါ်ကသူလည်းကြောက်လန့်လျက် ပြင်းစွာအော်၏။
ထိုအခါ အောက်၌နေသောသူတို့သည် အကြံရကာ ခိုင်ခံ့သောအဝတ်တစ်ထည်ကိုယူ၍ ထောင့်လေးထောင့်မှ လေးယောက် မြဲမြဲဆွဲကိုင်လျက် အဝတ်ပေါ်သို့ခုန်ချလော့ဟု ပြောကုန်၏။ ထန်းတက်သောသူသည် ခုန်ချလတ်သော် အဝတ်၏အလယ်တည့်တည့်၌ ကျလေ၏။ အဝတ်လေးထောင့်မှ ဆွဲကိုင်သူတို့သည် ကျလာသောအဟုန်ကိုမတားမြစ်နိုင်သဖြင့် အချင်းချင်းခေါင်းချင်းရိုက်ကာ ဦးခေါင်းကွဲ၍ သေကြရကုန်၏။ ဤသို့သေကြရခြင်းလည်း ကိုယ့်အမှုကိုယ်ပင်ပြုကြခြင်းပင်ဖြစ်သည်။
မြူးထူးမိသောဆိတ်ဝတ္ထု
မိမိကြမ္မာ တွေ့ကြုံရာ
“ဆရာ... ဤတွင်မကသေး ကြားရဘူးသည်ကား-ရှေးအခါ ဗာရာဏသီပြည်ဝယ် ဆိတ်သူခိုးတို့သည် နေ့အခါဆိတ်ကိုသတ်၍စားမည်ဟုကြံစည်ကာ ညအခါ မမြည်နိုင်အောင် နှုတ်သီးကိုစည်းလျက် ခိုးယူပြီးလျှင် ဝါးခြုံတစ်ခု၌ ချည်ထားကုန်၏။ မိုးသောက်အခါ သတ်၍စားမည်ဟု သွားကြရာ လက်နက်ကိုယူရန်မေ့ကြကုန်၏။
ဆိတ်ကိုသတ်မည်ဟု လက်နက်ကိုမေးသောအခါ တစ်ယောက်သောသူမျှ မပါခဲ့၍ လက်နက်မပါဘဲအသားကိုမစားနိုင်ဟု ပြောဆိုကာ “ဆိတ်ကား ကုသိုလ်ကောင်းသည် လွှတ်ကြအံ့”ဟု တိုင်ပင်၍ ဆိတ်ကိုလွှတ်လိုက်ကုန်၏။ ထိုအခါ ကျူထရံသည် တစ်ယောက်သည် တောသို့အမြဲလာသဖြင့် လက်နက်ကို ဝါးရုံပင်ကြား၌ထားခဲ့၏။ ဆိတ်လည်းလွှတ်လိုက်လျှင် အလွန်ဝမ်းမြောက်သည်ဖြစ်၍ ဝါးရုံပင်ရင်း၌ ခုန်ပေါက်မြူးထူးကစားလတ်သော် နောက်ခြေတို့နှင့်ကန်မိသဖြင့် လက်နက်သည် ဝါးရုံကြားမှထွက်ကျလေ၏။ သူခိုးတို့သည် လက်နက်ကိုမြင်လျှင် ဝမ်းမြောက်ဝမ်းသာ လက်နက်ကိုယူကာ ဆိတ်ကိုတစ်ဖန်ဖမ်းပြီးလျှင် သတ်၍စားကြကုန်၏။ ဤသို့သေရခြင်းလည်း ဆိတ်အမှုကိုဆိတ်ပင်ပြုလုပ်ခြင်းဖြစ်သည်။
ကိန္နရီဝတ္ထု
ကိန္နရာဖမ်းလျက် မင်းကိုဆက်
“ဆရာ... ဤတွင်မကသေး၊ ကြားဘူးသည်ကား ရှေးအခါ ဗာရာဏသီပြည်ဝယ် မူဆိုးတစ်ယောက်သည် ဟိမဝန္တာသို့သွား၍ ဥပါယ်တမျဉ်ဖြင့် လင်မယားဖြစ်သော ကိန္နရာဖိုမတို့ကို ဖမ်းပြီးလျှင် မင်းကြီးအား ဆက်သလေ၏။ မင်းကြီးလည်း မမြင်ဘူးသော ကိန္နရာတို့ကိုမြင်ရလျှင် အလွန်နှစ်သက်သည်ဖြစ်၍ “အမောင်... ဤကိန္နရာတို့ဂုဏ်ကျေးဇူးကား အဘယ်နည်း”ဟု မေး၏။ “မြတ်သောမင်းကြီး... ဤကိန္နရာတို့သည် သာယာစွာသီဆိုတတ်ကုန်၏၊ နှစ်သက်ဘွယ်ကတတ်ကုန်၏”ဟု လျှောက်ထား၏။ မင်းကြီးလည်း မူဆိုးအား ဆုလာဘ်များစွာပေး၍ လွှတ်လိုက်၏။
မင်းစေခိုင်းမှု ငြင်းဆန်ပြု
မင်းကြီးသည် ကိန္နရာတို့ကို သီဆိုကြကုန်လော့၊ ကကြကုန်လော့ဟု စေခိုင်းလေ၏။ ထိုအခါ ကိန္နရာတို့သည် “ငါတို့သီဆိုကကုန်လတ်သော် အကယ်၍ သဒ္ဒါနှင့်မပြည့်စုံသည်ဖြစ်အံ့၊ သီဆိုပုံမကောင်းဟု ကဲ့ရဲ့ပြစ်တင်ကုန်လတံ့၊ သတ်သော်လည်း သတ်ကုန်လတံ့၊ စကားများစွာဆိုသူအား မုသာဝါဒဖြစ်၏”ဟု မုသာဝါဒမှကြောက်လန့်ကုန်၍ မင်းကြီးအဖန်ဖန်စေခိုင်းသော်လည်း မသီဆိုကြကုန်၊ မကကြကုန်။
ထိုအခါ မင်းကြီးသည် အမျက်ထွက်၍ “ဤကိန္နရာတို့ကား နတ်လည်းမဟုတ်ကုန်၊ တိရစ္ဆာန်မျိုးတို့သာတည်း၊ မူဆိုးကား အကျိုးကိုလို၍ ငါ့ထံဆက်သလာသည်၊ တစ်ကောင်ကိုသတ်၍ ယနေ့ညစာဟင်းချက်ကြကုန်၊ တစ်ကောင်ကိုသတ်၍ နက်ဖြန်နံနက်စာဟင်းချက်ကြကုန်”ဟုအမိန့်ပေးလေ၏။
မင်းကြီးစကားကိုကြားလျှင် ကိန္နရာမ ဆိတ်ဆိတ်နေမှုသည် “မင်းကြီးသည် အမျက်ထွက်ပြီ၊ မချွတ်လျှင် ငါတို့ကိုသတ်လတံ့၊ ယခုအခါ စကားပြောရမည့်အခါတည်း”ဟုကြံစည်လျက်–
“မြတ်သောမင်းကြီး မကောင်းသဖြင့်အပ်သော စကားတစ်သိန်းတို့သည် ကောင်းစွာဆိုအပ်သော စကားတစ်လုံး၏... ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှမမှီနိုင်ကုန်၊ မကောင်းသောစကားကိုဆိုသည်ရှိသော် ညစ်ညူး၏၊ ထို့ကြောင့် ကိန္နရာတို့သည် ဆိတ်ဆိတ်နေမိပါကုန်၏၊ မိုက်၍ ဆိတ်ဆိတ်နေသည်မဟုတ်ပါကုန်”—
ဟု သာယာချေငံစွာ လျှောက်တင်လေ၏။ ထိုအခါ မင်းကြီးသည် ကိန္နရာမကိုနှစ်သက်သည်ဖြစ်၍–
“အချင်းတို့... ကိန္နရာမသည် ငါ့အားစကားပြောဆိုဘိ၏၊ ထိုကိန္နရာမကိုလွှတ်ကြကုန်၊ ဟိမဝန္တာတောင်သို့ပို့ကြကုန်၊ ကိန္နရာဖိုကိုကား စဖိုသည်အားပေး၍ နံနက်စာချက်စေကုန်”—
ဟု အမိန့်ပေးလေ၏။
ကိန္နရာဖိုကား မင်းလျှောက်ထား
မင်းကြီး၏စကားကိုကြားလျှင် ကိန္နရာဖိုသည် “စကားမပြောလျှင် ငါ့ကိုသတ်လတံ့၊ မင်းကြီးသည် အမျက်ထွက်၏၊ မချွတ်လျှင် ငါ့ကိုသတ်လတံ့၊ ယခုအခါ ငါစကားပြောမည်”ဟု ကြံစည်လျက်-
“မြတ်သောမင်းကြီး... အခြေလေးချောင်းရှိသော သားတို့သည် မိုးလျှင် ကိုးကွယ်ရာရှိကုန်၏၊ လူသတ္တဝါတို့သည် ကျွဲနွားစသော သားတို့လျှင် မှီခိုရာရှိကုန်၏၊ သင်မင်းကြီးသည်အကျွန်ုပ်၏ကိုးကွယ်ရာဖြစ်တော်မူပါ၊ အကျွန်ုပ်သည် ကိန္နရီမ၏ ကိုးကွယ်ရာဖြစ်ပါ၏၊ နှစ်ယောက်သောအကျွန်ုပ်တို့တွင်တစ်ယောက်ယောက်သေသည်ကိုသိ၍ သေခြင်းမှလွတ်သောသူသည် ဟိမဝန္တာတောင်သို့သွားရာ၏”ဟု လျှောက်ထားပြီးလျှင်—
အလိုမကျ ကဲ့ရဲ့ကြ
“မြတ်သောမင်းကြီး စကားမပြောလိုသောကြောင့် ဆိတ်ဆိတ်နေသည်မဟုတ်ပါ၊ စင်စစ်ကား စကားများခြင်း၌ အပြစ်ကိုမြင်၍ ဆိတ်ဆိတ်နေပါသည်”ဟုလျှောက်ထားပြန်၍—
“မြတ်သောမင်းကြီး... စင်စစ်ကဲ့ရဲ့ခြင်းကို အလွယ်နှင့်လွတ်ကင်းအောင် မရှောင်ကြဉ်နိုင်ပါ၊ အထူးထူးသောအလိုဆန္ဒရှိသောသူတို့ မှီဝဲအပ်သောသူတို့တွင် သီလစသောဂုဏ်ကျေးဇူးကြောင့် တစ်ယောက်ကား အချီးမွမ်းခံရ၏၊ တစ်ယောက်ကား အကဲ့ရဲ့ခံရ၏၊ အလုံးစုံသောသူတို့သည် လွန်ကဲသောစိတ်ရှိကုန်၏၊ စိတ်အလိုသည် ဆန်းကြယ်စွာဖြစ်လတ်သော် အလုံးစုံသောသူတို့သည် အသီးအသီးစိတ်ရှိကုန်၏၊ လောက၌အဘယ်သူအား စိတ်အလိုရှိတိုင်းဖြစ်နိုင်မည်နည်း”ဟုလျှောက်ထားပြန်၏။
မင်းကြီးသဘောကျ ဘေးလွှတ်ရ
ထိုအခါ မင်းကြီးသည် “ကိန္နရာဖိုကား မှန်သောစကားကိုဆိုပေ၏၊ အလွန်ပညာရှိပေ၏”ဟုဝမ်းမြောက်ဝမ်းသာ-
“အချင်းတို့... ကိန္နရာဖိုကား စကားမပြောလို၍ ဆိတ်ဆိတ်နေခဲ့ပြီ၊ ယခုအခါ သေဘေးမှကြောက်သဖြင့် စကားပြောဆိုခဲ့၏၊ ယခုအခါချမ်းသာစွာ အနာရောဂါကင်းလျက် သေဘေးမှလွတ်ခဲ့၏၊ သို့အတွက်လူတို့အား သင့်သောအခါ၌ မှန်ကန်စွာဆိုသောစကားသာလျှင် အကျိုးစီးပွားကိုဆောင်ပေ၏”—
ဟုချီးကျူးပြောဆိုပြီးလျှင် ကိန္နရာဖို ကိန္နရာမတို့အား အသက်ဘေးမှချမ်းသာပေးပြီးလျှင် မူဆိုးကိုခေါ်စေ၍ မူဆိုးကိုဖမ်းယူခဲ့ရာအရပ်၌လွှတ်ချေဟု စေခိုင်းလေ၏။
နှုတ်မလုံခြုံ ကျိုးပျက်ပုံ
ထို့နောက် တက္ကာရိယလုလင်သည် “ဆရာ... နှုတ်စောင့်အပ်သည်၊ ဆိုခွင့်ရောက်သောအခါ ဆိုအပ်သည်”ဟု ထုံးသက်သေတို့ကိုညွှန်ပြပြီးလျှင်– “ဆရာမကြောက်လင့်၊ ဆရာအား အသက်ကိုပေးမည်”ဟု ပြောဆိုကာ သက်သာရာကိုရစေ၍ ယနေ့နက္ခတ်နှင့်မယှဉ်သေးဆို၍ ထိုနေ့ကိုလွန်စေပြီးလျှင် ညသန်းခေါင်ယံဝယ် ဆိတ်တစ်ကောင်ကိုယူစေ၍ “ဆရာ... အမှတ်မရှိသောအရပ်သို့သွား၍ အသက်မွေးချေလော့”ဟု မှာထားပြီးလျှင် တစ်စုံတစ်ယောက်သောသူကိုမသိစေဘဲလွှတ်လိုက်၏။ ဆိတ်သားဖြင့် ဗလိနတ်စာပြုကာ တံခါးတိုင်ကိုတည်လေ၏။
---
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်—
ရဟန်းတို့...
- ထိုအခါနှုတ်မစောင့်သော ပုရောဟိတ်သည်-ယခုအခါ ကောကာလိက။
- တက္ကာရိယလုလင်သည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
---
(၁) စကားစကား၊ ပြောပါများ၊ အမှားပါတတ်သည်။
(၂) ချိန်ခါမတန်၊ ပြောမိပြန်၊ ဧကန်ဘေးရောက်သည်။
(၃) အချိန်ရောက်မှ၊ ပြောဆိုက၊ ဘေးမှလွတ်ကင်းသည်။
(၄) ကျိုးမပြီးခင်၊ နှုတ်စောင့်လျှင်၊ အောင်မြင်ပြီးစီးမည်။
(၅) ကိုယ်၊ နှုတ်၊ နှလုံး၊ သုံးပါးလုံး၊ စောင့်သုံးသင့်လှသည်။
တက္ကာရိယဇာတ် ပြီး၏။
ဆောင်ပုဒ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads